အက်ဆစ်နဲ့ပက်ပြီး အကြမ်းဖက်ခံရတဲ့အမျိုးသမီးနှစ်ဦးအမှုက တရားခံကို နှစ်လကျော်ကြာတဲ့အထိ ဖမ်းမမိနိုင်သေး

ပန်းတနော် ဇန်နဝါရီ ၉-၂၀၂၀
မိုးယံ(VOM)

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့အနောက်ပိုင်းရပ်ကွက်မှာ ၂၀၁၉ခုနှစ် အောက်တိုဘာ ၂၄ရက်ညပိုင်းက အက်ဆစ်နဲ့ပက်ပြီး အကြမ်းဖက်ခံရတဲ့အမျိုးသမီးနှစ်ဦးအမှုက တရားခံကို ဖမ်းမမိသေးဘူးလို့ သိရပါတယ်။

“ကျွန်တော်လည်း ရောက်လာတာမကြာသေးဘူး ၊ ဒီကိစ္စက ပြစ်မှုကျူးလွန်သူကိုလည်း ခံရတဲ့သူတွေက အတိအကျမပြောနိုင်ကြဘူး၊ စုံစမ်းရတာအခက်အခဲဖြစ်တာပေါ့ မသင်္ကကာသူတွေ နဲ့ နီးစပ်တဲ့CCTV တွေအစရှိသဖြ င့် ပြန်ပြီးအသေးစိတ် စစ်ဆေးနေပါတယ်။ အမြန်ဆုံး ပေါ်ပေါက်ရေး ညွန်ကြားမှုတွေ ပေးထားပါတယ်လို့ ” ပန်းတနော်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇံကပြောပါတယ်။

တစ်ရပ်ကွက်တည်းနေထိုင်တဲ့ မခင်ဥမ္မာလင်း နဲ့ မလဲ့လဲ့ဝင်းတို့နှစ်ဦးဟာ လမ်းလျှောက်လာပြီး စကားပြောနေချိန် ရုတ်တရက် အက်ဆစ်အထုပ်နဲ့ပစ်ခံရတဲ့အတွက် အမျိုးသမီးနှစ်ဦးစလုံးရဲ့ လက်မောင်း၊ရင်ဘတ်၊လည်ပင်းနေရာတွေကို အက်ဆစ်ထိမှန်လောင်ကျွမ်းခဲ့ပါတယ်။

မလဲ့လဲ့ဝင်းကတော့ မျက်နှာပြင်အစိတ်အပိုင်းတွေပါထိမှန်ပြီး ညာမျက်စိကွယ်၊ ဘယ်မျက်စိ ကိုတော့မကွယ်အောင် ကုသနေရတယ်လို့လည်း သိရပါတယ်။

“ကျွန်မရဲ့သူငယ်ချင်းကလိုက်ပို့ပြီး လမ်းထိပ်ဓါတ်တိုင်အောက်မှာ စကားပြောနေတုန်း ဆိုင်ကယ်ထောက်ပြီး လှမ်းစကားပြောတော့ ကျွန်မနဲ့ရင်းနီးတယ်ထင်ပြီး ကြည့်နေတုန်းမှာ ဆိုင်ကယ်နောက်ကလူက ကြွပ်ကြွပ်အိပ်နဲ့ပက်သွားတယ်။ ဖြစ်ဖြစ်ချင်း မျက်လုံးထဲကို ရေပိုက်တွေထည့်တယ်၊ ပြီးတော့ ရန်ကုန်ပြည်သူ့ဆေးရုံပို့တယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံမှာ ရက်ပေါင်း(၂၀)ကြာတယ်၊မျက်နှာနဲ့မေးရိုးမှာ ၇ရက်ကြာတယ်၊ နောက် မျက်စိ‌ဆေးရုံပြတယ်၊ နောက် အသက်အန္တရာယ်စိုးရိမ်ရလို့ ပန်းလှိုင်ဆေးရုံတက်ရတယ်၊ ကျွန်မကတော့ ညာဘက်မျက်စိကွယ်သွားပြီ ဘယ်ဘက်မျက်စိလည်း မှုံဝါးဝါးပဲ ဘယ်မျက်စိမကွယ်အောင် ဆက်ကုနေရတယ် ။ အားလုံးကျပ်သိန်းတစ်ရာကျော်ကုန်နေပြီ၊ ဆေးရုံကတော့ ဆင်းလာပြီ၊ ဒါပေမဲ့ အပတ်တိုင်းဆေးရုံသွားပြနေရတုန်းပဲ၊ စနစ်တကျ ကျွန်မကိုလုပ်ကြံတာလို့ ယူဆတယ်။ ကျွန်မတို့လို မိန်းမသားတွေဒါမျိုး နောက်ထပ်မဖြစ်စေချင်ဘူး၊ အမှုက တရားခံကိုလည်း အမြန်ပေါ်စေချင်တယ်”လို့ မလဲ့လဲ့ဝင်းကပြောပါတယ်။

