ရခိုင်ပြည်နယ်က ပြင်ပကျောင်းဆရာတွေ တရားဝင်ဖြစ်ဖို့ သင်တန်းပို့ချပေး

စစ်တွေ၊ ဒီဇင်ဘာ ၂၇-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိပညာသင်ကြားပေးနေကြတဲ့ ပြင်ပကျောင်းဆရာ/မတွေအနေနဲ့ ဆရာအဖြစ်သင်တန်းတွေ တက်ရောက်ခွင့်မရရှိကြသလို တရားဝင်စာသင်ကြားခွင့် မှတ်ပုံတင်တွေလည်း မရှိတဲ့အတွက် စာသင်ကြားရာမှာ အခက်အခဲတွေရှိနေကြတာဖြစ်ပါတယ်။

အခုလိုမျိုး အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့နဲ့ တရားဝင်ဖွင့်လှစ်ထားတဲ့ ကိုယ်ပိုင်ကျောင်းတွေမှာ အရည်အသွေးပြည့်မှီတဲ့ဆရာတွေ တိုးမြှင့်ခန့်အပ်ထားနိုင်ရေးတို့အတွက် ရခိုင်ပြည်နယ်အတွင်းက ဆရာ/မ ၂၀၀ ကျော်ကို စစ်တွေမြို့မှာ ဆရာအဖြစ် ရက်တိုသင်တန်းတစ်ခုကို ရခိုင်ပြည်နယ် ကိုယ်ပိုင်ကျောင်းများအသင်းက ဦးဆောင်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်က ပါမောက္ခအငြိမ်းစားတွေကို ဖိတ်ခေါ်ကာ သင်ကြားပို့ချပေးနေတာဖြစ်ပါတယ်။

အဲ့ဒီသင်တန်းကနေ တက်ရောက်လာခဲ့ကြတဲ့ ဆရာ/မတွေကို သင်တန်းဆင်းလက်မှတ်တွေထုတ်ပေးသွားမှာ ဖြစ်ပြီး အဲ့ဒီလက်မှတ်တွေနဲ့ Green Card ရရှိဖို့ သင့်လျှော်တဲ့ သင်တန်းကျောင်းတွေ၊ ကောလိပ်တွေမှာ လျှောက်ထားနိုင်မှာဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

#VOM #voiceofmyanmar #စစ်တွေ #ဆရာဖြစ်သင်တန်း

Zawgyi

ရခိုင္ျပည္နယ္က ျပင္ပေက်ာင္းဆရာေတြ တရားဝင္ျဖစ္ဖုိ႔ သင္တန္းပို႔ခ်ေပး

စစ္ေတြ၊ ဒီဇင္ဘာ ၂၇-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခုိင္ျပည္နယ္အတြင္းမွာ လက္ရွိပညာသင္ၾကားေပးေနၾကတဲ့ ျပင္ပေက်ာင္းဆရာ/မေတြအေနနဲ႔ ဆရာအျဖစ္သင္တန္းေတြ တက္ေရာက္ခြင့္မရရွိၾကသလို တရားဝင္စာသင္ၾကားခြင့္ မွတ္ပံုတင္ေတြလည္း မရွိတဲ့အတြက္ စာသင္ၾကားရာမွာ အခက္အခဲေတြရွိေနၾကတာျဖစ္ပါတယ္။

အခုလိုမ်ိဳး အခက္အခဲေတြကို ေက်ာ္ျဖတ္ႏုိင္ဖုိ႔နဲ႔ တရားဝင္ဖြင့္လွစ္ထားတဲ့ ကိုယ္ပိုင္ေက်ာင္းေတြမွာ အရည္အေသြးျပည့္မီွတဲ့ဆရာေတြ တိုးျမွင့္ခန္႔အပ္ထားႏုိင္ေရးတုိ႔အတြက္ ရခုိင္ျပည္နယ္အတြင္းက ဆရာ/မ ၂၀၀ ေက်ာ္ကို စစ္ေတြၿမိဳ႕မွာ ဆရာအျဖစ္ ရက္တုိသင္တန္းတစ္ခုကို ရခိုင္ျပည္နယ္ ကိုယ္ပိုင္ေက်ာင္းမ်ားအသင္းက ဦးေဆာင္ၿပီး ရန္ကုန္ပညာေရးတကၠသိုလ္က ပါေမာကၡအၿငိမ္းစားေတြကို ဖိတ္ေခၚကာ သင္ၾကားပို႔ခ်ေပးေနတာျဖစ္ပါတယ္။

အဲ့ဒီသင္တန္းကေန တက္ေရာက္လာခဲ့ၾကတဲ့ ဆရာ/မေတြကို သင္တန္းဆင္းလက္မွတ္ေတြထုတ္ေပးသြားမွာ ျဖစ္ၿပီး အဲ့ဒီလက္မွတ္ေတြနဲ႔ Green Card ရရွိဖုိ႔ သင့္ေလွ်ာ္တဲ့ သင္တန္းေက်ာင္းေတြ၊ ေကာလိပ္ေတြမွာ ေလွ်ာက္ထားႏုိင္မွာျဖစ္တယ္လို႔ တာဝန္ရွိသူေတြကေျပာပါတယ္။

#VOM #voiceofmyanmar #စစ္ေတြ #ဆရာျဖစ္သင္တန္း

Related posts

Leave a Comment

VOM News

FREE
VIEW