ယီမင်စစ်အခြေစိုက်စခန်း ဒုံးပျံတွေနဲ့ တိုက်ခိုက်ခံရ၊ တပ်ဖွဲ့ဝင် ၈၀ သေပြီး ၁၃၀ ကျော်ဒါဏ်ရာရ

ယီမင်စစ်အခြေစိုက်စခန်း ဒုံးပျံတွေနဲ့ တိုက်ခိုက်ခံရ၊ တပ်ဖွဲ့ဝင် ၈၀ သေပြီး ၁၃၀ ကျော်ဒါဏ်ရာရ

ဆာနား၊ ဇန်နဝါရီ-၂၀-၂၀၂၀
မျိုးဆက် (VOM)

ယီမင်မှာရှိတဲ့ စစ်အခြေစိုက်စခန်းတစ်ခုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၈၀ ထက်မနည်းသေဆုံးသွားတယ်လို့ ယီမင်ရှိ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က တနင်္ဂနွေနေ့မှာပြောပါတယ်။

မာရစ်မြို့ အယ်လ်အက်စတီဘယ်ရှိ ဗလီတစ်ခုမှာ ဝတ်ပြုနေချိန်အတွင်း ပဲ့ထိန်းဒုံးပျံတွေ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး လူ ၁၃၀ လည်းဒါဏ်ရာရရှိသွားပါတယ်။

ဒီတိုက်ခိုက်မှုဟာ အီရန်စစ်ဗိုလ်ချုပ် ဆိုလိုင်မာနီသေဆုံးမှုအတွက် လက်စားချေဖို့ ရည်ရွယ်တာဖြစ်နိုင်ကြောင်း ယီမင်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့က ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။

ယီမင်နိုင်ငံမှာ နှစ်အတန်ကြားဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ ဆော်ဒီအာရေဗျနဲ့ ယူအေအီးနိုင်ငံတို့ဦးဆောင်တဲ့ညွှန့်ပေါင်းအဖွဲ့နဲ့ အီရန်ထောက်ခံပေးထားတဲ့ ဟူသီသူပုန်တို့လည်း တိုက်ခိုက်နေကြပါတယ်။

အီရန်ရဲ့ရည်မှန်းချက်ဟာ ယီမင်နဲ့ ဒေသတွင်းလုံခြုံရေး မတည်ငြိမ်စေရန်ဖြစ်ပြီး မိမိတို့တပ်ဖွဲ့ဝင်များအနေဖြင့် ယင်းရည်ရွယ်ချက်ကို မအောင်မြင်စေရန် အားထုတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယီမင်ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။

Ref : UPI
Photo: AP
#voiceofmyanmar #VOM #ယီမင် #အီရန်

zawgyi

ယီမင္စစ္အေျခစိုက္စခန္း ဒံုးပ်ံေတြနဲ႔ တို္က္ခိုက္ခံရ၊ တပ္ဖြဲ႔၀င္ ၈၀ ေသျပီး ၁၃၀ ေက်ာ္ဒါဏ္ရာရ

ဆာနား၊ ဇန္န၀ါရီ-၂၀-၂၀၂၀
မ်ိဳးဆက္ (VOM)

ယီမင္မွာရိွတဲ႔ စစ္အေျခစိုက္စခန္းတစ္ခုမွာ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင္႔ လူ ၈၀ ထက္မနည္းေသဆံုးသြားတယ္လို႔ ယီမင္ရွိ ကုလသမဂၢအထူးကိုယ္စားလွယ္က တနဂၤေႏြေန႔မွာေျပာပါတယ္။

မာရစ္ျမိဳ႕ အယ္လ္အက္စတီဘယ္ရိွ ဗလီတစ္ခုမွာ ၀တ္ျပဳေနခ်ိန္အတြင္း ပဲ႔ထိန္းဒံုးပ်ံေတြ ေမာင္းသူမဲ႔ေလယာဥ္ေတြနဲ႔ တို္က္ခိုက္ခံခဲ႔ရတာျဖစ္ျပီး လူ ၁၃၀ လည္းဒါဏ္ရာရရိွသြားပါတယ္။

ဒီတိုက္ခိုက္မႈဟာ အီရန္စစ္ဗုိ္လ္ခ်ဳပ္ ဆိုလို္င္မာနီေသဆံုးမႈအတြက္ လက္စားေခ်ဖို႔ ရည္ရြယ္တာျဖစ္နုိင္ေၾကာင္း ယီမင္ကာကြယ္ေရး၀န္ၾကီးဌာနက ထုတ္ျပန္ပါတယ္။ ဒါေပမယ္႔ တိုက္ခိုက္မႈကို လုပ္ေဆာင္ခဲ႔ေၾကာင္း ဟူသီသူပုန္အဖြဲ႔က ထုတ္ေဖာ္ေျပာဆိုတာမရိွေသးပါဘူး။

ယီမင္နုိင္ငံမွာ နွစ္အတန္ၾကားျဖစ္ပြားေနတဲ႔ ျပည္တြင္းစစ္မွာ ေဆာ္ဒီအာေရဗ်နဲ႔ ယူေအအီးနိုင္ငံတို႔ဦးေဆာင္တဲ႔ညႊန္႔ေပါင္းအဖြဲ႔နဲ႔ အီရန္ေထာက္ခံေပးထားတဲ႔ ဟူသီသူပုန္တို႔လည္း တိုက္ခိုက္ေနၾကပါတယ္။

အီရန္ရဲ႕ရည္မွန္းခ်က္ဟာ ယီမင္နဲ႔ ေဒသတြင္းလံုျခံဳေရး မတည္ျငိမ္ေစရန္ျဖစ္ျပီး မိမိတို႔တပ္ဖြဲ႔၀င္မ်ားအေနျဖင္႔ ယင္းရည္ရြယ္ခ်က္ကို မေအာင္ျမင္ေစရန္ အားထုတ္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ယီမင္ကာကြယ္ေရး၀န္ၾကီးဌာနက ေျပာထားပါတယ္။

Ref : UPI
Photo: AP
#voiceofmyanmar #VOM #ယီမင္ #အီရန္

Related posts

Leave a Comment

VOM News

FREE
VIEW