YRTA (၃)နှစ်ပြည့်တဲ့အချိန်ထိ YBS ကဒ်စနစ် မစနိုင်သေး

ရန်ကုန်၊ ဇန်နဝါရီ ၁၆ -၂၀၂၀
သိဂီ ၤ(VOM)

ပြီးခဲ့တဲ့ YRTA (၂)နှစ်ပြည့်အခမ်းအနားမတိုင်ခင်ထဲက စတင်ဖို့ ဆောင်ရွက်နေတဲ့ YBS ကဒ်စနစ်ဟာ ဒီကနေ့ YRTA (၃)နှစ်ပြည့်အခမ်းအနားမှာလည်း မစတင်နိုင်သေးဘူးလို့ သိရပြီး ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့Sky Star Hotel မှာ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ရဲ့ ၃ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

” ပိုင်းလော့ပရောဂျက်အနေနဲ့ ကဒ်စနစ်စတင်ဖို့ စက်တွေကတော့ သတ်မှတ်အရေအတွက်တပ်ပြီးပြီ။ အစိုးရအနေနဲ့ အလုပ်လုပ်တဲ့အခါမှာ အစကောင်းမှအနှောင်းသေချာမယ်ဆိုတဲ့အတိုင်း မျက်စိတစ်ဆုံးကြည့်လုပ်ရတာဖြစ်တာကြောင့်၊ သေသေချာချာလုပ်ပြီးမှ ဒါကိုပြည်သူတွေဆီချပြမယ်။ အစိုးရအနေနဲ့ တကယ်အလုပ်လုပ်ရင် မျက်စိတဆုံးကြည့်ရတယ်၊ မျက်တောင်မွှေတဆုံးတင်ကြည့်လို့ မရပါဘူး။ နောက်ဒီကဒ်စနစ်က တစ်သက်လုံးသွားမှာဖြစ်တယ်။ မကြာခင်ထွက်ပေါ်လာမှာပါ။” လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မူလက်မူနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

အစိုးရအနေနဲ့ အမြဲတမ်းပွင့်လင်းမြင်သာစွာ အလုပ်လုပ်နေတဲ့အတွက် ပြည်သူတွေ သိလိုသမျှကိုလည်း အမြဲတမ်း ထုတ်ပြန်ပေးနေပြီး နေ့စဉ်နဲ့အမျှ ကြိုးစားနေကာ လိုအပ်ချက်များရှိပါက အကြံပြုနိုင်တယ်လို့လည်း ဒေါ်နီလာကျော်ကပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် YBS ကဒ်စနစ်ကို ကားခပေးချေရုံတစ်ခုထဲတင်မဟုတ်ဘဲ water bus စီးနင်းခ ၊ ဈေးဝယ်တာတွေအတွက်ပါ အသုံးပြုနိုင်ဖို့ကိုပါ လုပ်မှာဖြစ်တဲ့အတွက် အချိန်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။

“YBS ပြောင်းလိုက်တာအဆင်ပြေတယ် မှန်ပါတယ် ။ ဒါပေမယ့် ငွေအကြွေဒုက္ခ ကျွန်တော်တို့ကြုံရတယ်။ အရင်က လဲပေးတယ်။ ခုမလဲရဘူး။ ဒါကတစ်ပိုင်းပေါ့။ ခုပြောနေတဲ့ကဒ်စနစ် ခုထိတော့မစသေးဘူး။ ကားတွေမှာ စက်တွေတော့တွေ့တယ်။ ဒီစနစ်လုပ်မယ်ပြောနေတာ ကျွန်တော်တို့ကြားနေတာကြာပြီ။ ခုစက်တွေတပ်ပြီးပြီဆိုတော့ မကြာလောက်တော့ဘူးထင်ပါတယ်။ ဘယ်လိုသုံးရမလဲဆိုတာ အကြမ်းဖျင်းတော့ သဘောပေါက်ပါတယ်။ ကဒ်စနစ်ရရင်တော့ ကျွန်တော်တို့ပိုက်ဆံအကြွေကိစ္စ တော်တော်အေးသွားမယ်။ ကျန်တဲ့ဘာအခက်အခဲတွေရှိမလဲဆိုတာတော့ မသုံးရသေးလို့မသိဘူး။”လို့ နေ့စဉ်YBS အသုံးပြုနေတဲ့ ကိုဝင်းဇော်ကိုကပြောပါတယ်။

YBS ကဒ်စနစ်က ငွေအကြွေလဲလှယ်ရတဲ့ဒုက္ခမရှိပေမယ့် ကားပေါ်အတက်တစ်ကြိမ်၊ အဆင်းတစ်ကြိမ် အသုံးပြုရမှာဖြစ်တဲ့အတွက် မှတ်တိုင်တွေမှာ ယာဉ်ကြောပိတ်ဆိုတာတွေဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုတာတွေလည်း ရှိနေပါတယ်။

လက်ရှိမှာ မြို့တွင်းပြေးဆွဲနေတဲ့ YBS ကား (၁၅၀၀) ဝန်းကျင်ကို ကစ်စနစ်စက်တွေ တပ်ဆင်ထားပြီး ကဒ်စနစ်စတင်ဖို့အတွက် မနှစ်က YRTA (၂)နှစ်ပြည့်အခမ်းအနားမတိုင်ခင်ကတည်းက လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #YBS #ကဒ်စနစ်

Zawgyi

YRTA (၃)ႏွစ္ျပည့္တဲ့အခ်ိန္ထိ YBS ကဒ္စနစ္ မစႏိုင္ေသး

ရန္ကုန္၊ ဇန္နဝါရီ ၁၆ -၂၀၂၀
သိဂီ ၤ(VOM)

ၿပီးခဲ့တဲ့ YRTA (၂)ႏွစ္ျပည့္အခမ္းအနားမတိုင္ခင္ထဲက စတင္ဖို႔ ေဆာင္႐ြက္ေနတဲ့ YBS ကဒ္စနစ္ဟာ ဒီကေန႔ YRTA (၃)ႏွစ္ျပည့္အခမ္းအနားမွာလည္း မစတင္ႏိုင္ေသးဘူးလို႔ သိရၿပီး ဒီကေန႔မနက္ပိုင္းက ရန္ကုန္ၿမိဳ႕Sky Star Hotel မွာ ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ YRTA ရဲ႕ ၃ ႏွစ္ျပည့္ ႏွစ္ပတ္လည္အခမ္းအနားကို က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

” ပိုင္းေလာ့ပေရာဂ်က္အေနနဲ႔ ကဒ္စနစ္စတင္ဖို႔ စက္ေတြကေတာ့ သတ္မွတ္အေရအတြက္တပ္ၿပီးၿပီ။ အစိုးရအေနနဲ႔ အလုပ္လုပ္တဲ့အခါမွာ အစေကာင္းမွအေႏွာင္းေသခ်ာမယ္ဆိုတဲ့အတိုင္း မ်က္စိတစ္ဆုံးၾကည့္လုပ္ရတာျဖစ္တာေၾကာင့္၊ ေသေသခ်ာခ်ာလုပ္ၿပီးမွ ဒါကိုျပည္သူေတြဆီခ်ျပမယ္။ အစိုးရအေနနဲ႔ တကယ္အလုပ္လုပ္ရင္ မ်က္စိတဆုံးၾကည့္ရတယ္၊ မ်က္ေတာင္ေမႊတဆုံးတင္ၾကည့္လို႔ မရပါဘူး။ ေနာက္ဒီကဒ္စနစ္က တစ္သက္လုံးသြားမွာျဖစ္တယ္။ မၾကာခင္ထြက္ေပၚလာမွာပါ။” လို႔ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ လွ်ပ္စစ္၊ စက္မူလက္မူႏွင့္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာပါတယ္။

အစိုးရအေနနဲ႔ အၿမဲတမ္းပြင့္လင္းျမင္သာစြာ အလုပ္လုပ္ေနတဲ့အတြက္ ျပည္သူေတြ သိလိုသမွ်ကိုလည္း အၿမဲတမ္း ထုတ္ျပန္ေပးေနၿပီး ေန႔စဥ္နဲ႔အမွ် ႀကိဳးစားေနကာ လိုအပ္ခ်က္မ်ားရွိပါက အႀကံျပဳႏိုင္တယ္လို႔လည္း ေဒၚနီလာေက်ာ္ကေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ YBS ကဒ္စနစ္ကို ကားခေပးေခ်႐ုံတစ္ခုထဲတင္မဟုတ္ဘဲ water bus စီးနင္းခ ၊ ေဈးဝယ္တာေတြအတြက္ပါ အသုံးျပဳႏိုင္ဖို႔ကိုပါ လုပ္မွာျဖစ္တဲ့အတြက္ အခ်ိန္ယူေနတာျဖစ္တယ္လို႔ သိရပါတယ္။

“YBS ေျပာင္းလိုက္တာအဆင္ေျပတယ္ မွန္ပါတယ္ ။ ဒါေပမယ့္ ေငြအေႂကြဒုကၡ ကြၽန္ေတာ္တို႔ႀကဳံရတယ္။ အရင္က လဲေပးတယ္။ ခုမလဲရဘူး။ ဒါကတစ္ပိုင္းေပါ့။ ခုေျပာေနတဲ့ကဒ္စနစ္ ခုထိေတာ့မစေသးဘူး။ ကားေတြမွာ စက္ေတြေတာ့ေတြ႕တယ္။ ဒီစနစ္လုပ္မယ္ေျပာေနတာ ကြၽန္ေတာ္တို႔ၾကားေနတာၾကာၿပီ။ ခုစက္ေတြတပ္ၿပီးၿပီဆိုေတာ့ မၾကာေလာက္ေတာ့ဘူးထင္ပါတယ္။ ဘယ္လိုသုံးရမလဲဆိုတာ အၾကမ္းဖ်င္းေတာ့ သေဘာေပါက္ပါတယ္။ ကဒ္စနစ္ရရင္ေတာ့ ကြၽန္ေတာ္တို႔ပိုက္ဆံအေႂကြကိစၥ ေတာ္ေတာ္ေအးသြားမယ္။ က်န္တဲ့ဘာအခက္အခဲေတြရွိမလဲဆိုတာေတာ့ မသုံးရေသးလို႔မသိဘူး။”လို႔ ေန႔စဥ္YBS အသုံးျပဳေနတဲ့ ကိုဝင္းေဇာ္ကိုကေျပာပါတယ္။

YBS ကဒ္စနစ္က ေငြအေႂကြလဲလွယ္ရတဲ့ဒုကၡမရွိေပမယ့္ ကားေပၚအတက္တစ္ႀကိမ္၊ အဆင္းတစ္ႀကိမ္ အသုံးျပဳရမွာျဖစ္တဲ့အတြက္ မွတ္တိုင္ေတြမွာ ယာဥ္ေၾကာပိတ္ဆိုတာေတြျဖစ္လာႏိုင္တယ္လို႔ သုံးသပ္ေျပာဆိုတာေတြလည္း ရွိေနပါတယ္။

လက္ရွိမွာ ၿမိဳ႕တြင္းေျပးဆြဲေနတဲ့ YBS ကား (၁၅၀၀) ဝန္းက်င္ကို ကစ္စနစ္စက္ေတြ တပ္ဆင္ထားၿပီး ကဒ္စနစ္စတင္ဖို႔အတြက္ မႏွစ္က YRTA (၂)ႏွစ္ျပည့္အခမ္းအနားမတိုင္ခင္ကတည္းက လုပ္ေဆာင္ေနတာျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #YBS #ကဒ္စနစ္

Related posts

Leave a Comment

VOM News

FREE
VIEW