မန္တလေးတက္ကသိုလ် ပင်မဆောင်၀င်တဲ့အပေါက်တွေကို ကျောင်းအုပ်ချုပ်ရေးပိုင်းက ယာယီပိတ်

မန္တလေး၊ ဇန်နဝါရီ ၁၀-၂၀၂၀
လင်းခိုင်(VOM)

မန္တလေးတက္ကသိုလ်အတွင်း အဓိပတိလမ်းရှိ ပင်မဆောင်၀င်တဲ့တံခါးပေါက်တွေကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့က လုံခြုံရေးအရ ယာယီပိတ်ထားတယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂများအဖွဲ့ကနေ သိရပါတယ်။

မန္တလေးတက္ကသိုလ်အတွင်း ဆောက်လုပ်ထားတဲ့ food court နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိဘဲ အချိန်ဆွဲနေတာ(၄)လကြာပြီ ဖြစ်တဲ့အတွက် မနေ့ ဇန်နဝါရီ၉ရက်မနက်ပိုင်းကစပြီး ကျောင်းသားသမဂ္ဂအဖွဲ့က သပိတ်စခန်းပြန်ဖွင့်ခဲ့ပါတယ်။

အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး ကျောင်းအုပ်ချုပ်ရေးပိုင်းက ပင်မဆောင်ရှေ့မှာ သပိတ်စခန်းပြန်ဖွင့်မှာကို မလိုလားတဲ့အတွက် ခုလိုပြုလုပ်တာဖြစ်တယ်လို့ သပိတ်မှောက်ကျောင်းသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ဒီကိစ္စနဲ့ပက်သက်ပြီး ကျွန်တော်တို့က လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး ဥက္ကဌကို ဖုန်းဆက်မေးတယ်၊ သူကလည်း ရန်ကုန်ရေးနေတဲ့အတွက် မသိဘူးလို့ပြောတယ်။ ဒီအနေအထားက ပါမောက္ခချုပ်က လုံခြုံရေးနှင်းစည်းကမ်းထိန်းသိမ်းရေးကို အသုံးချပြီး ထုတ်ပြန်ချက်တွေထုတ်ခိုင်းတဲ့အနေအထားဖြစ်နေပါတယ်။ ပါမောက္ခချုပ်အနေနဲ့ မလျော်ဩဇာသုံးတယ်လို့ထင်တယ်၊ ‌ကျောင်းသားကဒ်နဲ့၀င်မှ ရမယ်ဆိုတော့ တချို့ ဒီဂရီကျောင်းသားတွေရဲ့မိဘတွေလာရင်အဆင်မပြေဘူး၊ ကျွန်တော်တို့ကတော့ ကန့်ကွက်ရှုံ့ချပါတယ်”လို့ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုဝေယံထက်ကပြောပါတယ်။

မန္တလေးတက္ကသိုလ်ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ပင်မဆောင်၀င်တဲ့အပေါက်တွေကို လုံခြုံရေးအရ တောင်ဘက်စတီးတံခါးကိုသာအသုံးပြုပြီး ကျန်တံခါးတွေကို ယာယီပိတ်ထားဖို့ ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို သပိတ်မှောက်နေတဲ့ သမဂ္ဂအဖွဲ့၀င်တွေဟာ ပိတ်ထားတဲ့ ပင်မဆောင်၀င်တဲ့တံခါးပေါက်ရှေ့မှာ ထိုင်သပိတ်ပြုလုပ်နေတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #တက္ကသိုလ်၀င်ပေါက်ပိတ် #သပိတ်မှောက်ကျောင်းသား

Zawgyi

မႏၲေလးတကၠသိုလ္ ပင္မေဆာင္၀င္တဲ့အေပါက္ေတြကို ေက်ာင္းအုပ္ခ်ဳပ္ေရးပိုင္းက ယာယီပိတ္

မႏၲေလး၊ ဇန္နဝါရီ ၁၀-၂၀၂၀
လင္းခိုင္(VOM)

