လူမှုဖူလုံရေးကြေးပေးသွင်းဖို့ပျက်ကွက်တဲ့ တိုင်းနှင့်ပြည်နယ် ၆ ခုမှာ ရန်ကုန်ကအများဆုံးဖြစ်

ရန်ကုန် ဇန်နဝါရီ ၄-၂၀၂၀
သိဂီ ၤ(VOM)

လူမှုဖူလုံရေး လစဉ်ထည့်ဝင်ကြေးပေးသွင်းဖို့ပျက်ကွက်နေတဲ့ တိုင်းနှင့် ပြည်နယ် ၆ ခုအနက် ရန်ကုန်က ပျက်ကွက်မှုအများဆုံးဖြစ်နေတယ်လို့ လူမှုဖူလုံရေးစာရင်းတွေအရ သိရပါတယ်။

လုပ်သားကျန်းမာရေး အာမခံငွေလစဉ်ကြေးပေးသွင်းဖို့ ကျန်ရှိနေတဲ့ အလုပ်ဌာနတွေဟာ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်း ဒေသကြီးအပါအဝင် ရခိုင်၊ ရှမ်း၊ ကချင်ပြည်နယ်တို့ဖြစ်ပြီး ပျက်ကွက်တဲ့အလုပ်ဌာန ၂၅၆ ခုရှိကာ အဲ့ဒီအထဲမှာ ရန်ကုန်က ၂၂၃ ခုရှိနေတာဖြစ်ပါတယ်။

“ ဒီပြည်နယ်တိုင်း(၆)ခုမှာ လစဉ်ထည့်ဝင်ကြေးပေးသွင်းဖို့ ကျန်ရှိငွေက ၂၉၇ ဒသမ ၈၂၄ သန်း ပေးသွင်းဖို့ကို ကျန်ရှိနေတာပါ။ လက်ရှိ ကြွေးကျန်ရရှိဖို့ ကြိုးစားဆောင်ရွက်နေပြီးတော့ တောင်းဖို့ခက်ခဲတဲ့ ကြွေးကျန် အလုပ်ဌာန ၂ ခုကိုတော့ တရားစွဲဆို ဆောင်ရွက်ထားပါတယ်” လို့ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးကပြောပါတယ်။

အဆိုပါ ပျက်ကွက်အလုပ်ဌာနစာရင်းတွေထဲကမှ လစဉ်ကြေးတောင်းဆိုဖို့ခက်ခဲတဲ့ ကြွေးကျန်လုပ်ငန်းဌာန ၂ ခုကိုတော့ တရားစွဲဆိုထားပြီး ထည့်ဝင်ကြေး ပြန်လည်မထည့်ဝင်တဲ့လုပ်ငန်းတွေကို အဓိက တရားစွဲဆိုနေတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ လုမှုဖူလုံရေးစနစ်ဟာ လိုအပ်ချက်တွေရှိနေသေးတဲ့အတွက် ဥပဒေပြန်လည်ပြုပြင်ရေး၊ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ရေးအတွက် ကျန်မာရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ရုံးပိုင်းဆိုင်ရာစီမံခန့်ခွဲရေးတို့ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

” ကျမတို့မြန်မာနိုင်ငံရဲ့ လူမှုဖူလုံရေးအခြေနေက လိုအပ်ချက်တွေအများကြီးရှိနေတယ်ဆိုတာ အားလုံးလည်းသိကြပါတယ်။ မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းရှိတယ်။ လူမှုဖူလှုံရေးအကျုံးဝင်တာက ၁ ဒဿမ ၃ သန်းပဲရှိတယ်။ “လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမ္မဂများအဖွဲ့ချုပ်ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး မဖြိုးစန္ဒာစိုးကပြောပါတယ်။

လူမှုဖူလုံရေး ထည့်ဝင်ကြေးကို အလုပ်သမားရရှိတဲ့ လစာပေါ်မူတည်ပြီး အလုပ်ရှင်က ၃ ရာခိုင်နှုန်း၊ အလုပ်သမားက ၂ ရာခိုင်နှုန်း ထည့်ဝင်ရတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #လူမူဖူလုံရေးကြေး #ပျက်ကွက်

Zawgyi

လူမႈဖူလုံေရးေႀကးေပးသြင္းဖို႔ပ်က္ကြက္တဲ့ တိုင္းႏွင့္ျပည္နယ္ ၆ ခုမွာ ရန္ကုန္ကအမ်ားဆုံးျဖစ္

ရန္ကုန္ ဇန္နဝါရီ ၄-၂၀၂၀
သိဂီ ၤ(VOM)

