ညွှန်ချုပ်နဲ့အထက် ကားတင်သွင်းခွင့်ပြုမယ်ဆိုရင် လွှတ်တော်မှာတရားဝင်ကန့်ကွက်မယ်

ရန်ကုန် ၊ ဇန်နဝါရီ ၉-၂၀၂၀
သူရိန်(VOM)

ညွှန်ကြားရေးမှူးချုပ်နဲ့ အထက်ရှိသူတွေကို ကားတင်သွင်းခွင့်ပြုမယ်ဆိုရင် လွှတ်တော်ကနေ တရားဝင်ကန့်ကွက်သွားမယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ဆွေကနေ သိရပါတယ်။

“စာကို ဇန်နဝါရီ ၂ ရက် စထုတ်ကတည်းက ဒီစာကို သတိထားမိတော့ သက်ဆိုင်တဲ့ဌာနကိုသွားတယ်။ မူဝါဒ ဆိုင်ရာ ညွှန်ကြားရေးမှူးဆိုတဲ့သူနဲ့ တွေ့တယ်။ ကျွန်တော်တို့ အဓိကဖြစ်စေချင်တာက ဝန်ထမ်းတွေအတွက် ပေးမှာကိုတော့ ဘာမှမကန့်ကွက်ဘူး။ ဝန်ထမ်းတွေဆိုတဲ့အထဲမှာ လုပ်သက်များတဲ့ဝန်ထမ်းငယ်တွေကို ပိုပြီးဦးစားပေးစေချင်တယ်။ ဒီခေတ်ကြီးမှာလာပြီးတော့ ဝန်ထမ်းကောင်းတံဆိပ်နဲ့ဆိုပြီး ကန့်သတ်တဲ့အခါကျတော့ အရင်ခေတ်ကို ပြန်ရောက်သွားသလိုပဲ ညွှန်ကြားချက်တွေက အဲဒီလိုဖြစ်နေတယ်။ နိုင်ငံတော်အကြီးအကဲတွေက နိုင်ငံတိုင်းမှာရှိတယ်။ အခါအားလျော်စွာ ဝန်ထမ်းငယ်တွေအတွက် အဆင်ပြေ ဖို့ဆိုပြီးတော့လုပ်ပေးတာ ထုံးစံရှိတယ်။ အစိုးရတိုင်းမှာရှိတယ်။ ဒါကို ကျွန်တော့်အနေနဲ့ ကန့်ကွက်စရာမရှိဘူး ကြိုဆိုတယ်။ နိုင်ငံတော်အကြီးအကဲတွေရဲ့ စေတနာကို အောက်ကနေ အဓိကရေးဆွဲနေတဲ့သူတွေအပိုင်းက အရေးကြီးတယ်။ အဲဒီလူတွေက ဘယ်သူတွေလဲဆိုတော့ သက်ဆိုင်ရာတာဝန်ရှိတဲ့သူ တွေကရေးဆွဲရတဲ့အခါကျတော့ သူတို့ရေးရတော့ သူတို့အတွက် အဓိကထားတယ်။ ညွှန်ချုပ်နှင့်အထက် ဆိုပြီးတစ်ပိုင်း၊ ဒုချုပ်နှင့်အောက် လုပ်သက်၂၅ နှစ်ပြည့် ဝန်ထမ်းကောင်းတံဆိပ်ရရှိတဲ့သူများဆိုပြီးပါတယ်။ အပေါ်ပိုင်းကိုကျတော့ ပေးဖို့ကျတော့ ဇန်နဝါရီ ၈ ရက်မှ စာရင်းပို့ရမယ်ဆိုပြီး အောက်ခြေဝန် ထမ်းငယ်တွေအတွက်ကို တိကျတဲ့မူဝါဒ ဘာမှမရေးထားဘူး။ လူကြီးတွေစေတနာက ဝန်ထမ်းလေးတွေကို ရစေချင်တယ်။အဓိက လုပ်သက်များ ဝန်ထမ်းငယ်တွေ ခေါင်းစဉ်တပ်ပြီး ညွှန်ချုပ်တွေအတွက်ဆိုပြီး အပြင်မှာ သတင်းထွက်နေသလို လုပ်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း တိုင်ပင်ထားတာရှိတယ်။ လုံးဝလက်မခံဘူး။ လွှတ်တော်တွင်းကနေ သူတို့ဆက်လုပ်လာမယ်ဆိုရင် လွှတ်တော်က တရားဝင် ကန့်ကွက်မယ်”လို့ ဦးမောင်မောင်ဆွေကပြောပါ တယ်။

