ရေးမြို့တစ်မြို့လုံးကို လျှပ်‌စစ်ပေးနေတဲ့ မီးစက်ရုံ မီးလောင်မှုဖြစ်ပွား

ရေး ဒီဇင်ဘာ ၂၈
မိုးယံ(VOM)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု၊ မြို့ဟောင်းကုန်း မှာ ဒီကနေ့မနက် ၁၁နာရီ ဝန်းကျင်အချိန်က ရေးမြို့ တမြို့လုံးကိုလျှပ်စစ်မီးပေးနေတဲ့မီးစက်ရုံတစ်ခုမီးလောင်မှုဖြစ်ပွါးခဲ့တယ်လို့ရေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးက‌နေ သိရပါတယ်။

‟ခုညနေ (၅)နာရီချိန်ထိတော့ ငြိမ်းနေဆဲပါ နည်းနည်းကျန်ပါသေးတယ်။ မီးပေးတဲ့စက်ရုံလောင်တာပါ ၊ ခုလည်းဆီကန်တွေဆက်လောင်နေလို့ငြိမ်းသတ်နေရတုံးပါ၊ မီးသတ်ကား(၁၅)စီး ရေသည်ကား(၁၅)စီးနဲ့ငြိမ်းသတ်နေပါတယ်။ သဲကားတွေနဲ့ဖို့သတ်နေပါတယ်။ တခြားမြို့နယ်တွေဖြစ်တဲ့ မုဒုံမြို့ သံဖြူဇရပ် ခရိုင်မီးသတ်အကုန်လာကြပါတယ်။ ဘေးပတ်ဝန်းကျင်တော့ မထိ ခိုက်ပါဘူး၊ ဆုံးရှုံးမှုတန်ဖိုးကတော့ စိစစ်နေတုန်းပါဘဲ၊ သိရတာနဲ့ ထုတ်ပြန်ပေးပါ့မယ်”လို့ ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက VOMကိုအတည်ပြုပြောပါတယ်။

ဆီကန်တွေ ထပ်မံပေါက်ကွဲနေတဲ့အတွက် မီးသတ်ယာဉ် ရေအားနဲ့မနိုင်တော့ပဲ မြေထိုးစက် သဲများနဲ့ကော်ကာ သဲများဖို့ခြင်း ၊ ဖုံး(Foam)ဆေးများအသုံးပြုငြိမ်းသတ်ခဲ့ကြပြီး မီးသတ်ကားတွေ၊ ရေသယ်ကားတွေထပ်မံအင်အားဖြည့် ငြိမ်းသတ်နေတယ်လို့ သိရပါတယ်။

‟ဦးကုလားကြီးပိုင် မြတ်သူရကုမ္ပဏီ လျှပ်စစ်မီးထုတ်လုပ်တဲ့စက်ရုံ မီးလောင်တာပါ ၊
နေ့ ၁ နာရီအချိန်မှာ မီးထိန်းနိုင်ခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်သေဆုံးမှု မရှိပါဘူး။ လူနေအိမ်တွေကို ကူးဆက်မှုလည်းမရှိပါဘူး။ မကြာခင်မီးငြိမ်းတော့မှာပါ”လို့ အစင်ကျေးရွာ ဒေသခံတစ်ဦးကပြောပါတယ်။

မီးလောင်ကျွမ်းမှုဟာ ဆီဖြည့်နေချိန် ဆီသိုလှောင်ကန်ကနေ လောင်ကျွမ်းတာဖြစ်ပြီး စက်ရုံတစ်ရုံလုံးကိုပါ ကူးဆက်လောင်ကျွမ်းခဲ့တဲ့အတွက် မီးလောင်ကျွမ်းချိန် ၆ နာရီကျော်
ရှိခဲ့ပြီး ဒီဇယ်မီးစက်ကြီး ၁၀ လုံး၊ မီးစက်ရုံ ဆီလှောင်ကန်တွေအားလုံး လောင်ကျွမ်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရေးမြို့နယ်မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၀င်တွေ စုပေါင်းပြီး မီးသတ်ယာဉ်တွေနဲ့ ဦးငြိမ်းသတ်ခဲ့ကြပြီး မီးသတ်သမားတွေနဲ့အတူဒေသခံပြည်သူ‌များ၊ တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များလည်း ပူပေါင်းငြိမ်းသတ်ခဲ့ကြတာဖြစ်ပါတယ်။

မီးလောင်ကျွမ်းတဲ့မီးစက်ရုံဟာ ရေးမြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၉ ရွာကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေတဲ့ စက်ရုံကြီးဖြစ်ပြီးမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးအသေးစိတ်ကို မသိရသေးဘဲ မီးပေါဆမှုကိုအရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေဆက်လက်ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanamr #ရေးမြို့ #မီးပေးစက်ရုံ #မီးလောင်

