တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ တုပ်ကွေးရောဂါဟာ လူကနေလူကိုမကူးစက်နိုင်သလို သေဆုံးမှုနည်းတဲ့အတွက် စိုးရိမ်စရာမရှိ

ရန်ကုန် ဇန်နဝါရီ ၁၅-၂၀၂၀
သိင်္ဂီ (VOM)

တရုတ်နိုင်ငံ ဝူဟန်မြို့မှာဖြစ်ပွားနေတဲ့ နမိုးနီးယား တုပ်ကွေးရောဂါဟာ လူကနေလူကိုမကူးစက်နိုင်သလို သေဆုံးမှုပမာဏ အလွန်နည်းတဲ့အတွက် စိုးရိမ်စရာမရှိတဲ့အနေအထားဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

ဒီရောဂါနဲ့ပတ်သက်ပြီး လူနာတွေဖြစ်ပွားနိုင်ခြေရှိတဲ့ တရုတ်ပြည်ကနေ မြန်မာနိင်ငံထဲ ဝင်ထွက်တဲ့နေရာတွေမှာ ကျန်းမာရေးဝန်ကြီးဌာနာက စောင့်ကြပ်ကြည့်ရှုတာတွေလုပ်နေသလို တရုတ်ပြည်နဲ့ဆက်စပ်နေတဲ့ ဝင်ပေါက်ထွက်ပေါက်၊ တရုတ်ပြည်ကလေယာဉ်လိုင်းတွေ အများဆုံးဝင်တဲ့မန္တလေးလေဆိပ်မှာပါ စောင့်ကြပ်ကြည့်ရှုတာလုပ်နေတယ်လို့ သိရပါတယ်။

” နမိုးနီးယား ဝူဟန်နဲ့ပတ်သက်ပြီး နောက်ဆုံးသိရတာပေါ့၊ WHOကတွေ့ရှိချက်ပြောချင်ပါ တယ်၊ အဲ့ဒီမှာဒီရောဂါက လူကိုလူကကူးတာမရှိဘူးဆိုတဲ့ အချက်ကိုတွေ့ရှိရတယ်။ နောက်တစ်ခါ သေဆုံးတဲ့အနေအထားကြည့်လိုက်တော့ လူကနေလူကိုမကူးဘူး။ လူကနေလူကိုမကူးဘူးဆိုတာရယ် သေဆုံးနိုင်တဲ့နူန်းအရမ်းနည်းတယ်ဆိုတာရယ်၊ ကျွန်တော်တို့ စိုးရိမ်ပူပန်မူနည်းတယ်။ ဒါပေမယ့်တရုတ်ပြည်နဲ့ ဆက်စပ်နေတဲ့ ဝင်ပေါက်ထွက်ပေါက်၊ မူဆယ်လို တရုတ်နဲ့တိုက်ရိုက်ဆက်စပ်ဝင်တဲ့ဂိတ်တွေမှာ ကျန်းမာရေးဌာနတွေက စောင့်ကျပ်ကြည့်ရှုနေပါတယ်။ကျွန်တော်တို့ရဲ့ ဒီရောဂါအပေါ် ကာကွယ်မှုအနေနဲ့ အရမ်းစိုးရိမ်တဲ့အဆင့်မှာ မရှိတော့ဘူး။ စိုးရိမ်မှု၊ ပူပန်မှုလယ်ပယ်က အရင်လိုမဟုတ်တော့ဘူး ။”လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမူးချူပ် ဒေါက်တာသာထွန်းကျော်ကပြောပါတယ်။

ဒီတုပ်ကွေးရောဂါဟာ တိရိစ္ဆာန်နဲ့သားငါးတွေ ထိစပ်နေတဲ့သူတွေမှာဖြစ်တာဖြစ်ပြီး လူကနေလူကိုမကူးစက်နိုင်ဘူးလို့ သိရပါတယ်။

ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ စိုးရိမ်မှုအတိုင်းအတာ အတော်နည်းနေတာဖြစ်ပြီး အဓိကကတော့ ဒီရောဂါဟာ လူသေဆုံးမှုနည်းတဲ့အတွက် လူကနေလူကိုတိုက်ရိုက်မကူးနိုင်ဘူးလို့ သိရပါတယ်။

ဒီရောဂါနဲ့ပတ်သက်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာတော့ အရင်ကတည်းက ဝင်ရောက်လာတဲ့သူတွေကို ကျန်းမာရေးစောင့်ကြည့်မှုတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #တရုတ် #တုပ်ကွေးရောဂါ

Zawgyi

တရုတ္နုိင္ငံမွာျဖစ္ပြားေနတဲ႔ တုပ္ေကြးေရာဂါဟာ လူကေနလူကိုမကူးစက္ႏိုင္သလို ေသဆုံးမႈနည္းတဲ့အတြက္ စိုးရိမ္စရာမ႐ွိ

ရန္ကုန္ ဇန္န၀ါရီ ၁၅-၂၀၂၀
သိဂႌ (VOM)