အဲ့ဒီအမှုကို ပန်းတနော်မြို့နယ်မြို့မရဲစခန်းမှာ မခင်ဥမ္မာလင်းရဲ့အဒေါ်ဖြစ်သူက တရားလိုပြုလုပ်ကာ အောက်တိုဘာ ၂၄ရက်နေ့က အမှု့ဖွင့်တိုင်ကြားထားပြီး ရဲစခန်းက (ပ)၈၅၈ /၂၀၁၉ ရာဇသတ်ကြီးပုဒ်မ-၃၂၆/၃၂၄တို့နဲ့ အမှုဖှုင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ပန်းတနော် #အက်ဆစ်နဲ့ပက်တဲ့အမှု #တရားခံဖမ်းမမိသေး

Zawgyi

အက္ဆစ္နဲ႔ပက္ၿပီး အၾကမ္းဖက္ခံရတဲ့အမ်ိဳးသမီးႏွစ္ဦးအမႈက တရားခံကို ႏွစ္လေက်ာ္ၾကာတဲ့အထိ ဖမ္းမမိႏိုင္ေသး

ပန္းတေနာ္ ဇန္နဝါရီ ၉-၂၀၂၀
မိုးယံ(VOM)

ဧရာဝတီတိုင္း၊ ပန္းတေနာ္ၿမိဳ႕အေနာက္ပိုင္းရပ္ကြက္မွာ ၂၀၁၉ခုနွစ္ ေအာက္တိုဘာ ၂၄ရက္ညပိုင္းက အက္ဆစ္နဲ႔ပက္ၿပီး အၾကမ္းဖက္ခံရတဲ့အမ်ိဳးသမီးႏွစ္ဦးအမႈက တရားခံကုိ ဖမ္းမမိေသးဘူးလုိ႔ သိရပါတယ္။

“ကြၽန္ေတာ္လည္း ေရာက္လာတာမၾကာေသးဘူး ၊ ဒီကိစၥက ျပစ္မႈက်ဴးလြန္သူကိုလည္း ခံရတဲ့သူေတြက အတိအက်မေျပာႏိုင္ၾကဘူး၊ စုံစမ္းရတာအခက္အခဲျဖစ္တာေပါ့ မသကၤကာသူေတြ နဲ႔ နီးစပ္တဲ့CCTV ေတြအစရွိသျဖ င့္ ျပန္ၿပီးအေသးစိတ္ စစ္ေဆးေနပါတယ္။ အျမန္ဆုံး ေပၚေပါက္ေရး ၫြန္ၾကားမႈေတြ ေပးထားပါတယ္လို႔ ” ပန္းတေနာ္ၿမိဳ႕နယ္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးေက်ာ္ဇံကေျပာပါတယ္။

တစ္ရပ္ကြက္တည္းေနထိုင္တဲ့ မခင္ဥမၼာလင္း နဲ႔ မလဲ့လဲ့ဝင္းတို႔ႏွစ္ဦးဟာ လမ္းေလွ်ာက္လာၿပီး စကားေျပာေနခ်ိန္ ႐ုတ္တရက္ အက္ဆစ္အထုပ္နဲ႔ပစ္ခံရတဲ့အတြက္ အမ်ိဳးသမီးႏွစ္ဦးစလုံးရဲ႕ လက္ေမာင္း၊ရင္ဘတ္၊လည္ပင္းေနရာေတြကို အက္ဆစ္ထိမွန္ေလာင္ကြၽမ္းခဲ့ပါတယ္။