Zawgyi

ရေးမြို့တစ်မြို့လုံးကို လျှပ်‌စစ်ပေးနေတဲ့ မီးစက်ရုံ မီးလောင်မှုဖြစ်ပွား

ရေး ဒီဇင်ဘာ ၂၈
မိုးယံ(VOM)

ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု၊ မြို့ဟောင်းကုန်း မှာ ဒီကနေ့မနက် ၁၁နာရီ ဝန်းကျင်အချိန်က ရေးမြို့ တမြို့လုံးကိုလျှပ်စစ်မီးပေးနေတဲ့မီးစက်ရုံတစ်ခုမီးလောင်မှုဖြစ်ပွါးခဲ့တယ်လို့ရေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးက‌နေ သိရပါတယ်။

‟ခုညနေ (၅)နာရီချိန်ထိတော့ ငြိမ်းနေဆဲပါ နည်းနည်းကျန်ပါသေးတယ်။ မီးပေးတဲ့စက်ရုံလောင်တာပါ ၊ ခုလည်းဆီကန်တွေဆက်လောင်နေလို့ငြိမ်းသတ်နေရတုံးပါ၊ မီးသတ်ကား(၁၅)စီး ရေသည်ကား(၁၅)စီးနဲ့ငြိမ်းသတ်နေပါတယ်။ သဲကားတွေနဲ့ဖို့သတ်နေပါတယ်။ တခြားမြို့နယ်တွေဖြစ်တဲ့ မုဒုံမြို့ သံဖြူဇရပ် ခရိုင်မီးသတ်အကုန်လာကြပါတယ်။ ဘေးပတ်ဝန်းကျင်တော့ မထိ ခိုက်ပါဘူး၊ ဆုံးရှုံးမှုတန်ဖိုးကတော့ စိစစ်နေတုန်းပါဘဲ၊ သိရတာနဲ့ ထုတ်ပြန်ပေးပါ့မယ်”လို့ ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက VOMကိုအတည်ပြုပြောပါတယ်။

ဆီကန်တွေ ထပ်မံပေါက်ကွဲနေတဲ့အတွက် မီးသတ်ယာဉ် ရေအားနဲ့မနိုင်တော့ပဲ မြေထိုးစက် သဲများနဲ့ကော်ကာ သဲများဖို့ခြင်း ၊ ဖုံး(Foam)ဆေးများအသုံးပြုငြိမ်းသတ်ခဲ့ကြပြီး မီးသတ်ကားတွေ၊ ရေသယ်ကားတွေထပ်မံအင်အားဖြည့် ငြိမ်းသတ်နေတယ်လို့ သိရပါတယ်။

‟ဦးကုလားကြီးပိုင် မြတ်သူရကုမ္ပဏီ လျှပ်စစ်မီးထုတ်လုပ်တဲ့စက်ရုံ မီးလောင်တာပါ ၊
နေ့ ၁ နာရီအချိန်မှာ မီးထိန်းနိုင်ခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်သေဆုံးမှု မရှိပါဘူး။ လူနေအိမ်တွေကို ကူးဆက်မှုလည်းမရှိပါဘူး။ မကြာခင်မီးငြိမ်းတော့မှာပါ”လို့ အစင်ကျေးရွာ ဒေသခံတစ်ဦးကပြောပါတယ်။

မီးလောင်ကျွမ်းမှုဟာ ဆီဖြည့်နေချိန် ဆီသိုလှောင်ကန်ကနေ လောင်ကျွမ်းတာဖြစ်ပြီး စက်ရုံတစ်ရုံလုံးကိုပါ ကူးဆက်လောင်ကျွမ်းခဲ့တဲ့အတွက် မီးလောင်ကျွမ်းချိန် ၆ နာရီကျော်
ရှိခဲ့ပြီး ဒီဇယ်မီးစက်ကြီး ၁၀ လုံး၊ မီးစက်ရုံ ဆီလှောင်ကန်တွေအားလုံး လောင်ကျွမ်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရေးမြို့နယ်မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၀င်တွေ စုပေါင်းပြီး မီးသတ်ယာဉ်တွေနဲ့ ဦးငြိမ်းသတ်ခဲ့ကြပြီး မီးသတ်သမားတွေနဲ့အတူဒေသခံပြည်သူ‌များ၊ တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များလည်း ပူပေါင်းငြိမ်းသတ်ခဲ့ကြတာဖြစ်ပါတယ်။

မီးလောင်ကျွမ်းတဲ့မီးစက်ရုံဟာ ရေးမြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၉ ရွာကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေတဲ့ စက်ရုံကြီးဖြစ်ပြီးမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးအသေးစိတ်ကို မသိရသေးဘဲ မီးပေါဆမှုကိုအရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေဆက်လက်ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanamr #ရေးမြို့ #မီးပေးစက်ရုံ #မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW