ကယ်ဆယ်ရေးစခန်းတွေမရှိလို့ အမ်းက စစ်ဘေးရှောင်တွေ စားဝတ်နေရေးအခက်တွေ့နေ

ကယ်ဆယ်ရေးစခန်းတွေမရှိလို့ အမ်းက စစ်ဘေးရှောင်တွေ စားဝတ်နေရေးအခက်တွေ့နေ

အမ်း၊ ဇန်နဝါရီ ၁၄- ၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ အစိုးရကဖွင့်ပေးထားတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေမရှိတာကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေး၊ ကျန်းမာရေးကအစ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြောင်းသိရပါတယ်။

အဲ့ဒီ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ အမ်းမြို့နယ် ဒလက်နဲ့ မဲလက်မောင်းကျေးရွာဖက်က ပိုများပြီး ဒါးလက်ဟောင်း၊ ကဇုကိုင်းကျေရွာအုပ်စု အုန်းနီချောင်းကျေးရွာ၊ ဖရုံချောင်းကျေးရွာတို့မှ စစ်ဘေးရှောင်ဒုက္ခသည်စုစုပေါင်း ၃၈၄ ယောက်ရှိကြောင်းနဲ့ အမ်းမြို့ အမှတ် (၄) ရပ်ကွက်မှာ ၉၄ ဦး၊ အမ်းမြို့နယ် ဆင်ဦးတိုက်ကျေးရွာ၊ ကဇုကိုင်းကျေးရွာနဲ့ ဆင်တိုးချေ ကျေးရွာတို့မှာ ၁၁၁ ဦးရှိပြီး အခြားကျေးရွာများသို့ထွက်ပြေးတိမ်းရှောင်နေရကာ၊ မြေပုံမြို့နယ် ကမ်းထောင့်ကြီးမြို့ကိုလည်း ထွက်ပြေးသွားကြောင်းသိရပါတယ်။

အမ်းမြို့ရဲ့ မြို့မအားကကွင်းမှာ ဟိုအရင်တုန်းက အစိုးရကကယ်ဆယ်ရေးစခန်းတစ်ခုဖွင့်ခဲ့တာရှိပေမယ့် ယခုအချိန်မှာအဲ့ဒီကယ်ဆယ်ရေးစခန်းကို ပိတ်ထားကြောင်းသိရပါတယ်။

” စခန်းတွေကတော့ အစိုးရကတရားဖွင့်ထားတဲ့ စခန်းတွေတော့မရှိဘူး။ အရင်တုန်းကတော့ တစ်ခုဖွင့်ခဲ့တာရှိတယ်။ မြို့မအားကစားကွင်းမှာ အစိုးရက ကယ်ဆယ်ရေးစခန်းတွေဖွင့်ပေးတာရှိခဲ့တယ်။ အခုက အဲ့ဒီစခန်းကို ပိတ်ထားတယ်။ အမ်းမြို့ အမှတ်(၄) ရပ်ကွက်မှာတော့ အဆို၊ အရှင်း စာပေယဉ်ကျေးမှုအသင်းကလက်ခံထားတာရှိတယ်။ အဲ့ဒီမှာ ၉၄ ဦးရှိတယ်။ သီးသန့်ကယ်ဆယ်ရေးစခန်းတွေမရှိတဲ့အခါ အခက်အခဲတွေရှိတယ်။”လို့ စစ်ဘေးရှောင်ဒုက္ခသည်တွေကူညီပေးနေသူ ကိုမျိုးလွင်က ပြောပါတယ်။

စစ်ဘေးရှောင်တွေအတွက်သီးသန့် ကယ်ဆယ်ရေးစခန်းမရှိတာကြောင့် ဆွေးမျိုးတွေအိမ်နဲ့ သီးသန့်အိမ်ငှါးပြီးနေသူတွေရှိပြီး အများစုမှာ ချင်းတိုင်းသားတွေဖြစ်ကြောင်းသိရပါတယ်။

