တရုတ်သမ္မတရှီကျင့်ဖျင် ဘာတွေယူလာပြီး ဘာတွေပြန်ယူသွားမလဲ

တရုတ်သမ္မတရှီကျင့်ဖျင် ဘာတွေယူလာပြီး ဘာတွေပြန်ယူသွားမလဲ

 

ရန်ကုန်-ဇန်နဝါရီ ၁၁-၂၀၂၀
အောင်ထူးနိုင်+မျိုးဆက် (VOM)

 

အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲနေတဲ့ သမ္မတကြီး ၊ မြန်မာ့ငြိမ်းချမ်းရေးအတွက် အခရာကျတဲ့ သမ္မတ မြန်မာ့အိမ်နီးချင်း အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ သမ္မတကြီး ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ လာမယ့် ဇန်နဝါရီ ၁၇ ရက်နေ့ကနေ ဇန်နဝါရီ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံကို နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်တော့မှာပါ။

 

မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ အပြောင်းအလဲလုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ၂၀၀၉ ခုနှစ်က ဒုသမ္မတ အဖြစ်နဲ့ မြန်မာနိုင်ငံကို လာခဲ့ပြီး ခုလည်း ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် သူတကျော့ပြန် လာပြန်ပါပြီ။

 

တရုတ်သမ္မတကြီးရဲ့ ခရီးစဉ်ဟာ ဘယ်လောက်အရေးပါမလဲ၊ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး အခင်းအကျင်းတွေအပေါ် ဘယ်လောက်အကျိုးသက်ရောက်မလဲဆိုတာ နိုင်ငံရေးအသိုင်းအဝိုင်းက စိတ်ဝင်တစား စောင့်ကြည့်လေ့လာနေကြပါတယ်။

 

ဒီတော့ တရုတ်သမ္မတ ရှိကျင့်ဖျင်ဟာ တရုတ်နိုင်ငံရဲ့ သမ္မတ ဘယ်လိုဖြစ်လာလဲ သူဘယ်လို ပုဂ္ဂိုလ်လဲ ဆိုတာ နည်းနည်းလေ့လာကြည့်ရအောင်ပါ။

 

ရှီကျင့်ဖျင်ကို ၁၉၅၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့မှာ တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ဖူဖျင်မှာ အဖ ရှီကျုံးရွှင်၊ အမိ ချီရှင်းတို့က မွေးဖွားခဲ့ပြီး ဟန်တရုတ်လူမျိုးဖြစ်ပါတယ်။ မွေးချင်းမောင်နှမ လေးယောက်အနက် တတိယမြောက် သားဖြစ်ပါတယ်။ အသက် ၁၄ နှစ်အရွယ်မှာ ကွန်မြူနစ်ဝါဒီဖြစ်လာတယ်။ ၁၉၇၄ ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့ပါတယ်။ မာက်စ်သီအိုရီနဲ့ အတွေးအခေါ်ယူဝါဒဆိုင်ရာ ပညာရပ် အထူးပြုဘာသာနဲ့ ချင်းဟွာတက္ကသိုလ်၊ လူ့အဖွဲ့အစည်းနဲ့ လူမှုသိပ္ပံကျောင်းမှ ဥပဒေဒေါက်တာဘွဲ့ ရရှိခဲ့ကာ ၁၉၆၉ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ဆန်ရှီးပြည်နယ် ရန်ချွမ်းဒေသရှိ ဝမ်အမ်းရိစုပေါင်း လယ်ယာ၊ လျန့်ကျားဟဲအဖွဲ့မှာ ပါတီခွဲ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ရှီကျင်းပင်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတ ဟူကျင်တောင်နေရာကို ၂၀၁၃ ခုနှစ်မတ်လ ၁၄ ရက်မှာ ဆက်ခံခဲ့ပြီး တရုတ်နိုင်ငံရဲ့ ၇ ဦးမြောက်သမ္မတဖြစ်လာခဲ့ပါတယ်။ သမ္မတတာဝန်မထမ်းဆောင်မီ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အာဏာရ တရုတ်ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ရာထူး ထမ်းဆောင်နေသလို ဗဟိုစစ်ရေးကော်မရှင်ရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။

 

သမ္မတရှီကျင်းပင်လက်ထက် ဖွံ့ဖြိုးတိုးတက်မှုအရှိန်မြင့်တက်ခဲ့ပါတယ်။ သူ့ရဲ့ ဦးဆောင်မှုနဲ့ BRI စီမံကိန်းကို လက်ရှိမှာ အကောင်အထည်ဖော်နေပြီး ဒါဟာ တရုတ်နိုင်ငံအတွက် သမိုင်းကြောင်းတစ်လျှောက်မှာ ရည်မှန်းချက်အကြီးဆုံး နိုင်ငံတကာမူဝါဒရေးရာ အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။

 

ဒီစီမံကိန်းဟာ ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကိုချိတ်ဆက်ပေးနိုင်ဖို့ရည်ရွယ်ထားပြီး အခြေခံအဆောက်အဦတွေ တစ်ဆက်တစ်စပ်တည်းဖြစ်မှု၊ လွတ်လပ်သောကုန်သွယ်မှုနဲ့ ပြည်သူအချင်းချင်းကုန်သွယ်မှုကို မြင့်တင်ပေးဖို့ ရည်ရွယ်ထားပြီး မြန်မာနိုင်ငံဟာလည်း ဒီစီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသပါဝင်နေပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ၁၉၈၇ ခုနှစ်မှာ တံခါးပိတ်စီးပွားရေးစနစ်ကနေ ဈေးကွက်စီးပွားရေးကို ပြောင်းလဲကျင့်သုံးခဲ့တာကြောင့် စီးပွားရေအလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာခဲ့တာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ပို့ကုန်တင်ပို့သူနဲ့ ဒုတိယအကြီးဆုံး သွင်းကုန်တင်သွင်းတဲ့နိုင်ငံဖြစ်ပါတယ်။ ဂျီဒီပီအရလည်း ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ် လာခဲ့ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သလို ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ WTO ၊ APEC ၊ G-20 အဖွဲ့ဝင်နိုင်ငံလည်းဖြစ်ပါတယ်။ စစ်ရေးအနေနဲ့ နျူကလီးယားလက်နက်တွေကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အင်အားကြီး စစ်တပ်နဲ့ စစ်ရေးအသုံးရိတ်ကတော့ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး အသုံးပြုတဲ့ နိုင်ငံဖြစ်ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ အရှေ့အာရှရဲ့ အကြီးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့မှာ တတိယ သို့မဟုတ် စတုတ္ထအကြီးဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ လူဦးရေအနေနဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ ၁၄၃၅ သန်းရှိပြီး ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးနိုင်ငံဖြစ်ပါတယ်။