ဒီညွှန်ကြားချက်တရားဝင်ထုတ်ပြန်ထားတာနဲ့ တပြိုင်နက် သက်ဆိုင်ရာဌာနအလိုက် ကိုယ်စားလှယ်တွေကို ခေါ်ယူဆွေးနွေးထားပြီး အဲ့ဒီကနေတဆင့် ကားအရောင်းပြခန်းတွေကို ကွင်းဆင်းပြောကြားသွားမှာဖြစ်ပြီး ခွင့်ပြုချက်ရတာနဲ့ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ရာထူးအဆင့်အလိုက် ကားတင်သွင်းမှုပြုရာမှာ ဆိပ်ကမ်းအရောက်ကားတန်ဖိုးကို ငွေကျပ်သိန်း ၃၀၀ မှ ၁၅၀၀အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #လွှတ်တော် #ကားတင်သွင်းခွင့် #ကန့်ကွယ်မယ်

Zawgyi

ၫႊန္ခ်ဳပ္နဲ႔အထက္ ကားတင္သြင္းခြင့္ျပဳမယ္ဆိုရင္ လႊတ္ေတာ္မွာတရားဝင္ကန႔္ကြက္မယ္

ရန္ကုန္ ၊ ဇန္နဝါရီ ၉-၂၀၂၀
သူရိန္(VOM)

ၫႊန္ၾကားေရးမႉးခ်ဳပ္နဲ႔ အထက္ရွိသူေတြကို ကားတင္သြင္းခြင့္ျပဳမယ္ဆိုရင္ လႊတ္ေတာ္ကေန တရားဝင္ကန႔္ကြက္သြားမယ္လို႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးေမာင္ေမာင္ေဆြကေန သိရပါတယ္။