” သီးသန့်ကယ်ဆယ်ရေးစခန်းဖွင့်ထားတာမရှိတော့ အခက်အခဲတွေတွေ့ရတယ်။ တချို့က ဆွေမျိုးတွေတော်စပ်တဲ့အိမ်မှာ နေတာလည်းရှိတယ်။ သီးသန့်အိမ်ငှါးပြီးနေတာလည်းရှိတယ်။ အဓိကတော့ သီးသန့်ကယ်ဆယ်ရေးစခန်းတွေမရှိဘူးဆိုတော့ နေထိုင်ဖို့အတွက် အခက်အခဲတွေရှိတယ်။ နောက်ပြီးတော့ အစိုးရကလည်း ကယ်ဆယ်ရေးစခန်းဖွင့်တာမျိုး လက်မခံဘူးဖြစ်နေတယ်။ နီးစပ်ရာ မိသားစုတွေဆီမှာသွားနေရတယ်ဆိုတော့ စားရေးသောက်ရေးအခက်အခဲတွေ့မှာပေါ့။ အများစုကတော့ ကျနော်သိရသလောက် ချင်းတိုင်းရင်းသားတွေများတယ်။ ချင်းတိုင်းရင်းသားအများစုက ဆင်းရဲနွမ်းပါးကြတယ်။ ဒါကြောင့် တစ်ယောက်ကိုတစယောက် မှီခိုဖို့အတွက်အတော်ခက်ခဲမယ်။ အဲဒါကြောင့် သူတို့အချင်းချင်းကြားမှာလည်းအကူညီတွေ အများကြီးပေးနိုင်ဖို့မထင်ဘူး။ ဒါကြောင့်အခက်အခဲတွေအများကြီးတွေ့နိုင်တယ်။” လို့ ကိုမျိုးလွင်ကပြောပါတယ်။

အရပ်ဖက်အဖွဲ့အစည်းနဲ့ အစိုးရအဖွဲ့အစည်းတွေက ကူညီဖို့ဆိုတာလည်း သီးသန့်ကယ်ဆယ်ရေးစခန်းမရှိတဲ့အခါ အလှူ ရှင်တွေကကူညီဖို့ခက်ခဲတယ်လို့လည်းသူကဆိုပါတယ်။

” စားရေးသောက်ရေးကတော့ အလှူ ရှင်တွေလှူ တဲ့ဟာနဲ့ မြို့နယ်ကပေးတာတွေနဲ့ အကူအညီပေးနေတယ်။ နေထိုင်ရေးတွေတော့ အခက်အခဲရှိတယ်။ ဒုက္ခသည်စခန်းကတော့ မြို့နယ်ကဖွင့်မပေးတော့ မဖွင့်ရဘူး။ ဒုက္ခသည်ဦးရေကတော့ ၃၈၄ ယောက် ဒီနေ့ထပ်တိုးလာတယ်ဆိုတော့ ၄၂၀ေ လောက်ရှိမယ်ထင်တယ်။” လို့ စစ်ဘေးရှောင်များကူညီနေသူ အဆိုး၊ အရှင်း စာပေယဉ်ကျေးမှုအဖွဲ့ဝင် ကိုနေလင်း ကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်ကနေ ယခုအခါ  ပြည်နယ်ရဲ့ တောင်ပိုင်းအထိကူးစပ်လာပြီး ဒုက္ခသည်ဦးရေဟာလည်း နေ့စဉ်ရက်ဆက်တိုးပွားလာကာ နေရပ်မပြန်နိုင်ဘဲ စစ်ဘေးဒုက္ခသည်တွေအဖြစ် အခက်အခဲပေါင်းစုံနဲ့ ဖြတ်သန်းနေကြရကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့အေအေ တိုက်ပွဲဖစ်နေသည်မှာ အချိန်ကာလအားဖြင့် တစ်နှစ်ကျော်လာပြီး အရပ်သားထိခိုက်သေဆုံးမှာတွေရှိပြီး ဒုက္ခသည်ဦးရေဟာလည်း တစ်သိန်းကျော်လောက်ရှိနေပြီဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းတွေရဲ့စာရင်းအရ သိရပါတယ်။

#voiceofmyanmar #VOM  #ရခိုင်စစ်ဘေးရှောင်

zawgyi

ကယ္ဆယ္ေရးစခန္းေတြမ႐ွိလို႔ အမ္းက စစ္ေဘးေ႐ွာင္ေတြ စားဝတ္ေနေရးအခက္ေတြ႔ေန

အမ္း၊ ဇန္နဝါရီ ၁၄- ၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္မွာ အစိုးရကဖြင့္ေပးထားတဲ့ စစ္ေဘးေ႐ွာင္ကယ္ဆယ္ေရးစခန္းေတြမ႐ွိတာေၾကာင့္ စစ္ေဘးဒုကၡသည္ေတြဟာ စားဝတ္ေနေရး၊ က်န္းမာေရးကအစ အခက္အခဲေတြနဲ႔ ၾကံဳေတြ႔ေနေၾကာင္းသိရပါတယ္။

