ရသေ့တောင်မှာ တပ်မတော်စစ်ရေယာဉ်တစ်စီးနဲ့ အေအေ အပြန်အလှန်ပစ်ခတ်မှုဖြစ်

ရသေ့တောင်၊ ဇန်နဝါရီ ၁၇- ၂၀၂၀
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ အောက်ကျောင်းတောင်ကျေးရွာအနီး၊ မေယုမြစ်အတွင်းမှာ မနေ့က ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီခန့်မှာ တပ်မတော်စစ်ရေယာဉ်နဲ့ အေအေ အဖွဲ့တို့အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ အနီးအနားကဒေသခံတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်မှာ မနေ့ကနေ့လည် ၁၂ နာရီလောက်မှာ အဲ့ဒီ တပ်မတော်စစ်ရေယာဉ်ဟာ ရသေ့တောင်မြို့နယ် ညောင်ပင်လကျေးရွာသို့ ရိက္ခာသွားပို့ပြီး ပြန်အလာမှာ အောက်ကျောင်းတောင်ကျေးရွာက တပ်မတော်သားတွေကို သွားရောက်တင်ဆောင်တဲ့အခါ ပစ်ခတ်ခံရတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရသေ့တောင်မြို့နယ်မှ ဒေသခံတစ်ဦးကပြောပါတယ်။

” မနေ့က နေ့လည် ၁၂ နာရီလောက်မှာ ညောင်ပင်လှကို ရိက္ခာသွားပို့တယ်။ ပြန်အလာ ၂ နာရီလောက်မှာ အောက်ကျောင်းတောင်က တပ်မတော်သားတွေကို လာတင်တယ်။ အဲ့ဒါမှာ ပစ်ခတ်ခံရတာ။ ပြီးတော့ စစ်ရေယာဉ်ပေါ်က အနီးအနားပတ်ဝန်းကျင်တွေကိုလည်း ရမ်းသန်းပစ်ခတ်တာတွေရှိတယ်။” လို့ ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာက ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ရေယာဉ်နဲ့သွားရောက် တင်ဆောင်တဲ့ တပ်မတော်စစ်ကြောင်းဟာ အောက်ကျောင်းတောင်ကျေးရွာမှာ တပ်စွဲထားသည်မှာ ၂ ရက်လောက် ကြာမြင့်နေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

” အောက်ကျောင်းတောင်ရွာမှာ တပ်ဆွဲထားတာ နှစ်ရက်ရှိပြီ။ ထိခိုက်မှုတွေဘာတွေ ရှိတယ်လို့တော့မကြားဘူး။ စေတီပြင်ချောင်းဝအဝင်နားမှာ ပစ်ခတ်ခံရတာ။” လို့ ဒေသခံတွေကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး တပ်မတော်ပြောရေးဆိုခွင့်ရှိသူတွေနဲ့ အေအေ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမယ့် အဆက်သွယ်မရရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်ပွားနှုန်းဟာ နေ့စဉ်ဆိုသလိုဖြစ်ပွားနေပြီး အေအေ အဖွဲ့က တပ်မတော်စစ်ရေယာဉ်တွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကစပြီး ယခုအချိန်အထိ ဖြစ်နေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရသေ့တောင် #တပ်မတော်ရေယာဉ် #အေအေ #အပြန်အလှန်ပစ်ခတ်

Zawgyi

ရေသ့ေတာင္မွာ တပ္မေတာ္စစ္ေရယာဥ္တစ္စီးနဲ႔ ေအေအ အျပန္အလွန္ပစ္ခတ္မႈျဖစ္

ရေသ့ေတာင္၊ ဇန္နဝါရီ ၁၇- ၂၀၂၀
ခိုင္လင္းစံ(VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေအာက္ေက်ာင္းေတာင္ေက်းရြာအနီး၊ ေမယုျမစ္အတြင္းမွာ မေန႔က ဇန္နဝါရီလ ၁၆ ရက္ေန႔ ေန႔လည္ ၂ နာရီခန္႔မွာ တပ္မေတာ္စစ္ေရယာဥ္နဲ႔ ေအေအ အဖြဲ႔တို႔အျပန္အလွန္ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့တယ္လို႔ အနီးအနားကေဒသခံေတြဆီကေန သိရပါတယ္။

