အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ကို ဒေါ်‌အောင်ဆန်းစုကြည်ပထမဆုံးအကြိမ်လာမယ်

တမူး၊ ဇန်နဝါရီ ၄-၂၀၂၀
ဂေါင်ဂေါင်(VOM)

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယခုနှစ် ဇန်နဝါရီလလယ်လောက်မှာ ပထမဆုံးအကြိမ်လာမယ်လို့ တမူးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ သိရပါတယ်။

” ဒီနှစ်လာမယ်လို့ သတင်းကြားထားတယ်၊ ရက်အတိအကျတော့ မသိရသေးပါဘူး၊ နာဂပွဲတော်တက်ရောက်ပြီးအပြန်ဝင်မယ်လို့ သိရတာပါ”လို့
တမူးမြို့နယ် NlD ဥက္ကဌ ဦးမြင့်ဇော်ကပြောပါတယ်။

တမူးမြို့ကို ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ၇လပိုင်းက လာ‌
ရောက်မယ်လို့ပြောကြားခဲ့ပြီး ရာသီဥတုအခြေအနေမကောင်းတဲ့အတွက် လာရောက်မယ့်ခရီးစဥ်ဖျက်လိုက်ရတာ ဖြစ်ပါတယ်။

“ပါတီဝင်မဟုတ်ပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်တမူးမြို့ကို တစ်ကြိမ်မှမလာဘူးသေးလို့ လာစေချင်ပါတယ်။ နယ်စပ်ဒေသအရေးကိုလဲ သိစေချင်ပါတယ်။ ပြောခွင့်ရသူတွေအနေနဲ့လဲ နယ်စပ်လုံခြုံဖွံ့ဖြိုးဖို့တင်ပြစေချင်ပါတယ်။ ပြည်သူနဲ့တွေဆုံပြီးပြည်သူအသံကို သိစေချင်ပါတယ်”လို့ တမူးမြို့မှာနေထိုင်တဲ့ ဒေါ်အေးဌေးကပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး တမူးမြို့ NLD အမျိုးသမီးရေးတာဝန်ခံ ဒေါ်မာမာဦးက”အတိုင်ပင်ခံ လာရောက်မယ်လို့သတင်းကကြားနေရတယ် ။ ပါတီကိုတော့ အတိအကျအကြောင်းမကြားထားသေးပါဘူး၊ လာမှာတော့သေခြာတယ်”လို့ ပြောပါတယ်။

အရင်နှစ်က လာမယ်ဆိုတဲ့အချိန်ကလည်း ကြိုတင်အကြောင်းကြားထားတဲ့အတွက် တမူးမြို့ကပြည်သူတွေဟာ တမူးမြို့ပေါ်က လမ်းတွေပေါ်မှာ စောင့်ဆိုင်းနေမှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #တမူး #ဒေါ်စု #ပထမအကြိမ်လာမယ်

Zawgyi

အိႏၵိယ-ျမန္မာနယ္စပ္ တမူးၿမိဳ႕ကို ေဒၚ‌ေအာင္ဆန္းစုၾကည္ပထမဆုံးအႀကိမ္လာမယ္

တမူး၊ ဇန္နဝါရီ ၄-၂၀၂၀
ေဂါင္ေဂါင္(VOM)

အိႏၵိယ-ျမန္မာနယ္စပ္ တမူးၿမိဳ႕ကို ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ယခုႏွစ္ ဇန္နဝါရီလလယ္ေလာက္မွာ ပထမဆုံးအႀကိမ္လာမယ္လို႔ တမူးၿမိဳ႕နယ္အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကေန သိရပါတယ္။

” ဒီႏွစ္လာမယ္လို႔ သတင္းၾကားထားတယ္၊ ရက္အတိအက်ေတာ့ မသိရေသးပါဘူး၊ နာဂပြဲေတာ္တက္ေရာက္ၿပီးအျပန္ဝင္မယ္လို႔ သိရတာပါ”လို႔
တမူးၿမိဳ႕နယ္ NlD ဥကၠဌ ဦးျမင့္ေဇာ္ကေျပာပါတယ္။

တမူးၿမိဳ႕ကို ၿပီးခဲ့တဲ့ ၂၀၁၉ခုႏွစ္ ၇လပိုင္းက လာ‌
ေရာက္မယ္လို႔ေျပာၾကားခဲ့ၿပီး ရာသီဥတုအေျခအေနမေကာင္းတဲ့အတြက္ လာေရာက္မယ့္ခရီးစဥ္ဖ်က္လိုက္ရတာ ျဖစ္ပါတယ္။

“ပါတီဝင္မဟုတ္ပါဘူး၊ ေဒၚေအာင္ဆန္းစုၾကည္တမူးၿမိဳ႕ကို တစ္ႀကိမ္မွမလာဘူးေသးလို႔ လာေစခ်င္ပါတယ္။ နယ္စပ္ေဒသအေရးကိုလဲ သိေစခ်င္ပါတယ္။ ေျပာခြင့္ရသူေတြအေနနဲ႔လဲ နယ္စပ္လုံၿခဳံဖြံ႕ၿဖိဳးဖို႔တင္ျပေစခ်င္ပါတယ္။ ျပည္သူနဲ႔ေတြဆုံၿပီးျပည္သူအသံကို သိေစခ်င္ပါတယ္”လို႔ တမူးၿမိဳ႕မွာေနထိုင္တဲ့ ေဒၚေအးေဌးကေျပာပါတယ္။

အဲ့ဒီကိစၥနဲ႔ပက္သက္ၿပီး တမူးၿမိဳ႕ NLD အမ်ိဳးသမီးေရးတာဝန္ခံ ေဒၚမာမာဦးက”အတိုင္ပင္ခံ လာေရာက္မယ္လို႔သတင္းကၾကားေနရတယ္ ။ ပါတီကိုေတာ့ အတိအက်အေၾကာင္းမၾကားထားေသးပါဘူး၊ လာမွာေတာ့ေသျခာတယ္”လို႔ ေျပာပါတယ္။

အရင္ႏွစ္က လာမယ္ဆိုတဲ့အခ်ိန္ကလည္း ႀကိဳတင္အေၾကာင္းၾကားထားတဲ့အတြက္ တမူးၿမိဳ႕ကျပည္သူေတြဟာ တမူးၿမိဳ႕ေပၚက လမ္းေတြေပၚမွာ ေစာင့္ဆိုင္းေနမႈေတြရွိခဲ့တယ္လို႔လည္း သိရပါတယ္။

#VOM #voiceofmyanmar #တမူး #ေဒၚစု #ပထမအႀကိမ္လာမယ္

Related posts

Leave a Comment

VOM News

FREE
VIEW