အဲ့ဒီ စစ္ေဘးေ႐ွာင္ဒုကၡသည္ေတြဟာ အမ္းၿမိဳ႕နယ္ ဒလက္နဲ႔ မဲလက္ေမာင္းေက်းရြာဖက္က ပိုမ်ားၿပီး ဒါးလက္ေဟာင္း၊ ကဇုကိုင္းေက်ရြာအုပ္စု အုန္းနီေခ်ာင္းေက်းရြာ၊ ဖရံုေခ်ာင္းေက်းရြာတို႔မွ စစ္ေဘးေ႐ွာင္ဒုကၡသည္စုစုေပါင္း ၃၈၄ ေယာက္႐ွိေၾကာင္းနဲ႔ အမ္းၿမိဳ႕ အမွတ္ (၄) ရပ္ကြက္မွာ ၉၄ ဦး၊ အမ္းၿမိဳ႕နယ္ ဆင္ဦးတိုက္ေက်းရြာ၊ ကဇုကိုင္းေက်းရြာနဲ႔ ဆင္တိုးေခ် ေက်းရြာတို႔မွာ ၁၁၁ ဦး႐ွိၿပီး အျခားေက်းရြာမ်ားသို႔ထြက္ေျပးတိမ္းေ႐ွာင္ေနရကာ၊ ေျမပံုၿမိဳ႕နယ္ ကမ္းေထာင့္ႀကီးၿမိဳ႕ကိုလည္း ထြက္ေျပးသြားေၾကာင္းသိရပါတယ္။

အမ္းၿမိဳ႕ရဲ႕ ၿမိဳ႕မအားကကြင္းမွာ ဟိုအရင္တုန္းက အစိုးရကကယ္ဆယ္ေရးစခန္းတစ္ခုဖြင့္ခဲ့တာ႐ွိေပမယ့္ ယခုအခ်ိန္မွာအဲ့ဒီကယ္ဆယ္ေရးစခန္းကို ပိတ္ထားေၾကာင္းသိရပါတယ္။

” စခန္းေတြကေတာ့ အစိုးရကတရားဖြင့္ထားတဲ့ စခန္းေတြေတာ့မ႐ွိဘူး။ အရင္တုန္းကေတာ့ တစ္ခုဖြင့္ခဲ့တာ႐ွိတယ္။ ၿမိဳ႕မအားကစားကြင္းမွာ အစိုးရက ကယ္ဆယ္ေရးစခန္းေတြဖြင့္ေပးတာ႐ွိခဲ့တယ္။ အခုက အဲ့ဒီစခန္းကို ပိတ္ထားတယ္။ အမ္းၿမိဳ႕ အမွတ္(၄) ရပ္ကြက္မွာေတာ့ အဆို၊ အ႐ွင္း စာေပယဥ္ေက်းမႈအသင္းကလက္ခံထားတာရိွိတယ္။ အဲ့ဒီမွာ ၉၄ ဦး႐ွိတယ္။ သီးသန္႔ကယ္ဆယ္ေရးစခန္းေတြမ႐ွိတဲ့အခါ အခက္အခဲေတြ႐ွိတယ္။”လို႔ စစ္ေဘးေ႐ွာင္ဒုကၡသည္ေတြကူညီေပးေနသူ ကိုမ်ိဳးလြင္က ေျပာပါတယ္။

စစ္ေဘးေ႐ွာင္ေတြအတြက္သီးသန္႔ ကယ္ဆယ္ေရးစခန္းမ႐ွိတာေၾကာင့္ ေဆြးမ်ိဳးေတြအိမ္နဲ႔ သီးသန္႔အိမ္ငွါးၿပီးေနသူေတြ႐ွိၿပီး အမ်ားစုမွာ ခ်င္းတိုင္းသားေတြျဖစ္ေၾကာင္းသိရပါတယ္။