ျဖစ္စဥ္မွာ မေန႔ကေန႔လည္ ၁၂ နာရီေလာက္မွာ အဲ့ဒီ တပ္မေတာ္စစ္ေရယာဥ္ဟာ ရေသ့ေတာင္ၿမိဳ႕နယ္ ေညာင္ပင္လေက်းရြာသို႔ ရိကၡာသြားပို႔ၿပီး ျပန္အလာမွာ ေအာက္ေက်ာင္းေတာင္ေက်းရြာက တပ္မေတာ္သားေတြကို သြားေရာက္တင္ေဆာင္တဲ့အခါ ပစ္ခတ္ခံရတာျဖစ္တယ္လို႔ အမည္မေဖာ္လိုတဲ့ ရေသ့ေတာင္ၿမိဳ႕နယ္မွ ေဒသခံတစ္ဦးကေျပာပါတယ္။

” မေန႔က ေန႔လည္ ၁၂ နာရီေလာက္မွာ ေညာင္ပင္လွကို ရိကၡာသြားပို႔တယ္။ ျပန္အလာ ၂ နာရီေလာက္မွာ ေအာက္ေက်ာင္းေတာင္က တပ္မေတာ္သားေတြကို လာတင္တယ္။ အဲ့ဒါမွာ ပစ္ခတ္ခံရတာ။ ၿပီးေတာ့ စစ္ေရယာဥ္ေပၚက အနီးအနားပတ္ဝန္းက်င္ေတြကိုလည္း ရမ္းသန္းပစ္ခတ္တာေတြ႐ွိတယ္။” လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ရြာသစ္ေကေက်းရြာက ေဒသခံတစ္ဦးကေျပာပါတယ္။

စစ္ေရယာဥ္နဲ႔သြားေရာက္ တင္ေဆာင္တဲ့ တပ္မေတာ္စစ္ေၾကာင္းဟာ ေအာက္ေက်ာင္းေတာင္ေက်းရြာမွာ တပ္စြဲထားသည္မွာ ၂ ရက္ေလာက္ ၾကာျမင့္ေနၿပီျဖစ္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

” ေအာက္ေက်ာင္းေတာင္ရြာမွာ တပ္ဆြဲထားတာ ႏွစ္ရက္႐ွိၿပီ။ ထိခိုက္မႈေတြဘာေတြ ႐ွိတယ္လို႔ေတာ့မၾကားဘူး။ ေစတီျပင္ေခ်ာင္းဝအဝင္နားမွာ ပစ္ခတ္ခံရတာ။” လို႔ ေဒသခံေတြကေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သတ္ၿပီး တပ္မေတာ္ေျပာေရးဆိုခြင့္႐ွိသူေတြနဲ႔ ေအေအ ေျပာေရးဆိုခြင့္႐ွိသူကို ဆက္သြယ္ခဲ့ေပမယ့္ အဆက္သြယ္မရ႐ွိခဲ့ပါဘူး။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအ တိုက္ပြဲျဖစ္ပြားႏႈန္းဟာ ေန႔စဥ္ဆိုသလိုျဖစ္ပြားေနၿပီး ေအေအ အဖြဲ႔က တပ္မေတာ္စစ္ေရယာဥ္ေတြကို ပစ္ခတ္တိုက္ခိုက္မႈေတြ မၾကာခဏျပဳလုပ္ေနတာဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ကစၿပီး ယခုအခ်ိန္အထိ ျဖစ္ေနတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ရေသ့ေတာင္ #တပ္မေတာ္ေရယာဥ္ #ေအေအ #အျပန္အလွန္ပစ္ခတ္

Related posts

Leave a Comment

VOM News

FREE
VIEW