ဧရိယာစတုရန်းမိုင်ပေါင်း ၉ ဒသမ ၆ သန်းရှိပြီး မြေမျက်နှာသွင်ပြင်မျိုးစုံရှိတဲ့ တရုတ်နိုင်ငံမှာ ပြည်နယ်ပေါင်း ၂၂ ခု၊ ပိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ မြူနီစီပါယ်အုပ်ချုပ်ရေးမြို့တော် ၄ ခုနဲ့ အထူးအုပ်ချုပ်ရေးဒေသ ၂ ခုရှိပြီး အာဏာရတရုတ်ကွန်မြူနစ်ပါတီက အုပ်ချုပ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ ရှီကျင့်ဖျင်ဟာ ဒုသမ္မတအနေနဲ့ မြန်မာနိုင်ငံကို လာရောက်ဖူးပေမယ့် ခုမြန်မာပြည်ခရီးစဉ်ဟာ သမ္မတရှီရဲ့ ဒီနှစ်သစ်အတွက် ပထမဆုံးပြည်ပခရီးစဉ်လည်းဖြစ်သလို သမ္မတအနေနဲ့တော့ ဒီခရီးစဉ်ဟာ ပထမဆုံးအကြိမ်လာရောက်ခြင်းလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို တရုတ်သမ္မတဟောင်း ကျန်ဇီမင်းက ၂၀၀၁ ခုနှစ်မှာ လာရောက်ခဲ့ပြီးနောက် ၁၉ နှစ်တာကာလအတွင်း မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် တရုတ်သမ္မတရှီရဲ့ ပထမဆုံးခရီးစဉ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို ဘာတွေအကျိုးသက်ရောက်မှုဖြစ်မလဲဆိုတာ လေ့လာသုံးသပ်သူတွေက အကဲခတ်နေကြပါတယ်။

 

တရုတ်-မြန်မာသံတမန်ဆက်ဆံရေးကို ၁၉၅၀ ခုနှစ်မှာ စတင်ခဲ့တာဟာ အခုဆိုရင် နှစ်(၇၀)ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာ ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော် ပမာဏအထိ ရှိနေပါတယ်။ ဒါတင်မကသေးဘဲ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တခြားဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တွေမှာ တရုတ်နိုင်ငံက ပါဝင်ပတ်သက်မှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်ထားရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အိုင်စီဂျေတရားရုံးကို မသွားခင်လေးမှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မြန်မာနိုင်ငံကိုရောက်လာခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပါတယ်။

လက်ရှိမှာ အိုင်စီဂျေက အပြီးသတ်အမိန့်ချမှတ်ခြင်းမရှိသေးပေမယ့် အမိန့်ချပြီးရင် မြန်မာနိုင်ငံအတွက် အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေ ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

သမ္မတရှီရဲ့ခရီးစဉ်ဟာ နိုင်ငံတကာတရားရုံးက အမိန့်မချခင် မြန်မာအစိုးရကို လာရောက်အားပေးတာလို့ သုံးသပ်နေသူတွေလည်း ရှိပါတယ်။ တချို့လေ့လာသူတွေကတော့ မြန်မာ့အခက် တရုတ်အချက်လို့ သုံးသပ်ကြပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူဖြစ်တဲ့ ဦးမောင်မောင်စိုးက “အနောက်အုပ်စုတွေက တွန်းလေလေ မြန်မာဟာ တရုတ်၊ ဂျပန်၊ အိန္ဒိယတို့နဲ့ ပိုပြီးတော့ နီးလေလေ ဖြစ်မှာပဲ”လို့ ပြောပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ပိုပြီးနီးစပ်ဖို့ ရှိနေပါတယ်။

 

ဒါ့အပြင် မြန်မာအစိုးရဘက်ကတာဝန်ရှိသူတွေကလည်း သမ္မတရှီရဲ့ ခရီးစဉ်အတွင်း ကျောက်ဖြူရေနက်ဆိပ်ကမ်းအပါအဝင် နားလည်မှုစာချွန်လွှာ (၇) ခုလောက် လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ မီဒီယာတွေမှာ ပြောဆိုထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အရေးမှာလည်း အန်စီအေလက်မှတ်မထိုးရသေးဘဲ တိုက်ပွဲတွေဖြစ်နေတဲ့ မြောက်ပိုင်းကလက်နက်ကိုင်အဖွဲ့ တွေနဲ့. ငြိမ်းချမ်းရေးဆက်ဆွေးနွေးဖို့ ကိစ္စဟာလည်း တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍဟာ အရေးပါတဲ့နေရာမှာရှိနေတာမို့ ဒီကိစ္စတွေလည်း ဆွေးနွေးကောင်းဆွေးနွေးနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

 

