မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းဖို့ မြန်မာအစိုးရနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ကို ဆန္ဒပြ

ရန်ကုန်၊ဇန်နဝါရီ ၁၈-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မြန်မာ့နိုင်ငံရေးလူမှုအဖွဲ့အစည်းတွေက ဒီကနေ့နေ့လယ်ပိုင်းမှာ မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းဖို့ မြန်မာအစိုးရနဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ကို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို တရုတ်သံရုံးရှေ့မှာလုပ်ဖို့စီစဉ်ခဲ့ပေမယ့် တာဝန်ရှိအဖွဲ့အစည်းက ခွင့်မပြုတာကြောင့် မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင်တရုတ်နိုင်ငံသမ္မတကိုပေးမယ့် အိတ်ဖွင့်ပေးစာပေးကိုလည်း ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးကိုပေးအပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရင်းနှီးမြုပ်နှံမှုတွေနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိဖို့၊ ပြည်သူတွေကို ရင်ဝယ်သားကဲ့သို့စောင့်ရှောက်ဖို့ ၊ အသိပေးဖို့စတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #တရုတ်သမ္မတ #မြန်မာအစိုးရ #မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေး #ဆန္ဒပြ

Zawgyi


သိင်္ဂီ (VOM)






Related posts

Leave a Comment

VOM News

FREE
VIEW