မလဲ့လဲ့ဝင္းကေတာ့ မ်က္ႏွာျပင္အစိတ္အပိုင္းေတြပါထိမွန္ၿပီး ညာမ်က္စိကြယ္၊ ဘယ္မ်က္စိ ကိုေတာ့မကြယ္ေအာင္ ကုသေနရတယ္လို႔လည္း သိရပါတယ္။

“ကၽြန္မရဲ႕သူငယ္ခ်င္းကလိုက္ပို႔ၿပီး လမ္းထိပ္ဓါတ္တိုင္ေအာက္မွာ စကားေျပာေနတုန္း ဆိုင္ကယ္ေထာက္ၿပီး လွမ္းစကားေျပာေတာ့ ကၽြန္မနဲ႔ရင္းနီးတယ္ထင္ၿပီး ၾကည့္ေနတုန္းမွာ ဆိုင္ကယ္ေနာက္ကလူက ႂကြပ္ႂကြပ္အိပ္နဲ႔ပက္သြားတယ္။ ျဖစ္ျဖစ္ခ်င္း မ်က္လုံးထဲကို ေရပိုက္ေတြထည့္တယ္၊ ၿပီးေတာ့ ရန္ကုန္ျပည္သူ႔ေဆး႐ုံပို႔တယ္၊ ရန္ကုန္ျပည္သူ႔ေဆး႐ုံမွာ ရက္ေပါင္း(၂၀)ၾကာတယ္၊မ်က္ႏွာနဲ႔ေမး႐ိုးမွာ ၇ရက္ၾကာတယ္၊ ေနာက္ မ်က္စိ‌ေဆး႐ုံျပတယ္၊ ေနာက္ အသက္အႏၲရာယ္စိုးရိမ္ရလို႔ ပန္းလႈိင္ေဆး႐ုံတက္ရတယ္၊ ကြၽန္မကေတာ့ ညာဘက္မ်က္စိကြယ္သြားၿပီ ဘယ္ဘက္မ်က္စိလည္း မႈံဝါးဝါးပဲ ဘယ္မ်က္စိမကြယ္ေအာင္ ဆက္ကုေနရတယ္ ။ အားလုံးက်ပ္သိန္းတစ္ရာေက်ာ္ကုန္ေနၿပီ၊ ေဆး႐ုံကေတာ့ ဆင္းလာၿပီ၊ ဒါေပမဲ့ အပတ္တိုင္းေဆး႐ုံသြားျပေနရတုန္းပဲ၊ စနစ္တက် ကၽြန္မကိုလုပ္ႀကံတာလို႔ ယူဆတယ္။ ကြၽန္မတို႔လို မိန္းမသားေတြဒါမ်ိဳး ေနာက္ထပ္မျဖစ္ေစခ်င္ဘူး၊ အမႈက တရားခံကိုလည္း အျမန္ေပၚေစခ်င္တယ္”လို႔ မလဲ့လဲ့ဝင္းကေျပာပါတယ္။

အဲ့ဒီအမႈကို ပန္းတေနာ္ၿမိဳ႕နယ္ၿမိဳ႕မရဲစခန္းမွာ မခင္ဥမၼာလင္းရဲ႕အေဒၚျဖစ္သူက တရားလိုျပဳလုပ္ကာ ေအာက္တိုဘာ ၂၄ရက္ေန႔က အမႈ႕ဖြင့္တိုင္ၾကားထားၿပီး ရဲစခန္းက (ပ)၈၅၈ /၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ-၃၂၆/၃၂၄တို႔နဲ႔ အမႈဖႈင့္စစ္ေဆးေနတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ပန္းတေနာ္ #အက္ဆစ္နဲ႔ပက္တဲ့အမွဳ #တရားခံဖမ္းမမိေသး

Related posts

Leave a Comment

VOM News

FREE
VIEW