(One Belt & One Road-OBOR) ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု (ခါးပတ်တစ်ကွင်း လမ်းတစ်စင်း) အစီအစဉ်ကို သမ္မတရှီက ၂၀၁၃ ခုနှစ်မှာ စတင်ဖော်ထုတ်ခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ စီးပွားရေးကို အာရှဒေသနဲ့ ဥရောပဒေသအကြား ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်၊ တောင်ပစိဖိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာနဲ့ တစ်ဆက်တည်းရှိတဲ့ အရှေ့တောင်အာရှနိုင်ငံတွေ၊ ပင်လယ်သမုဒ္ဒရာကျွန်းနိုင်ငံတွေ၊ အရှေ့အာဖရိကနိုင်ငံတွေနဲ့ မြေထဲပင်လယ်မြောက်ပိုင်းနိုင်ငံတွေကြားမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတာမို့ သမ္မတရှီဖော်ဆောင်မယ့် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု အစီအစဉ်မှာ အရေးပါနေပါတယ်။ ဒါကြောင့် ဒီအစီအစဉ်မှာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက ပါဝင်စေလိုပါတယ်။ ဒီလိုဆန္ဒရှိတဲ့အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ တက်ရောက်ခဲ့ပါတယ်။ ဒီကာလအတွင်း မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး တရုတ်-မြန်မာ စီးပွားရေးစြင်္ကံတည်ဆောက်ဖို့ အဆိုပြုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရာမှာလည်း သမ္မတရှီက တရုတ်-မြန်မာ စီးပွားရေးစြင်္ကံ တည်ဆောက်ရေးအတွက် ထပ်မံအဆိုပြုခဲ့တာကြောင့် သဘောတူညီခဲ့ကြတယ်လို့ သိရတယ်။

တရုတ်-မြန်မာစီးပွားရေးစြင်္ကံမှာ တရုတ်နိုင်ငံ ရွှေလီမြို့မှ မြန်မာနိုင်ငံ မူဆယ်မြို့၊ မူဆယ်မှ မန္တလေး၊ မန္တလေးမှ အရှေ့ဘက်မှာ ရန်ကုန်အထိ၊ အနောက်ဘက်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အထိ ဆက်သွယ်ဖို့ ဖြစ်ပါတယ်။ ဒီစီးပွားရေးစြင်္ကံလမ်းကို တရုတ်နိုင်ငံက အင်္ဂလိပ်အက္ခရာ “Y” ပြောင်းပြန် စီမံကိန်းအဖြစ် တင်စားထားပါတယ်။

ဒါဟာ သမ္မတရှီ အကောင်အထည်ဖော်နေတဲ့ (One Belt & One Road-OBOR)၊ ဒါမှမဟုတ် မြန်မာအခေါ် ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခု ပိုးလမ်းမကြီးစီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီခရီးစဉ်အတွင်း ဒီစီမံကိန်းနဲ့ပတ်သက်လို့လည်း ဆွေးနွေးနိုင်ချေရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံအတွက်တော့ အားကိုးဖွယ် အိမ်နီးချင်းနိုင်ငံကြီးလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံဟာ အဖက်ဖက်က ဆက်နွယ်နေတာကြောင့် ဒီနိုင်ငံနဲ့ အရေးပါတဲ့ပူးပေါင်းဆောင်ရွက်မှုက ဆက်လုပ်ရမယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“မဖြစ်မနေ ဆက်လုပ်ရမယ်။ ဒါပေမယ့် တရုတ်နိုင်ငံကိုပဲ အမြဲအားကိုးပြီးတော့ မှီခိုနေရတဲ့အဆင့်တော့ ဘယ်တော့မှ မရောက်ဘူးဆိုတာ ကျွန်တော်တို့ ပြောနိုင်ပါတယ်”လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနဲ့ နှစ်ပေါင်း(၇၀) လောက် သံတမန်ဆက်ဆံရေးရှိခဲ့ပေမယ့် မြန်မာပြည်သူတွေအတွက်တော့ အကျိုးမရှိဘဲ မြန်မာဟာ နစ်နာတယ်ဆိုတဲ့ အမြင်တွေလည်း ရှိနေပါတယ်။ ဒါဟာ မြန်မာထဲမှာ လာရောက်ရင်းနှီးမြုပ်နှံတဲ့ တရုတ်စီမံကိန်းတွေဟာ ပွင့်လင်းမြင်သာမှုမရှိတာ၊ မြန်မာအတွက် အကျိုးအမြတ်ခွဲဝေမှုနည်းတာ စတဲ့ကိစ္စရပ်တွေက မြန်မာပြည်သူတွေအတွက် ပြောစရာတွေ ဖြစ်လာပါတယ်။

 

 

မြန်မာထဲမှာ တရုတ်ရဲ့စီမံကိန်းတစ်ခုဖြစ်တဲ့ မြစ်ဆုံကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရနဲ့ ပြည်သူတွေအကြား မကျေလည်တာတွေလည်း ရှိနေပါသေးတယ်။ ဒီစီမံကိန်းဟာ အပြီးရပ်ဆိုင်းထားတာမဟုတ်တဲ့အတွက် သမ္မတရှီရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ပြန်လည်ဆွေးနွေးတာမျိုးလုပ်မှာကို မြန်မာပြည်သူတွေက စိုးရိမ်နေကြပါတယ်။

အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ်ဖိအားကို ဆန့်ကျင်နိုင်ဖို့အတွက် တရုတ်ကို မြန်မာက အားကိုးရမယ့် အခြေအနေ ဖြစ်နေပါတယ်။ ဒီလိုအခြေအနေဟာ မြန်မာနိုင်ငံက တရုတ်ရဲ့ လက်အောက်ကို ရောက်မှန်းမသိ ရောက်သွားနိုင်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ(ISP Myanmar)ရဲ့ ပြင်ပဆက်ဆံဆက်သွယ်ရေးဒါရိုက်တာ ဦးအောင်သူငြိမ်းက ပြောပါတယ်။

“ယေဘုယျပြောရင်တော့ ကျွန်တော်တို့ဆီမှာ ရင်းနှီးမြုပ်နှံမှုတွေ ပိုလာဖို့ ရှိမယ်လို့ ထင်တယ်။ ဒါက လူထုအတွက် အကျိုးအမြတ်စီးဆင်မှုဖြစ်မလားဆိုတာကိုတော့ အစိုးရရဲ့ လိမ္မာပါးနပ်မှုအပေါ်မှာပဲ မူတည်ပါတယ်”လို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။

