စစ်တွေမြို့မှာ တရားမျှတမှုနဲ့ လူ့အခွင့်အရေးတွေကို စက်ဘီးစီးရှာဖွေ

စစ်တွေ၊ ဒီဇင်ဘာ ၃၁-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒီဇင်ဘာလ ၂၉ ရက် ညနေပိုင်းက လူ့အခွင့်ရေး၊ ငြိမ်းချမ်းမှုနဲ့ တရားမျှတရေးတွေကို ရှာဖွေတဲ့အနေနဲ့ လူငယ် ၂၀ ကျော်လောက်ဟာ မြို့ကိုပတ်ပြီးစက်ဘီးစီးခဲ့ကြပါတယ်။

အခုလိုစက်ဘီးစီးရတဲ့ရည်ရွယ်ချက်က ရခိုင်ပြည်နယ်မှာ တရားမျှတမှုတွေရှိလာစေရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကင်းဝေးစေဖို့နဲ့ ငြိမ်းချမ်းရေးရရှိလာစေဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ စက်ဘီးစီးရာမှာပါဝင်တဲ့ ကိုသန်းလှက ပြောပါတယ်။

တရားမျှတမှူဆိုတာ လက်ရှိမြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှူ တရားစီရင်ရေး ယိုယွင်းနေတဲ့စနစ်ကို ဖြောင့်မတ်ကောင်းမွန်လာစေဖို့အတွက် ဆိုလိုတာဖြစ်ကြောင်းဆက်လက်ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေလည်းတစ်နေ့ထက်တစ်နေပိုများလာပြီး နယ်ရပ်စွန့်ခွာသူတွေလည်း တစ်သိန်းနီးပါးရှိလာနေပြီး အင်တာနက်ဖြတ်တောက်တာတွေ၊ စစ်ပွဲကြောင့်သေနေရတဲ့ပြည်သူတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေ စတဲ့လူ့အခွင့်ရေးတွေ ဆုံးရံှူးနေတာကြောင့် စက်ဘီးစီးရတာဖြစ်တယ်လို့ ပါဝင်သူတွေက ပြောဆိုခဲ့ကြပါတယ်။

#VOM #voiceofmyanmar #စစ်တွေ #တရားမျှတမှု #စက်ဘီးစီး

Zawgyi

စစ္ေတြၿမိဳ႕မွာ တရားမွ်တမွဳနဲ႔ လူ႔အခြင့္အေရးေတြကို စက္ဘီးစီး႐ွာေဖြ

စစ္ေတြ၊ ဒီဇင္ဘာ ၃၁-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မွာ ဒီဇင္ဘာလ ၂၉ ရက္ ညေနပိုင္းက လူ႔အခြင့္ေရး၊ ၿငိမ္းခ်မ္းမွဳနဲ႔ တရားမ်ွတေရးေတြကို ႐ွာေဖြတဲ့အေနနဲ႔ လူငယ္ ၂၀ ေက်ာ္ေလာက္ဟာ ၿမိဳ႕ကိုပတ္ၿပီးစက္ဘီးစီးခဲ့ၾကပါတယ္။

အခုလိုစက္ဘီးစီးရတဲ့ရည္ရြယ္ခ်က္က ရခိုင္ျပည္နယ္မွာ တရားမွ်တမႈေတြရွိလာေစေရး၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ကင္းေဝးေစဖုိ႔နဲ႔ ၿငိမ္းခ်မ္းေရးရရွိလာေစဖုိ႔အတြက္ ရည္ရြယ္တာျဖစ္တယ္လို႔ စက္ဘီးစီးရာမွာပါဝင္တဲ့ ကိုသန္းလွက ေျပာပါတယ္။

တရားမ်ွတမႉဆိုတာ လက္႐ွိျမန္မာႏိုင္ငံရဲ႕ တရားဥပေဒစိုးမိုးမႉ တရားစီရင္ေရး ယိုယြင္းေနတဲ့စနစ္ကို ေျဖာင့္မတ္ေကာင္းမြန္လာေစဖုိ႔အတြက္ ဆိုလိုတာျဖစ္ေၾကာင္းဆက္လက္ေျပာၾကားခဲ့ပါတယ္။

ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲေတြလည္းတစ္ေန႔ထက္တစ္ေနပိုမ်ားလာၿပီး နယ္ရပ္စြန္႔ခြာသူေတြလည္း တစ္သိန္းနီးပါး႐ွိလာေနၿပီး အင္တာနက္ျဖတ္ေတာက္တာေတြ၊ စစ္ပြဲေၾကာင့္ေသေနရတဲ့ျပည္သူေတြ၊ ကေလးေတြ၊ အမ်ိဳးသမီးေတြ စတဲ့လူ႔အခြင့္ေရးေတြ ဆံုးရံႉးေနတာေၾကာင့္ စက္ဘီးစီးရတာျဖစ္တယ္လို႔ ပါဝင္သူေတြက ေျပာဆိုခဲ့ၾကပါတယ္။

#VOM #voiceofmyanmar #စစ္ေတြ #တရားမွ်တမွဳ #စက္ဘီးစီး

Related posts

Leave a Comment

VOM News

FREE
VIEW