မႏၲေလးတကၠသိုလ္အတြင္း အဓိပတိလမ္းရွိ ပင္မေဆာင္၀င္တဲ့တံခါးေပါက္ေတြကို ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕က လုံၿခဳံေရးအရ ယာယီပိတ္ထားတယ္လို႔ မႏၲေလးတကၠသိုလ္ေက်ာင္းသားသမဂၢမ်ားအဖြဲ႕ကေန သိရပါတယ္။

မႏၲေလးတကၠသိုလ္အတြင္း ေဆာက္လုပ္ထားတဲ့ food court နဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေရးအဖြဲ႕ရဲ႕ ေဆာင္႐ြက္ခ်က္ေတြဟာ ပြင့္လင္းျမင္သာမႈမရွိဘဲ အခ်ိန္ဆြဲေနတာ(၄)လၾကာၿပီ ျဖစ္တဲ့အတြက္ မေန႔ ဇန္နဝါရီ၉ရက္မနက္ပိုင္းကစၿပီး ေက်ာင္းသားသမဂၢအဖြဲ႕က သပိတ္စခန္းျပန္ဖြင့္ခဲ့ပါတယ္။

အဲ့ဒီကိစၥနဲ႔ပက္သက္ၿပီး ေက်ာင္းအုပ္ခ်ဳပ္ေရးပိုင္းက ပင္မေဆာင္ေရွ႕မွာ သပိတ္စခန္းျပန္ဖြင့္မွာကို မလိုလားတဲ့အတြက္ ခုလိုျပဳလုပ္တာျဖစ္တယ္လို႔ သပိတ္ေမွာက္ေက်ာင္းသားေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

“ဒီကိစၥနဲ႔ပက္သက္ၿပီး ကြၽန္ေတာ္တို႔က လုံၿခဳံေရးႏွင့္စည္းကမ္းထိန္းသိမ္းေရး ဥကၠဌကို ဖုန္းဆက္ေမးတယ္၊ သူကလည္း ရန္ကုန္ေရးေနတဲ့အတြက္ မသိဘူးလို႔ေျပာတယ္။ ဒီအေနအထားက ပါေမာကၡခ်ဳပ္က လုံၿခဳံေရးႏွင္းစည္းကမ္းထိန္းသိမ္းေရးကို အသုံးခ်ၿပီး ထုတ္ျပန္ခ်က္ေတြထုတ္ခိုင္းတဲ့အေနအထားျဖစ္ေနပါတယ္။ ပါေမာကၡခ်ဳပ္အေနနဲ႔ မေလ်ာ္ဩဇာသုံးတယ္လို႔ထင္တယ္၊ ‌ေက်ာင္းသားကဒ္နဲ႔၀င္မွ ရမယ္ဆိုေတာ့ တခ်ိဳ႕ ဒီဂရီေက်ာင္းသားေတြရဲ႕မိဘေတြလာရင္အဆင္မေျပဘူး၊ ကြၽန္ေတာ္တို႔ကေတာ့ ကန႔္ကြက္ရႈံ႕ခ်ပါတယ္”လို႔ မႏၲေလးတကၠသိုလ္ေက်ာင္းသားသမဂၢ ဗကသမ်ားအဖြဲ႕ခ်ဳပ္ ဥကၠဌ ကိုေဝယံထက္ကေျပာပါတယ္။

မႏၲေလးတကၠသိုလ္ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕က ပင္မေဆာင္၀င္တဲ့အေပါက္ေတြကို လုံၿခဳံေရးအရ ေတာင္ဘက္စတီးတံခါးကိုသာအသုံးျပဳၿပီး က်န္တံခါးေတြကို ယာယီပိတ္ထားဖို႔ ဒီကေန႔ရက္စြဲနဲ႔ ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ထားတာလည္း ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕ကို သပိတ္ေမွာက္ေနတဲ့ သမဂၢအဖြဲ႕၀င္ေတြဟာ ပိတ္ထားတဲ့ ပင္မေဆာင္၀င္တဲ့တံခါးေပါက္ေရွ႕မွာ ထိုင္သပိတ္ျပဳလုပ္ေနတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #တကၠသိုလ္၀င္ေပါက္ပိတ္ #သပိတ္ေမွာက္ေက်ာင္းသား

Related posts

Leave a Comment

VOM News

FREE
VIEW