 

ဘယ်သူတွေ ဘယ်လို ပြောဆိုထောက်ပြနေပါစေ။ တရုတ်စီမံကိန်းကြီးတွေက တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေကလည်း အနောက်နိုင်ငံကိုလည်း အံတုလို့မရနိုင်သေးသလို တရုတ်လက်အောက်ကလည်း ရုန်းထွက်လို့ မရနိုင်သေးပါဘူး။ ဒီလိုအခြေအနေတွေကြောင့် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်-မြန်မာစီးပွားရေးစြင်္ကံကို လက်ခံခဲ့ဟန်တူပါတယ်။ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဒီစီမံကိန်းကြီးထဲကို မြန်မာက ပါဝင်ပတ်သက်ရပါတော့မယ်။ မြန်မာနိုင်ငံကို သမ္မတရှီလာရင် ဘာတွေပါလာမှာလဲ၊ သမ္မတရှီပြန်သွားရင်ရော ဘာတွေယူသွားမလဲဆိုတာ စောင့်ကြည့်လေ့လာရဦးမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရှီကျင့်ဖျင် #တရုတ်မြန်မာဆက်ဆံရေး

 

Zawgyi

တရုုတ္သမၼတရွီက်င့္ဖ်င္ ဘာေတြယူလာျပီး ဘာေတြျပန္ယူသြားမလဲ

ရန္ကုုန္-ဇန္နဝါရီ ၁၁-၂၀၂၀
ေအာင္ထူးနိုုင္+မ်ိဳးဆက္ (VOM)

အေမရိကန္နဲ႕ ကုုန္သြယ္ေရးစစ္ပြဲဆင္ႏႊဲေနတဲ႕ သမၼတၾကီး ၊ ျမန္မာ့ျငိမ္းခ်မ္းေရးအတြက္ အခရာက်တဲ႕ သမၼတ ျမန္မာ့အိမ္နီးခ်င္း အားၾကီးနိုုင္ငံျဖစ္တဲ႕ တရုုတ္နိုုင္ငံရဲ႕ သမၼတၾကီး ရွီက်င့္ဖ်င္ဟာ ျမန္မာႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္ရဲ႕ ဖိတ္ၾကားခ်က္အရ လာမယ့္ ဇန္နဝါရီ ၁၇ ရက္ေန႔ကေန ဇန္နဝါရီ ၁၈ ရက္ေန႔အထိ ျမန္မာႏိုင္ငံကို ႏိုင္ငံေတာ္ခရီးစဥ္အျဖစ္ လာေရာက္ေတာ့မွာပါ။

 

ျမန္မာနိုုင္ငံရဲ႕ အေရးၾကီးတဲ႕ အေျပာင္းအလဲလုုပ္ခဲ႕တဲ႕ ၂၀၁၀ ေရြးေကာက္ပြဲမတိုုင္ခင္ ၂၀၀၉ ခုုႏွစ္က ဒုုသမၼတ အျဖစ္နဲ႕ ျမန္မာနုုိင္ငံကိုု လာခဲ႕ျပီး ခုုလည္း ၂၀၂၀ ေရြးေကာက္ပြဲ မတိုုင္ခင္ သူတေက်ာ့ျပန္ လာျပန္ပါျပီ။

 

တရုုတ္သမၼတၾကီးရဲ႕ ခရီးစဥ္ဟာ ဘယ္ေလာက္အေရးပါမလဲ၊ ျမန္မာ့နုုိင္ငံေရး၊ စီးပြားေရး၊ ျငိမ္းခ်မ္းေရး အခင္းအက်င္းေတြအေပၚ ဘယ္ေလာက္အက်ိဳးသက္ေရာက္မလဲဆိုုတာ နိုုင္ငံေရးအသိုုင္းအဝိုုင္းက စိတ္ဝင္တစား ေစာင့္ၾကည့္ေလ့လာေနၾကပါတယ္။

 

ဒီေတာ့ တရုုတ္သမၼတ ရွိက်င့္ဖ်င္ဟာ တရုုတ္နိုုင္ငံရဲ႕ သမၼတ ဘယ္လိုုျဖစ္လာလဲ သူဘယ္လုုိ ပုုဂၢိဳလ္လဲ ဆိုုတာ နည္းနည္းေလ့လာၾကည့္ရေအာင္ပါ။

 

ရွီက်င့္ဖ်င္ကို ၁၉၅၃ ခုႏွစ္၊ ဇြန္လ ၁၅ ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံ ဆန္ရွီးျပည္နယ္ ဖူဖ်င္မွာ အဖ ရွီက်ဳံး႐ႊင္၊ အမိ ခ်ီရွင္းတို႔က ေမြးဖြားခဲ့ၿပီး ဟန္တ႐ုတ္လူမ်ိဳးျဖစ္ပါတယ္။ ေမြးခ်င္းေမာင္ႏွမ ေလးေယာက္အနက္ တတိယေျမာက္ သားျဖစ္ပါတယ္။ အသက္ ၁၄ ႏွစ္အ႐ြယ္မွာ ကြန္ျမဴနစ္ဝါဒီျဖစ္လာတယ္။ ၁၉၇၄ ခုႏွစ္မွာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ကြန္ျမဴနစ္ပါတီသို႔ ဝင္ေရာက္ခဲ့ပါတယ္။ မာက္စ္သီအိုရီနဲ႔ အေတြးအေခၚယူဝါဒဆိုင္ရာ ပညာရပ္ အထူးျပဳဘာသာနဲ႔ ခ်င္းဟြာတကၠသိုလ္၊ လူ႔အဖြဲ႕အစည္းနဲ႔ လူမႈသိပၸံေက်ာင္းမွ ဥပေဒေဒါက္တာဘြဲ႕ ရရွိခဲ့ကာ ၁၉၆၉ ခုႏွစ္မွ ၁၉၇၅ ခုႏွစ္အထိ ဆန္ရွီးျပည္နယ္ ရန္ခြၽမ္းေဒသရွိ ဝမ္အမ္းရိစုေပါင္း လယ္ယာ၊ လ်န႔္က်ားဟဲအဖြဲ႕မွာ ပါတီခြဲ အတြင္းေရးမႉးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

