ထူးဆန်းတဲ့ အဆုတ်ရောင်ရောဂါကြောင့် တရုတ်မှာ သေဆုံးသူနှစ်ဦးရှိလာ၊ ထိုင်းနှင့်ဂျပန်နိုင်ငံတို့မှာလည်း ကူးစက်ခံရသူတွေ့ရှိ

ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ထူးဆန်းတဲ့အဆုတ်ရောင်ရောဂါကြောင့် ဒုတိယမြောက် လူနာတစ်ဦးထပ်မံ သေဆုံးသွားတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ကြေညာလိုက်ပါတယ်။

ဒီရောဂါဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ဝူဟန်မြို့မှာ ဒီဇင်ဘာလအတွင်း စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒုတိယမြောက်လူနာသေဆုံးမှုကို မှတ်တမ်းတင်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအတောအတွင်း ထူးဆန်းတဲ့အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူကို ထိုင်းနိုင်ငံမှာတွေ့ရှိခဲ့ပြီးနောက် ဂျပန်နိုင်ငံမှာလည်း ကူးစက်ခံရသူကိုတွေ့ရှိတယ်လို့ ပထမဆုံးအကြိမ် အတည်ပြုခဲ့ကာ တရုတ်နိုင်ငံပြင်ပမှာ ရောဂါတွေ့ရှိတဲ့ ဒုတိယမြောက်နိုင်ငံဖြစ်ပါတယ်။

ထူးဆန်းတဲ့ အဆုတ်ရောင်ရောဂါဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ပြီး ဒီဗိုင်းရပ်စ်ဟာ သာမန် အအေးမိတုပ်ကွေးရောဂါကနေ သေစေနိုင်လောက်တဲ့ ဆားစ်ရောဂါအထိ ဖြစ်ပွားစေတတ်ပါတယ်။

ဗိုင်းရပ်စ်သစ်ဟာ လူဒါဇင်များစွာကို ကူးစက်ခဲ့ပြီး အများစုကတော့ တရုတ်နိုင်ငံ ဝူဟန်မြို့က ငါးဈေးကြီးတစ်ခုနဲ့ ကူးစက်မှုကဆက်စပ်နေကာ ဒီဈေးကြီးကို ဇန်နဝါရီ ၁ ရက်မှာ ပိတ်ပစ်ခဲ့ပါတယ်။

Ref : BBC Photo: AFP
#VOM #voiceofmyanmar #ပေကျင်း #ထူးဆန်းအဆုတ်ရောဂါ #သေဆုံးသူနှစ်ဦးရှိ

Zawgyi

ထူးဆန္းတဲ့ အဆုတ္ေရာင္ေရာဂါေၾကာင့္ တ႐ုတ္မွာ ေသဆုံးသူႏွစ္ဦးရွိလာ၊ ထိုင္းႏွင့္ဂ်ပန္ႏိုင္ငံတို႔မွာလည္း ကူးစက္ခံရသူေတြ႕ရွိ

ေပက်င္း၊ ဇန္နဝါရီ-၁၇-၂၀၂၀
မ်ိဳးဆက္ (VOM)

တ႐ုတ္ႏိုင္ငံမွာျဖစ္ပြားေနတဲ့ ထူးဆန္းတဲ့အဆုတ္ေရာင္ေရာဂါေၾကာင့္ ဒုတိယေျမာက္ လူနာတစ္ဦးထပ္မံ ေသဆုံးသြားတယ္လို႔ ေဒသဆိုင္ရာ အာဏာပိုင္ေတြက ေၾကညာလိုက္ပါတယ္။

ဒီေရာဂါဟာ တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း ဝူဟန္ၿမိဳ႕မွာ ဒီဇင္ဘာလအတြင္း စတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဒုတိယေျမာက္လူနာေသဆုံးမႈကို မွတ္တမ္းတင္ထားတယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

ဒီအေတာအတြင္း ထူးဆန္းတဲ့အဆုတ္ေရာင္ေရာဂါ ကူးစက္ခံရသူကို ထိုင္းႏိုင္ငံမွာေတြ႕ရွိခဲ့ၿပီးေနာက္ ဂ်ပန္ႏိုင္ငံမွာလည္း ကူးစက္ခံရသူကိုေတြ႕ရွိတယ္လို႔ ပထမဆုံးအႀကိမ္ အတည္ျပဳခဲ့ကာ တ႐ုတ္ႏိုင္ငံျပင္ပမွာ ေရာဂါေတြ႕ရွိတဲ့ ဒုတိယေျမာက္ႏိုင္ငံျဖစ္ပါတယ္။

ထူးဆန္းတဲ့ အဆုတ္ေရာင္ေရာဂါဟာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ျဖစ္တယ္လို႔ အတည္ျပဳႏိုင္ခဲ့ၿပီး ဒီဗိုင္းရပ္စ္ဟာ သာမန္ အေအးမိတုပ္ေကြးေရာဂါကေန ေသေစႏိုင္ေလာက္တဲ့ ဆားစ္ေရာဂါအထိ ျဖစ္ပြားေစတတ္ပါတယ္။

ဗိုင္းရပ္စ္သစ္ဟာ လူဒါဇင္မ်ားစြာကို ကူးစက္ခဲ့ၿပီး အမ်ားစုကေတာ့ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က ငါးေဈးႀကီးတစ္ခုနဲ႔ ကူးစက္မႈကဆက္စပ္ေနကာ ဒီေဈးႀကီးကို ဇန္နဝါရီ ၁ ရက္မွာ ပိတ္ပစ္ခဲ့ပါတယ္။

Ref : BBC Photo: AFP
#VOM #voiceofmyanmar #ေပက်င္း #ထူးဆန္းအဆုတ္ေရာဂါ #ေသဆုံးသူႏွစ္ဦးရွိ

Related posts

Leave a Comment

VOM News

FREE
VIEW