တရုတ္နုိင္ငံ ၀ူဟန္ျမိဳ႕မွာျဖစ္ပြားေနတဲ႔ နမိုးနီးယား တုပ္ေကြးေရာဂါဟာ လူကေနလူကိုမကူးစက္ႏိုင္သလို ေသဆုံးမႈပမာဏ အလြန္နည္းတဲ့အတြက္ စိုးရိမ္စရာမ႐ွိတဲ့အေနအထားျဖစ္တယ္လို႔ က်န္းမာေရးနွင့္အားကစား၀န္ၾကီးဌာနကေန သိရပါတယ္။

ဒီေရာဂါနဲ႔ပတ္သက္ျပီး လူနာေတြျဖစ္ပြားႏိုင္ေျခ႐ွိတဲ့ တ႐ုတ္ျပည္ကေန ျမန္မာနိင္ငံထဲ ဝင္ထြက္တဲ့ေနရာေတြမွာ က်န္းမာေရးဝန္ျကီးဌာနာက ေစာင့္ၾကပ္ၾကည့္႐ႈတာေတြလုပ္ေနသလို တ႐ုတ္ျပည္နဲ႔ဆက္စပ္ေနတဲ့ ဝင္ေပါက္ထြက္ေပါက္၊ တ႐ုတ္ျပည္ကေလယာဥ္လိုင္းေတြ အမ်ားဆုံးဝင္တဲ့မႏၱေလးေလဆိပ္မွာပါ ေစာင့္ၾကပ္ၾကည့္႐ႈတာလုပ္ေနတယ္လို႔ သိရပါတယ္။

” နမိုးနီးယား ဝူဟန္နဲ႔ပတ္သက္ၿပီး ေနာက္ဆုံးသိရတာေပါ့၊ WHOကေတြ႔႐ွိခ်က္ေျပာခ်င္ပါ တယ္၊ အဲ့ဒီမွာဒီေရာဂါက လူကိုလူကကူးတာမ႐ွိဘူးဆိုတဲ့ အခ်က္ကိုေတြ႔႐ွိရတယ္။ ေနာက္တစ္ခါ ေသဆုံးတဲ့အေနအထားၾကည့္လိုက္ေတာ့ လူကေနလူကိုမကူးဘူး။ လူကေနလူကိုမကူးဘူးဆိုတာရယ္ ေသဆုံးႏိုင္တဲ့ႏူန္းအရမ္းနည္းတယ္ဆိုတာရယ္၊ ကၽြန္ေတာ္တို႔ စိုးရိမ္ပူပန္မူနည္းတယ္။ ဒါေပမယ့္တ႐ုတ္ျပည္နဲ႔ ဆက္စပ္ေနတဲ့ ဝင္ေပါက္ထြက္ေပါက္၊ မူဆယ္လို တ႐ုတ္နဲ႔တိုက္႐ိုက္ဆက္စပ္ဝင္တဲ့ဂိတ္ေတြမွာ က်န္းမာေရးဌာနေတြက ေစာင့္က်ပ္ၾကည့္႐ႈေနပါတယ္။ကၽြန္ေတာ္တို႔ရဲ႕ ဒီေရာဂါအေပၚ ကာကြယ္မႈအေနနဲ႔ အရမ္းစိုးရိမ္တဲ့အဆင့္မွာ မ႐ွိေတာ့ဘူး။ စိုးရိမ္မႈ၊ ပူပန္မႈလယ္ပယ္က အရင္လိုမဟုတ္ေတာ့ဘူး ။”လို႔ က်န္းမာေရးနွင့္အားကစား၀န္ၾကီးဌာန ညႊန္ၾကားေရးမူးခ်ဴပ္ ေဒါက္တာသာထြန္းေက်ာ္ကေျပာပါတယ္။

ဒီတုပ္ေကြးေရာဂါဟာ တိရိစၧာန္နဲ႔သားငါးေတြ ထိစပ္ေနတဲ့သူေတြမွာျဖစ္တာျဖစ္ျပီး လူကေနလူကိုမကူးစက္နိုင္ဘူးလို႔ သိရပါတယ္။

ဒါေၾကာင့္ က်န္းမာေရးဝန္ႀကီးဌာနအေနနဲ႔ စိုးရိမ္မႈအတိုင္းအတာ အေတာ္နည္းေနတာျဖစ္ျပီး အဓိကကေတာ့ ဒီေရာဂါဟာ လူေသဆုံးမႈနည္းတဲ့အတြက္ လူကေနလူကိုတိုက္႐ိုက္မကူးႏိုင္ဘူးလို႔ သိရပါတယ္။

ဒီေရာဂါနဲ႔ပတ္သက္လို႔ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွာေတာ့ အရင္ကတည္းက ဝင္ေရာက္လာတဲ့သူေတြကို က်န္းမာေရးေစာင့္ၾကည့္မႈေတြ လုပ္ေနတယ္လို႔လည္း သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #တရုတ္ #တုပ္ေကြးေရာဂါ

Related posts

Leave a Comment

VOM News

FREE
VIEW