ရိွီက်င္းပင္ဟာ တရုတ္ျပည္သူ႔သမၼတနိုင္ငံရဲ႕ သမၼတ ဟူက်င္ေတာင္ေနရာကို ၂၀၁၃ ခုနွစ္မတ္လ ၁၄ ရက္မွာ ဆက္ခံခဲ႔ျပီး တရုတ္နုိင္ငံရဲ႕ ၇ ဦးေျမာက္သမၼတျဖစ္လာခဲ႕ပါတယ္။ သမၼတတာ၀န္မထမ္းေဆာင္မီ ၂၀၀၈ ခုနွစ္ကေန ၂၀၁၃ ခုနွစ္အထိ ဒုတိယသမၼတအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ႔သူျဖစ္ပါတယ္။

လက္ရိွအခ်ိန္မွာေတာ႔ အာဏာရ တရုတ္ကြန္ျမဴနစ္ပါတီရဲ႕ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ရာထူး ထမ္းေဆာင္ေနသလို ဗဟိုစစ္ေရးေကာ္မရွင္ရဲ႕ ဥကၠဌလည္းျဖစ္ပါတယ္။

 

သမၼတရိွီက်င္းပင္လက္ထက္ ဖြံ႕ျဖိဳးတိုးတက္မႈအရိွန္္ျမင္႔တက္ခဲ႔ပါတယ္။ သူ႔ရဲ႕ ဦးေဆာင္မႈန႔ဲ BRI စီမံကိန္းကို လက္ရိွမွာ အေကာင္အထည္ေဖာ္ေနျပီး ဒါဟာ တရုတ္နုိင္ငံအတြက္ သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ ရည္မွန္းခ်က္အၾကီးဆံုး နုိင္ငံတကာမူ၀ါဒေရးရာ အစီအစဥ္တစ္ခုလည္းျဖစ္ပါတယ္။

 

ဒီစီမံကိန္းဟာ ကမၻာ႔နုိင္ငံေပါင္း ၆၀ ကိုခ်ိတ္ဆက္ေပးနုိင္ဖို႔ရည္ရြယ္ထားျပီး အေျခခံအေဆာက္အဦေတြ တစ္ဆက္တစ္စပ္တည္းျဖစ္မႈ၊ လြတ္လပ္ေသာကုန္သြယ္မႈနဲ႔ ျပည္သူအခ်င္းခ်င္းကုန္သြယ္မႈကို ျမင္႔တင္ေပးဖို႔ ရည္ရြယ္ထားျပီး ျမန္မာနုိင္ငံဟာလည္း ဒီစီမံကိန္းရ႕ဲ တစ္စိတ္တစ္ေဒသပါ၀င္ေနပါတယ္။

တရုတ္ျပည္သူ႔သမၼတနိုင္ငံဟာ ၁၉၈၇ ခုနွစ္မွာ တံခါးပိတ္စီးပြားေရးစနစ္ကေန ေစ်းကြက္စီးပြားေရးကို ေျပာင္းလဲက်င္႔သံုးခဲ႔တာေၾကာင္႔ စီးပြားေရအလ်င္အျမန္ဖြံ႕ျဖိဳးတိုးတက္လာခဲ႔တာျဖစ္ျပီး ကမၻာ႔အၾကီးဆံုး ပို႔ကုန္တင္ပို႔သူနဲ႔ ဒုတိယအၾကီးဆံုး သြင္းကုန္တင္သြင္းတဲ႔နိုင္ငံျဖစ္ပါတယ္။ ဂ်ီဒီပီအရလည္း ကမၻာ႔ဒုတိယ စီးပြားေရးအင္အားၾကီးနိုင္ငံျဖစ္ လာခဲ႔ပါတယ္။
ဒါ႔အျပင္ ကုလသမဂၢလံုျခံဳေရးေကာင္စီမွာ အျမဲတမ္းအဖြဲ႔၀င္နုိင္ငံတစ္နုိင္ငံျဖစ္သလို ကမၻာ႔ကုန္သြယ္ေရး အဖြဲ႔ WTO ၊ APEC ၊ G-20 အဖြဲ႔၀င္နိုင္ငံလည္းျဖစ္ပါတယ္။ စစ္ေရးအေနနဲ႔ န်ဴကလီးယားလက္နက္ေတြကို ပိုင္ဆိုင္ထားျပီး ကမၻာ႔အင္အားၾကီး စစ္တပ္နဲ႔ စစ္ေရးအသံုးရိတ္ကေတာ႔ကမၻာေပၚမွာ ဒုတိယအမ်ားဆံုး အသံုးျပဳတဲ႔ နိုင္ငံျဖစ္ပါတယ္။
တရုတ္ျပည္သူ႔သမၼတနိုင္ငံဟာ အေရွ႕အာရွရဲ႕ အၾကီးဆံုးနိုင္ငံျဖစ္ျပီး ကမၻာ႔မွာ တတိယ သို႔မဟုတ္ စတုတၳအၾကီးဆံုးနိုင္ငံလည္းျဖစ္ပါတယ္။ လူဦးေရအေနနဲ႔ ၂၀၁၉ ခုနွစ္ နုိ၀င္ဘာလအထိ ၁၄၃၅ သန္းရိွျပီး ကမၻာေပၚမွာ လူဦးေရအမ်ားဆံုးနုိင္ငံျဖစ္ပါတယ္။

