မီးလောင်းကျွမ်းသွားတဲ့ ရတနာပုံဈေးအတွင်းက ဈေးသည်တွေကို ဒီနေ့နေ့လယ်ပိုင်းမှာ ဝင်ရောက်ကြည့်ရှုခွင့်ပေးမယ်

မန္တလေး ဇန်နဝါရီ ၁၈-၂၀၂၀
ဖြူဖြူ(VOM)

မနေ့ညနေပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့တဲ့ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ Sky Wall ၊ Yadanar Mall အဆောက်အဦး ပထမထပ်က ဈေးသူဈေးသားတွေကို ဒီကနေ့ နေ့လယ် ၁ နာရီကနေ ၅ နာရီအတွင်း ဝင်ရောက်ကြည့်ရှုခွင့် ပြုသွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

“မြေညီထပ်ကဆိုက်ရှင်တွေကို ဝင်ကြည့်ခွင့်ပေးမယ်။ ဒါပေမယ့် ပစ္စည်းတွေ ပြန်သယ်ချင်တယ်ဆိုရင်တော့ အဲဒါကို မနက်ဖြန်မှ စဉ်းစားပြီး စီစဉ်ပေးမယ်။ ” လို့ မန္တလေးမြို့တော် စည်ပင်သာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။

လက်ရှိအချိန်အထိ လောင်ကျွမ်းမှုဖြစ်စဉ်နဲ့ ဆုံးရှုံးမှုတန်ဖိုးကို တိတိကျကျမသိရသေးဘဲ အခုဝင်ရောက်ခွင့်ပြုလိုက်တဲ့ ပထမထပ်မှာတော့ မီးလောင်ကျွမ်းမှု မရှိဘူးလို့ သိရပါတယ်။

Sky Wall ၊ Yadanar Mall အဆောက်အဦးဟာ
မနေ့ ဇန်နဝါရီ ၁၇ ညနေ ၆ နာရီဝန်းကျင်က လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဒီနေ့ မနက် ၅ နာရီကျော်မှာ ငြိမ်းသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှု Level 5 အခြေအနေရှိခဲ့ပြီး အရပ်သားတစ်ဦး ပေါင်ကျိုးခဲ့သလို မီးသတပ်ဖွဲ့ဝင် အချို့လည်း အောက်စီဂျင်ပြတ်ပြီး မူးမော်တာ၊ ထိခိုက်ပွန်းရှ ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီကနေ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ရတနာပုံဈေး #ဈေးသည်

Zawgyi

မီးေလာင္းကၽြမ္းသြားတဲ့ ရတနာပံုေစ်းအတြင္းက ေစ်းသည္ေတြကို ဒီေန႔ေန႔လယ္ပိုင္းမွာ ဝင္ေရာက္ၾကည့္ရွုခြင့္ေပးမယ္

မႏၲေလး ဇန္နဝါရီ ၁၈-၂၀၂၀
ျဖဴျဖဴ(VOM)

မေန႔ညေနပိုင္းက မီးေလာင္ကြၽမ္းမႈ ျဖစ္ေပၚခဲ့တဲ့ မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာဇံၿမိဳ႕နယ္ရွိ Sky Wall ၊ Yadanar Mall အေဆာက္အဦး ပထမထပ္က ေစ်းသူေစ်းသားေတြကို ဒီကေန႔ ေန႔လယ္ ၁ နာရီကေန ၅ နာရီအတြင္း ဝင္ေရာက္ၾကည့္ရႈခြင့္ ျပဳသြားမယ္လို႔ မႏၱေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီကေန သိရပါတယ္။

“ေျမညီထပ္ကဆိုက္ရွင္ေတြကို ဝင္ၾကည့္ခြင့္ေပးမယ္။ ဒါေပမယ့္ ပစၥည္းေတြ ျပန္သယ္ခ်င္တယ္ဆိုရင္ေတာ့ အဲဒါကို မနက္ျဖန္မွ စဥ္းစားၿပီး စီစဥ္ေပးမယ္။ ” လို႔ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာေရးေကာ္မတီဝင္ ဦးေက်ာ္ဆန္းျမင့္က ေျပာပါတယ္။

လက္ရွိအခ်ိန္အထိ ေလာင္ကြၽမ္းမႈျဖစ္စဥ္နဲ႔ ဆုံးရႈံးမႈတန္ဖိုးကို တိတိက်က်မသိရေသးဘဲ အခုဝင္ေရာက္ခြင့္ျပဳလိုက္တဲ့ ပထမထပ္မွာေတာ့ မီးေလာင္ကြၽမ္းမႈ မရွိဘူးလို႔ သိရပါတယ္။

Sky Wall ၊ Yadanar Mall အေဆာက္အဦးဟာ
မေန႔ ဇန္နဝါရီ ၁၇ ညေန ၆ နာရီဝန္းက်င္က ေလာင္ကြၽမ္းခဲ့တာျဖစ္ၿပီး ဒီေန႔ မနက္ ၅ နာရီေက်ာ္မွာ ၿငိမ္းသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

မီးေလာင္ကြၽမ္းမႈ Level 5 အေျခအေနရွိခဲ့ၿပီး အရပ္သားတစ္ဦး ေပါင္က်ိဳးခဲ့သလို မီးသတပ္ဖြဲ႕ဝင္ အခ်ိဳ႕လည္း ေအာက္စီဂ်င္ျပတ္ၿပီး မူးေမာ္တာ၊ ထိခိုက္ပြန္းရွ ဒဏ္ရာအနည္းငယ္ ရရွိခဲ့တယ္လို႔ မႏၲေလးတိုင္းေဒသႀကီး ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီကေန သိရပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #ရတနာပံုေစ်း #ေစ်းသည္

Related posts

Leave a Comment

VOM News

FREE
VIEW