တရုတ်နိုင်ငံမှာ ပြည့်တန်ဆာတွေကို အပြစ်ပေးတဲ့စနစ် ရပ်ဆိုင်း

ပေကျင်း၊ ဒီဇင်ဘာ-၂၉-၂၀၁၉
မျိုးဆက် (VOM)

တရုတ်နိုင်ငံမှာ ပြည့်တန်ဆာတွေနဲ့ သူတို့ရဲ့ဖောက်သည်တွေကို ရဲတပ်ဖွဲ့က ပညာပေးစင်တာတွေမှာ နှစ်နှစ်ကျော်ကြာ ထိန်းသိမ်းထားခြင်းကို ခွင့်ပြုထားတဲ့ ပြည်တန်ဆာလုပ်ငန်းဆိုင်ရာအပြစ်ပေးတဲ့ စနစ်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

ဖမ်းဆီးခံထားသူတွေကို အရုပ်တွေ၊ အိမ်သုံးပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းတွေမှာ အတင်းအကြပ် စေခိုင်းကြောင်း စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ပြည်တန်ဆာလုပ်ငန်းနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းတဲ့ စနစ်ကို ဒီဇင်ဘာ ၂၉ ရက်မှာ အဆုံးသတ်လိုက်တာဖြစ်ပြီး ထိန်းသိမ်းခံထားရသူများကို ပြန်လွှတ်ပေးမယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

တရုတ်နိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းကို တရားမဝင်လုပ်ငန်းအဖြစ် သတ်မှတ်ထားဆဲဖြစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ ဆက်နွယ်တဲ့ အပြစ်ပေးမှုတွေကတော့ ၁၅ ရက်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံရခြင်းနဲ့ ဒါဏ်ငွေ ယွမ် ၅၀၀၀ ကျော်ပေးဆောင်ရတာတွေပါဝင်ပါတယ်။

ထိန်းသိမ်းထားပြီး ပညာပေးတဲ့စနစ်ဟာ လွန်ခဲ့သည့်နှစ် ၂၀ ကျော်ကာလမှာ စတင်ကတည်းက ကောင်းမွန်တဲ့ လူမှုဝန်းကျင်နဲ့ ပြည်သူ့စည်းမျဉ်းတွေကို ထိန်းသိမ်းဖို့ ကူညီပေးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပြီး အချိန်ကြာလာတာနဲ့အမျှ ဒီစနစ်ဟာ သင့်တော်မှုမရှိတော့ဘူးလို့ ဖော်ပြထားပါတယ်။

Ref : BBC Photo: AFP
#VOM #voiceofmyanmar #ပေကျင်း #ပြည့်တန်ဆာ #အပြစ်ပေးစနစ်

Zawgyi

တရုတ္နုိင္ငံမွာ ျပည္႔တန္ဆာေတြကို အျပစ္ေပးတဲ႔စနစ္ ရပ္ဆိုင္း

ေပက်င္း၊ ဒီဇင္ဘာ-၂၉-၂၀၁၉
မ်ိဳးဆက္ (VOM)

တရုတ္နုိင္ငံမွာ ျပည္႔တန္ဆာေတြနဲ႔ သူတို႔ရဲ႕ေဖာက္သည္ေတြကို ရဲတပ္ဖြဲ႔က ပညာေပးစင္တာေတြမွာ နွစ္နွစ္ေက်ာ္ၾကာ ထိန္းသိမ္းထားျခင္းကို ခြင္႔ျပဳထားတဲ႔ ျပည္တန္ဆာလုပ္ငန္းဆုိင္ရာအျပစ္ေပးတဲ႔ စနစ္ကို ရပ္ဆိုင္းလိုက္ျပီျဖစ္ပါတယ္။

ဖမ္းဆီးခံထားသူေတြကို အရုပ္ေတြ၊ အိမ္သံုးပစၥည္းထုတ္လုပ္ျခင္းလုပ္ငန္းေတြမွာ အတင္းအၾကပ္ ေစခိုင္းေၾကာင္း စြပ္စြဲခ်က္ေတြလည္း ထြက္ေပၚခဲ႔ပါတယ္။

ျပည္တန္ဆာလုပ္ငန္းနဲ႔ ဆက္ႏြယ္ျပီး ဖမ္းဆီးထိန္းသိမ္းတဲ႔ စနစ္ကို ဒီဇင္ဘာ ၂၉ ရက္မွာ အဆံုးသတ္လိုက္တာျဖစ္ျပီး ထိန္းသိမ္းခံထားရသူမ်ားကို ျပန္လႊတ္ေပးမယ္လို႔ တရုတ္နုိင္ငံပိုင္ သတင္းဌာနက ေဖာ္ျပပါတယ္။

တရုတ္နုိင္ငံမွာ ျပည္႔တန္္ဆာလုပ္ငန္းကို တရားမ၀င္လုပ္ငန္းအျဖစ္ သတ္မွတ္ထားဆဲျဖစ္ပါတယ္။ ဒီလုပ္ငန္းနဲ႔ ဆက္ႏြယ္တဲ႔ အျပစ္ေပးမႈေတြကေတာ႔ ၁၅ ရက္ေက်ာ္ၾကာ ဖမ္းဆီးထိန္းသိမ္းခံရျခင္းနဲ႔ ဒါဏ္ေငြ ယြမ္ ၅၀၀၀ ေက်ာ္ေပးေဆာင္ရတာေတြပါ၀င္ပါတယ္။

ထိန္းသိမ္းထားျပီး ပညာေပးတ႔ဲစနစ္ဟာ လြန္ခဲ႔သည္႔နွစ္ ၂၀ ေက်ာ္ကာလမွာ စတင္ကတည္းက ေကာင္းမြန္တဲ႔ လူမႈ၀န္းက်င္နဲ႔ ျပည္သူ႔စည္းမ်ဥ္းေတြကို ထိန္းသိမ္းဖို႔ ကူညီေပးခဲ႔တယ္လို႔ တရုတ္နုိင္ငံပိုင္ သတင္းဌာနက ေဖာ္ျပထားျပီး အခ်ိန္ၾကာလာတာနဲ႔အမွ် ဒီစနစ္ဟာ သင္႔ေတာ္မႈမရိွေတာ႔ဘူးလို႔ ေဖာ္ျပထားပါတယ္။

Ref : BBC Photo: AFP
#VOM #voiceofmyanmar #ေပက်င္း #ျပည့္တန္ဆာ #အျပစ္ေပးစနစ္

Related posts

Leave a Comment

VOM News

FREE
VIEW