ဧရိယာစတုရန္းမိုင္ေပါင္း ၉ ဒသမ ၆ သန္းရိွျပီး ေျမမ်က္နွာသြင္ျပင္မ်ိဳးစံုရိွတဲ႔ တရုတ္နိုင္ငံမွာ ျပည္နယ္ေပါင္း ၂၂ ခု၊ ပိုင္ပိုင္အုပ္ခ်ဳပ္ခြင္႔ရေဒသ ၅ ခု၊ ျမဴနီစီပါယ္အုပ္ခ်ဳပ္ေရးျမိဳ႕ေတာ္ ၄ ခုနဲ႔ အထူးအုပ္ခ်ဳပ္ေရးေဒသ ၂ ခုရိွျပီး အာဏာရတရုတ္ကြန္ျမဴနစ္ပါတီက အုပ္ခ်ဳပ္ပါတယ္။

၂၀၀၉ ခုႏွစ္မွာ ရွီက်င့္ဖ်င္ဟာ ဒုသမၼတအေနနဲ႔ ျမန္မာႏိုင္ငံကို လာေရာက္ဖူးေပမယ့္ ခုုျမန္မာျပည္ခရီးစဥ္ဟာ သမၼတရွီရဲ႕ ဒီႏွစ္သစ္အတြက္ ပထမဆုံးျပည္ပခရီးစဥ္လည္းျဖစ္သလိုု သမၼတအေနနဲ႔ေတာ့ ဒီခရီးစဥ္ဟာ ပထမဆုံးအႀကိမ္လာေရာက္ျခင္းလည္း ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကို တ႐ုတ္သမၼတေဟာင္း က်န္ဇီမင္းက ၂၀၀၁ ခုႏွစ္မွာ လာေရာက္ခဲ့ၿပီးေနာက္ ၁၉ ႏွစ္တာကာလအတြင္း ျမန္မာႏိုင္ငံကို ေရာက္ရွိလာမယ့္ တ႐ုတ္သမၼတရွီရဲ႕ ပထမဆုံးခရီးစဥ္နဲ႔ပတ္သက္လို႔ ျမန္မာႏိုင္ငံကို ဘာေတြအက်ိဳးသက္ေရာက္မႈျဖစ္မလဲဆိုတာ ေလ့လာသုံးသပ္သူေတြက အကဲခတ္ေနၾကပါတယ္။

 

တ႐ုတ္-ျမန္မာသံတမန္ဆက္ဆံေရးကို ၁၉၅၀ ခုႏွစ္မွာ စတင္ခဲ့တာဟာ အခုဆိုရင္ ႏွစ္(၇၀)ျပည့္ေျမာက္ေတာ့မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ တ႐ုတ္-ျမန္မာ ကုန္သြယ္မႈဟာ အေမရိကန္ေဒၚလာ သန္း ၁၀၀၀ ေက်ာ္ ပမာဏအထိ ရွိေနပါတယ္။ ဒါတင္မကေသးဘဲ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ တျခားဖြံ႕ၿဖိဳးတိုးတက္ေရးကိစၥရပ္ေတြမွာ တ႐ုတ္ႏိုင္ငံက ပါဝင္ပတ္သက္မႈေတြ ရွိေနပါတယ္။

ျမန္မာႏိုင္ငံဟာ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းက ႏိုင္ငံတကာတရား႐ုံးမွာ ရင္ဆိုင္ထားရတဲ့ ႏိုင္ငံ ျဖစ္ပါတယ္။ အိုုင္စီေဂ်တရားရံုုးကုုိုု မသြားခင္ေလးမွာလည္း တရုုတ္နုုိင္ငံျခားေရးဝန္ၾကီး ဝမ္ယိဟာ ျမန္မာနိုုင္ငံကိုုေရာက္လာခဲ႕ျပီး နိုုင္ငံေတာ္အတုုိင္ပင္ခံပုုဂၢိဳလ္ ေဒၚေအာင္ဆန္းစုုၾကည္နဲ႕ေတြ႕ဆံုုခဲ႕ပါတယ္။

လက္ရွိမွာ အိုုင္စီေဂ်က အၿပီးသတ္အမိန႔္ခ်မွတ္ျခင္းမရွိေသးေပမယ့္ အမိန႔္ခ်ၿပီးရင္ ျမန္မာႏိုင္ငံအတြက္ အေနာက္ႏိုင္ငံေတြက ပိတ္ဆို႔မႈေတြ ျဖစ္လာႏိုင္တယ္လို႔ ေလ့လာသူေတြက ဆိုပါတယ္။

သမၼတရွီရဲ႕ခရီးစဥ္ဟာ ႏိုင္ငံတကာတရား႐ုံးက အမိန႔္မခ်ခင္ ျမန္မာအစိုးရကို လာေရာက္အားေပးတာလို႔ သုံးသပ္ေနသူေတြလည္း ရွိပါတယ္။ တခ်ိဳ႕ေလ့လာသူေတြကေတာ့ ျမန္မာ့အခက္ တ႐ုတ္အခ်က္လို႔ သုံးသပ္ၾကပါတယ္။
ႏိုင္ငံေရးေလ့လာသုံးသပ္သူျဖစ္တဲ့ ဦးေမာင္ေမာင္စိုးက “အေနာက္အုပ္စုေတြက တြန္းေလေလ ျမန္မာဟာ တ႐ုတ္၊ ဂ်ပန္၊ အိႏၵိယတို႔နဲ႔ ပိုၿပီးေတာ့ နီးေလေလ ျဖစ္မွာပဲ”လို႔ ေျပာပါတယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံနဲ႔ ပိုၿပီးနီးစပ္ဖို႔ ရွိေနပါတယ္။

 