လူမႈဖူလုံေရး လစဥ္ထည့္ဝင္ေၾကးေပးသြင္းဖို႔ပ်က္ကြက္ေနတဲ့ တိုင္းႏွင့္ ျပည္နယ္ ၆ ခုအနက္ ရန္ကုန္က ပ်က္ကြက္မႈအမ်ားဆုံးျဖစ္ေနတယ္လို႕ လူမွုဖူလုံေရးစာရင္းေတြအရ သိရပါတယ္။

လုပ္သားက်န္းမာေရး အာမခံေငြလစဥ္ေၾကးေပးသြင္းဖို႔ က်န္ရွိေနတဲ့ အလုပ္ဌာနေတြဟာ ရန္ကုန္၊ ပဲခူး၊ တနသၤာရီတိုင္း ေဒသႀကီးအပါအဝင္ ရခိုင္၊ ရွမ္း၊ ကခ်င္ျပည္နယ္တို႔ျဖစ္ၿပီး ပ်က္ကြက္တဲ့အလုပ္ဌာန ၂၅၆ ခုရွိကာ အဲ့ဒီအထဲမွာ ရန္ကုန္က ၂၂၃ ခုရွိေနတာျဖစ္ပါတယ္။

“ ဒီျပည္နယ္တိုင္း(၆)ခုမွာ လစဥ္ထည့္ဝင္ေၾကးေပးသြင္းဖို့ က်န္ရွိေငြက ၂၉၇ ဒသမ ၈၂၄ သန္း ေပးသြင္းဖို့ကို က်န္ရွိေနတာပါ။ လက္ရွိ ေႂကြးက်န္ရရွိဖို႔ ႀကိဳးစားေဆာင္ရြက္ေနၿပီးေတာ့ ေတာင္းဖို႔ခက္ခဲတဲ့ ေႂကြးက်န္ အလုပ္ဌာန ၂ ခုကိုေတာ့ တရားစြဲဆို ေဆာင္ရြက္ထားပါတယ္” လို႔ လူမွုဖူလုံေရးအဖြဲ႕ ညႊန္ၾကားေရးမွူးခ်ဳပ္ ဦးေမာင္ေမာင္ေအးကေျပာပါတယ္။

အဆိုပါ ပ်က္ကြက္အလုပ္ဌာနစာရင္းေတြထဲကမွ လစဥ္ေႀကးေတာင္းဆိုဖို႔ခက္ခဲတဲ့ ေႂကြးက်န္လုပ္ငန္းဌာန ၂ ခုကိုေတာ့ တရားစြဲဆိုထားၿပီး ထည့္ဝင္ေႀကး ျပန္လည္မထည့္ဝင္တဲ့လုပ္ငန္းေတြကို အဓိက တရားစြဲဆိုေနတာျဖစ္တယ္လ္ုိ႔ သိရပါတယ္။

လက္ရွိျမန္မာနိုင္ငံရဲ႕ လုမႈဖူလုံေရးစနစ္ဟာ လိုအပ္ခ်က္ေတြရွိေနေသးတဲ့အတြက္ ဥပေဒျပန္လည္ျပဳျပင္ေရး၊ က်န္းမာေရးဆိုင္ရာ ဝန္ေဆာင္မႈေကာင္းေကာင္းေပးနိုင္ေရးအတြက္ က်န္မာေရးက႑ျပဳျပင္ေျပာင္းလဲေရး ရုံးပိုင္းဆိုင္ရာစီမံခန့္ခြဲေရးတို႔ကို ျပဳျပင္ေျပာင္းလဲနိုင္ဖို႔ လိုအပ္ေနတယ္လို႔ သိရပါတယ္။

” က်မတို့ျမန္မာနိုင္ငံရဲ႕ လူမႈဖူလုံေရးအေျခေနက လိုအပ္ခ်က္ေတြအမ်ားႀကီးရွိေနတယ္ဆိုတာ အားလုံးလည္းသိၾကပါတယ္။ ျမန္မာနိုင္ငံမွာ လူဦးေရ ၅၄ သန္းရွိတယ္။ လူမႈဖူလႈံေရးအက်ဳံးဝင္တာက ၁ ဒႆမ ၃ သန္းပဲရွိတယ္။ “လို႕ ျမန္မာနိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမၼဂမ်ားအဖြဲ႕ခ်ဳပ္ရဲ႕ လက္ေထာက္အေထြေထြအတြင္းေရးမွဴး မၿဖိဳးစႏၵာစိုးကေျပာပါတယ္။

လူမွုဖူလုံေရး ထည့္ဝင္ေၾကးကို အလုပ္သမားရရွိတဲ့ လစာေပၚမူတည္ၿပီး အလုပ္ရွင္က ၃ ရာခိုင္ႏွုန္း၊ အလုပ္သမားက ၂ ရာခိုင္ႏွုန္း ထည့္ဝင္ရတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #လူမူဖူလံုေရးေၾကး #ပ်က္ကြက္

Related posts

Leave a Comment

VOM News

FREE
VIEW