” သီးသန္႔ကယ္ဆယ္ေရးစခန္းဖြင့္ထားတာမ႐ွိေတာ့ အခက္အခဲေတြေတြ႔ရတယ္။ တခ်ိဳ႕က ေဆြမ်ိဳးေတြေတာ္စပ္တဲ့အိမ္မွာ ေနတာလည္း႐ွိတယ္။ သီးသန္႔အိမ္ငွါးၿပီးေနတာလည္း႐ွိတယ္။ အဓိကေတာ့ သီးသန္႔ကယ္ဆယ္ေရးစခန္းေတြမ႐ွိဘူးဆိုေတာ့ ေနထိုင္ဖို႔အတြက္ အခက္အခဲေတြ႐ွိတယ္။ ေနာက္ၿပီးေတာ့ အစိုးရကလည္း ကယ္ဆယ္ေရးစခန္းဖြင့္တာမ်ိဳး လက္မခံဘူးျဖစ္ေနတယ္။ နီးစပ္ရာ မိသားစုေတြဆီမွာသြားေနရတယ္ဆိုေတာ့ စားေရးေသာက္ေရးအခက္အခဲေတြ႔မွာေပါ့။ အမ်ားစုကေတာ့ က်ေနာ္သိရသေလာက္ ခ်င္းတိုင္းရင္းသားေတြမ်ားတယ္။ ခ်င္းတိုင္းရင္းသားအမ်ားစုက ဆင္းရဲႏြမ္းပါးၾကတယ္။ ဒါေၾကာင့္ တစ္ေယာက္ကိုတစေယာက္ မွီခိုဖို႔အတြက္အေတာ္ခက္ခဲမယ္။ အဲဒါေၾကာင့္ သူတို႔အခ်င္းခ်င္းၾကားမွာလည္းအကူညီေတြ အမ်ားႀကီးေပးႏိုင္ဖို႔မထင္ဘူး။ ဒါေၾကာင့္အခက္အခဲေတြအမ်ားႀကီးေတြ႔ႏိုင္တယ္။” လို႔ ကိုမ်ိဳးလြင္ကေျပာပါတယ္။

အရပ္ဖက္အဖြဲ႔အစည္းနဲ႔ အစိုးရအဖြဲ႕အစည္းေတြက ကူညီဖို႔ဆိုတာလည္း သီးသန္႔ကယ္ဆယ္ေရးစခန္းမ႐ွိတဲ့အခါ အလွဴ ႐ွင္ေတြကကူညီဖို႔ခက္ခဲတယ္လို႔လည္းသူကဆိုပါတယ္။

” စားေရးေသာက္ေရးကေတာ့ အလွဴ ႐ွင္ေတြလွဴ တဲ့ဟာနဲ႔ ၿမိဳ႕နယ္ကေပးတာေတြနဲ႔ အကူအညီေပးေနတယ္။ ေနထိုင္ေရးေတြေတာ့ အခက္အခဲ႐ွိတယ္။ ဒုကၡသည္စခန္းကေတာ့ ၿမိဳ႕နယ္ကဖြင့္မေပးေတာ့ မဖြင့္ရဘူး။ ဒုကၡသည္ဦးေရကေတာ့ ၃၈၄ ေယာက္ ဒီေန႔ထပ္တိုးလာတယ္ဆိုေတာ့ ၄၂၀ေ ေလာက္႐ွိမယ္ထင္တယ္။” လို႔ စစ္ေဘးေ႐ွာင္မ်ားကူညီေနသူ အဆိုး၊ အ႐ွင္း စာေပယဥ္ေက်းမႈအဖြဲ႔ဝင္ ကိုေနလင္း ကေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ တိုက္ပြဲေတြဟာ ရခိုင္ျပည္နယ္ေျမာက္ပိုင္ကေန ယခုအခါ  ျပည္နယ္ရဲ႕ ေတာင္ပိုင္းအထိကူးစပ္လာၿပီး ဒုကၡသည္ဦးေရဟာလည္း ေန႔စဥ္ရက္ဆက္တိုးပြားလာကာ ေနရပ္မျပန္ႏိုင္ဘဲ စစ္ေဘးဒုကၡသည္ေတြအျဖစ္ အခက္အခဲေပါင္းစံုနဲ႔ ျဖတ္သန္းေနၾကရေၾကာင္း သိရပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ေအေအ တိုက္ပြဲဖစ္ေနသည္မွာ အခ်ိန္ကာလအားျဖင့္ တစ္ႏွစ္ေက်ာ္လာၿပီး အရပ္သားထိခိုက္ေသဆံုးမွာေတြ႐ွိၿပီး ဒုကၡသည္ဦးေရဟာလည္း တစ္သိန္းေက်ာ္ေလာက္႐ွိေနၿပီျဖစ္ေၾကာင္း အရပ္ဖက္အဖြဲ႔အစည္းေတြရဲ႕စာရင္းအရ သိရပါတယ္။

#voiceofmyanmar #VOM  #ရခုုိင္စစ္ေဘးေရွာင္

Related posts

Leave a Comment

VOM News

FREE
VIEW