ဒါ့အျပင္ ျမန္မာအစိုးရဘက္ကတာဝန္ရွိသူေတြကလည္း သမၼတရွွီရဲ႕ ခရီးစဥ္အတြင္း ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းအပါအဝင္ နားလည္မႈစာခြၽန္လႊာ (၇) ခုေလာက္ လက္မွတ္ေရးထိုးဖို႔ ရွိတယ္လို႔ မီဒီယာေတြမွာ ေျပာဆိုထားပါတယ္။
တိုုင္းရင္းသားလက္နက္ကိုုင္အေရးမွာလည္း အန္စီေအလက္မွတ္မထုုိးရေသးဘဲ တိုုက္ပြဲေတြျဖစ္ေနတဲ႕ ေျမာက္ပိုုင္းကလက္နက္ကိုုင္အဖြဲ႕ ေတြနဲ႕. ျငိမ္းခ်မ္းေရးဆက္ေဆြးေႏြးဖိုု႕ ကိစၥဟာလည္း တရုုတ္နုုိင္ငံရဲ႕အခန္းက႑ဟာ အေရးပါတဲ႕ေနရာမွာရွိေနတာမိုု႕ ဒီကိစၥေတြလည္း ေဆြးေႏြးေကာင္းေဆြးေႏြးနိုုင္တယ္လိုု႕ သံုုးသပ္သူေတြလည္း ရွိေနပါတယ္။

 

(One Belt & One Road-OBOR) ရပ္ဝန္းတစ္ခု လမ္းေၾကာင္းတစ္ခု (ခါးပတ္တစ္ကြင္း လမ္းတစ္စင္း) အစီအစဥ္ကို သမၼတရွီက ၂၀၁၃ ခုႏွစ္မွာ စတင္ေဖာ္ထုတ္ခဲ့ပါတယ္။ ဒီအစီအစဥ္ဟာ စီးပြားေရးကို အာရွေဒသနဲ႔ ဥေရာပေဒသအၾကား ပူးေပါင္းေဆာင္႐ြက္ဖို႔ ျဖစ္ပါတယ္။ ေတာင္တ႐ုတ္ပင္လယ္၊ ေတာင္ပစိဖိတ္သမုဒၵရာ၊ အိႏၵိယသမုဒၵရာနဲ႔ တစ္ဆက္တည္းရွိတဲ့ အေရွ႕ေတာင္အာရွႏိုင္ငံေတြ၊ ပင္လယ္သမုဒၵရာကြၽန္းႏိုင္ငံေတြ၊ အေရွ႕အာဖရိကႏိုင္ငံေတြနဲ႔ ေျမထဲပင္လယ္ေျမာက္ပိုင္းႏိုင္ငံေတြၾကားမွာ စီးပြားေရးပူးေပါင္းေဆာင္႐ြက္ဖို႔ ျဖစ္ပါတယ္။

 

ျမန္မာႏိုင္ငံက တ႐ုတ္ႏိုင္ငံနဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတာမို႔ သမၼတရွီေဖာ္ေဆာင္မယ့္ ရပ္ဝန္းတစ္ခု လမ္းေၾကာင္းတစ္ခု အစီအစဥ္မွာ အေရးပါေနပါတယ္။ ဒါေၾကာင့္ ဒီအစီအစဥ္မွာ ျမန္မာႏိုင္ငံကို တ႐ုတ္ႏိုင္ငံက ပါဝင္ေစလိုပါတယ္။ ဒီလိုဆႏၵရွိတဲ့အတြက္ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလက ျမန္မာႏိုင္ငံမွာ က်င္းပတဲ့ ႏိုင္ငံျခားေရးဝန္ႀကီးအဆင့္ အစည္းအေဝးကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယိ တက္ေရာက္ခဲ့ပါတယ္။ ဒီကာလအတြင္း ျမန္မာေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံၿပီး တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍတည္ေဆာက္ဖို႔ အဆိုျပဳခဲ့တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ဒီဇင္ဘာလအတြင္း တ႐ုတ္ႏိုင္ငံကို ေဒၚေအာင္ဆန္းစုၾကည္ သြားေရာက္ရာမွာလည္း သမၼတရွီက တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍ တည္ေဆာက္ေရးအတြက္ ထပ္မံအဆိုျပဳခဲ့တာေၾကာင့္ သေဘာတူညီခဲ့ၾကတယ္လို႔ သိရတယ္။
တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍမွာ တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕မွ ျမန္မာႏိုင္ငံ မူဆယ္ၿမိဳ႕၊ မူဆယ္မွ မႏၲေလး၊ မႏၲေလးမွ အေရွ႕ဘက္မွာ ရန္ကုန္အထိ၊ အေနာက္ဘက္မွာ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕အထိ ဆက္သြယ္ဖို႔ ျဖစ္ပါတယ္။ ဒီစီးပြားေရးစႀကႍလမ္းကို တ႐ုတ္ႏိုင္ငံက အဂၤလိပ္အကၡရာ “Y” ေျပာင္းျပန္ စီမံကိန္းအျဖစ္ တင္စားထားပါတယ္။

ဒါဟာ သမၼတရွီ အေကာင္အထည္ေဖာ္ေနတဲ့ (One Belt & One Road-OBOR)၊ ဒါမွမဟုတ္ ျမန္မာအေခၚ ရပ္ဝန္းတစ္ခုလမ္းေၾကာင္းတစ္ခု ပိုးလမ္းမႀကီးစီမံကိန္းရဲ႕ တစ္စိတ္တစ္ေဒသပဲ ျဖစ္ပါတယ္။
ဒါ့ေၾကာင့္ ဒီခရီးစဥ္အတြင္း ဒီစီမံကိန္းနဲ႔ပတ္သက္လို႔လည္း ေဆြးေႏြးႏိုင္ေခ်ရွိတယ္လို႔ ေလ့လာသူေတြက ဆိုပါတယ္။ တ႐ုတ္ဟာ ျမန္မာႏိုင္ငံအတြက္ေတာ့ အားကိုးဖြယ္ အိမ္နီးခ်င္းႏိုင္ငံႀကီးလည္း ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံအတြက္ တ႐ုတ္ႏိုင္ငံဟာ အဖက္ဖက္က ဆက္ႏြယ္ေနတာေၾကာင့္ ဒီႏိုင္ငံနဲ႔ အေရးပါတဲ့ပူးေပါင္းေဆာင္႐ြက္မႈက ဆက္လုပ္ရမယ္လို႔ NLD ပါတီရဲ႕ ေျပာခြင့္ရ ေဒါက္တာမ်ိဳးၫြန႔္က ေျပာပါတယ္။