“စာကို ဇန္နဝါရီ ၂ ရက္ စထုတ္ကတည္းက ဒီစာကို သတိထားမိေတာ့ သက္ဆိုင္တဲ့ဌာနကိုသြားတယ္။ မူဝါဒ ဆိုင္ရာ ၫႊန္ၾကားေရးမႉးဆိုတဲ့သူနဲ႔ ေတြ႕တယ္။ ကြၽန္ေတာ္တို႔ အဓိကျဖစ္ေစခ်င္တာက ဝန္ထမ္းေတြအတြက္ ေပးမွာကိုေတာ့ ဘာမွမကန႔္ကြက္ဘူး။ ဝန္ထမ္းေတြဆိုတဲ့အထဲမွာ လုပ္သက္မ်ားတဲ့ဝန္ထမ္းငယ္ေတြကို ပိုၿပီးဦးစားေပးေစခ်င္တယ္။ ဒီေခတ္ႀကီးမွာလာၿပီးေတာ့ ဝန္ထမ္းေကာင္းတံဆိပ္နဲ႔ဆိုၿပီး ကန႔္သတ္တဲ့အခါက်ေတာ့ အရင္ေခတ္ကို ျပန္ေရာက္သြားသလိုပဲ ၫႊန္ၾကားခ်က္ေတြက အဲဒီလိုျဖစ္ေနတယ္။ ႏိုင္ငံေတာ္အႀကီးအကဲေတြက ႏိုင္ငံတိုင္းမွာရွိတယ္။ အခါအားေလ်ာ္စြာ ဝန္ထမ္းငယ္ေတြအတြက္ အဆင္ေျပ ဖို႔ဆိုၿပီးေတာ့လုပ္ေပးတာ ထုံးစံရွိတယ္။ အစိုးရတိုင္းမွာရွိတယ္။ ဒါကို ကြၽန္ေတာ့္အေနနဲ႔ ကန႔္ကြက္စရာမရွိဘူး ႀကိဳဆိုတယ္။ ႏိုင္ငံေတာ္အႀကီးအကဲေတြရဲ႕ ေစတနာကို ေအာက္ကေန အဓိကေရးဆြဲေနတဲ့သူေတြအပိုင္းက အေရးႀကီးတယ္။ အဲဒီလူေတြက ဘယ္သူေတြလဲဆိုေတာ့ သက္ဆိုင္ရာတာဝန္ရွိတဲ့သူ ေတြကေရးဆြဲရတဲ့အခါက်ေတာ့ သူတို႔ေရးရေတာ့ သူတို႔အတြက္ အဓိကထားတယ္။ ၫႊန္ခ်ဳပ္ႏွင့္အထက္ ဆိုၿပီးတစ္ပိုင္း၊ ဒုခ်ဳပ္ႏွင့္ေအာက္ လုပ္သက္၂၅ ႏွစ္ျပည့္ ဝန္ထမ္းေကာင္းတံဆိပ္ရရွိတဲ့သူမ်ားဆိုၿပီးပါတယ္။ အေပၚပိုင္းကိုက်ေတာ့ ေပးဖို႔က်ေတာ့ ဇန္နဝါရီ ၈ ရက္မွ စာရင္းပို႔ရမယ္ဆိုၿပီး ေအာက္ေျခဝန္ ထမ္းငယ္ေတြအတြက္ကို တိက်တဲ့မူဝါဒ ဘာမွမေရးထားဘူး။ လူႀကီးေတြေစတနာက ဝန္ထမ္းေလးေတြကို ရေစခ်င္တယ္။အဓိက လုပ္သက္မ်ား ဝန္ထမ္းငယ္ေတြ ေခါင္းစဥ္တပ္ၿပီး ၫႊန္ခ်ဳပ္ေတြအတြက္ဆိုၿပီး အျပင္မွာ သတင္းထြက္ေနသလို လုပ္မယ္ဆိုရင္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း တိုင္ပင္ထားတာရွိတယ္။ လုံးဝလက္မခံဘူး။ လႊတ္ေတာ္တြင္းကေန သူတို႔ဆက္လုပ္လာမယ္ဆိုရင္ လႊတ္ေတာ္က တရားဝင္ ကန႔္ကြက္မယ္”လို႔ ဦးေမာင္ေမာင္ေဆြကေျပာပါ တယ္။

ဒီၫႊန္ၾကားခ်က္တရားဝင္ထုတ္ျပန္ထားတာနဲ႔ တၿပိဳင္နက္ သက္ဆိုင္ရာဌာနအလိုက္ ကိုယ္စားလွယ္ေတြကို ေခၚယူေဆြးေႏြးထားၿပီး အဲ့ဒီကေနတဆင့္ ကားအေရာင္းျပခန္းေတြကို ကြင္းဆင္းေျပာၾကားသြားမွာျဖစ္ၿပီး ခြင့္ျပဳခ်က္ရတာနဲ႔ဆက္လက္ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ျပည္သူ႔ဝန္ထမ္းေတြနဲ႔ ႏိုင္ငံ့ဝန္ထမ္းေတြကို ရာထူးအဆင့္အလိုက္ ကားတင္သြင္းမႈျပဳရာမွာ ဆိပ္ကမ္းအေရာက္ကားတန္ဖိုးကို ေငြက်ပ္သိန္း ၃၀၀ မွ ၁၅၀၀အထိ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #လႊတ္ေတာ္ #ကားတင္သြင္းခြင့္ #ကန္႔ကြယ္မယ္

Related posts

Leave a Comment

VOM News

FREE
VIEW