“မျဖစ္မေန ဆက္လုပ္ရမယ္။ ဒါေပမယ့္ တ႐ုတ္ႏိုင္ငံကိုပဲ အၿမဲအားကိုးၿပီးေတာ့ မွီခိုေနရတဲ့အဆင့္ေတာ့ ဘယ္ေတာ့မွ မေရာက္ဘူးဆိုတာ ကြၽန္ေတာ္တို႔ ေျပာႏိုင္ပါတယ္”လို႔ ေဒါက္တာမ်ိဳးၫြန႔္က ေျပာပါတယ္။
တ႐ုတ္ႏိုင္ငံဟာ ျမန္မာနဲ႔ ႏွစ္ေပါင္း(၇၀) ေလာက္ သံတမန္ဆက္ဆံေရးရွိခဲ့ေပမယ့္ ျမန္မာျပည္သူေတြအတြက္ေတာ့ အက်ိဳးမရွိဘဲ ျမန္မာဟာ နစ္နာတယ္ဆိုတဲ့ အျမင္ေတြလည္း ရွိေနပါတယ္။ ဒါဟာ ျမန္မာထဲမွာ လာေရာက္ရင္းႏွီးျမဳပ္ႏွံတဲ့ တ႐ုတ္စီမံကိန္းေတြဟာ ပြင့္လင္းျမင္သာမႈမရွိတာ၊ ျမန္မာအတြက္ အက်ိဳးအျမတ္ခြဲေဝမႈနည္းတာ စတဲ့ကိစၥရပ္ေတြက ျမန္မာျပည္သူေတြအတြက္ ေျပာစရာေတြ ျဖစ္လာပါတယ္။

 

ျမန္မာထဲမွာ တ႐ုတ္ရဲ႕စီမံကိန္းတစ္ခုျဖစ္တဲ့ ျမစ္ဆုံကိစၥနဲ႔ပတ္သက္လို႔ ျမန္မာအစိုးရနဲ႔ ျပည္သူေတြအၾကား မေက်လည္တာေတြလည္း ရွိေနပါေသးတယ္။ ဒီစီမံကိန္းဟာ အၿပီးရပ္ဆိုင္းထားတာမဟုတ္တဲ့အတြက္ သမၼတရွီရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္မွာ ဒီစီမံကိန္းနဲ႔ပတ္သက္ၿပီး ျပန္လည္ေဆြးေႏြးတာမ်ိဳးလုပ္မွာကို ျမန္မာျပည္သူေတြက စိုးရိမ္ေနၾကပါတယ္။
အေနာက္ႏိုင္ငံေတြရဲ႕ ျမန္မာႏိုင္ငံအေပၚဖိအားကို ဆန႔္က်င္ႏိုင္ဖို႔အတြက္ တ႐ုတ္ကို ျမန္မာက အားကိုးရမယ့္ အေျခအေန ျဖစ္ေနပါတယ္။ ဒီလိုအေျခအေနဟာ ျမန္မာႏိုင္ငံက တ႐ုတ္ရဲ႕ လက္ေအာက္ကို ေရာက္မွန္းမသိ ေရာက္သြားႏိုင္တယ္လို႔ ျမန္မာ့မဟာဗ်ဴဟာနဲ႔ မူဝါဒေလ့လာေရးအင္စတီက်ဴ(ISP Myanmar)ရဲ႕ ျပင္ပဆက္ဆံဆက္သြယ္ေရးဒါ႐ိုက္တာ ဦးေအာင္သူၿငိမ္းက ေျပာပါတယ္။

“ေယဘုုယ်ေျပာရင္ေတာ့ ကြၽန္ေတာ္တို႔ဆီမွာ ရင္းႏွီးျမဳပ္ႏွံမႈေတြ ပိုလာဖို႔ ရွိမယ္လို႔ ထင္တယ္။ ဒါက လူထုအတြက္ အက်ိဳးအျမတ္စီးဆင္မႈျဖစ္မလားဆိုတာကိုေတာ့ အစိုးရရဲ႕ လိမၼာပါးနပ္မႈအေပၚမွာပဲ မူတည္ပါတယ္”လို႔ ဦးေအာင္သူၿငိမ္းက ေျပာပါတယ္။

 

ဘယ္သူေတြ ဘယ္လို ေျပာဆိုေထာက္ျပေနပါေစ။ တ႐ုတ္စီမံကိန္းႀကီးေတြက တျဖည္းျဖည္း ႐ုပ္လုံးေပၚလာၿပီျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အေျခအေနကလည္း အေနာက္ႏိုင္ငံကိုလည္း အံတုလို႔မရႏိုင္ေသးသလို တ႐ုတ္လက္ေအာက္ကလည္း ႐ုန္းထြက္လို႔ မရႏိုင္ေသးပါဘူး။ ဒီလိုအေျခအေနေတြေၾကာင့္ ႏိုင္ငံ့ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္က တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍကို လက္ခံခဲ့ဟန္တူပါတယ္။ ႀကိဳက္ႀကိဳက္၊ မႀကိဳက္ႀကိဳက္ ဒီစီမံကိန္းႀကီးထဲကို ျမန္မာက ပါဝင္ပတ္သက္ရပါေတာ့မယ္။ ျမန္မာႏိုင္ငံကို သမၼတရွီလာရင္ ဘာေတြပါလာမွာလဲ၊ သမၼတရွီျပန္သြားရင္ေရာ ဘာေတြယူသြားမလဲဆိုတာ ေစာင့္ၾကည့္ေလ့လာရဦးမွာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရွီက်င့္ဖ်င္ #တရုုတ္ျမန္မာဆက္ဆံေရး

Related posts

Leave a Comment

VOM News

FREE
VIEW