တံတားပေါ်က ခုန်ချသွားတဲ့ စက်မှုလက်မှုသိပ္ပံကျောင်းသားရဲ့ရုပ်အလောင်း ပြန်လည်တွေ့ရှိ

စစ်ကိုင်း၊ ဇန်နဝါရီ ၂၄-၂၀၂၀
မောင်တာရာ(VOM)

ဧရာဝတီတံတား(ရတနာပုံ)ပေါ်ကနေ ဇန်နဝါရီ ၂၃ရက်ညနေပိုင်းက ခုန်ချသွားတဲ့ ကျောက်ဆည် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသားရဲ့ ရုပ်အလောင်းကို ဒီကနေ့မနက် ၁၀ နာရီခန့်က တွေ့ရှိခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)ကနေ သိရပါတယ်။

”ဒီနေ့ နံနက် ၁၀ နာရီလောက်က ရေငုပ်သမားတွေ ရှာဖွေမှုနဲ့ မြစ်အတွင်းတံတားအောက်ကနေ ပြန်လည်တွေ့ရှိပါပြီ၊ ရုပ်အလောင်းကို မဏီစလ လူမှုကူညီရေးကားနဲ့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်လိုက်ပါတယ် “လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း) အတွင်းရေးမှူး ကိုစိုးမင်းဦးက ပြောပါတယ်။

တံတားပေါ်ကနေခုန်ချသွားတဲ့ ကျောင်းသားဟာ မန္တလေးမြို့ ၊ကျွဲဆည်ကန် ၁၁ လမ်း၊ လမ်းသွယ် ၃ ကြာမှာနေထိုင်ပြီး ကျောက်ဆည် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။

အဲ့ဒီကျောင်းသားဟာ ဇန်နဝါရီလ ၂၃ရက်၊ ညနေ ၆နာရီအချိန်ခန့်က ဧရာဝတီ(ရတနာပုံ) မန္တလေးဘက်ခြမ်း တံတားတစ်ကုန်းမြောက်နေရာကနေ မြစ်အတွင်းခုန်ချခဲ့တဲ့အတွက် စစ်ကိုင်းခရိုင်၊မြို့နယ် မီးသတ်တပ်ဖွဲ့၊ကြက်ခြေနီတပ်ဖွဲ့၊အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)၊ရေလုပ်သားတွေက ညပိုင်းအထိ ရေပြင်ရှာဖွေကယ်ဆယ်မှုတွေလုပ်ခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာမှ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာလည်း အင်းဝတံတား (စစ်ကိုင်း)ပေါ် ကနေ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု (၅)ကြိမ်၊ ဧရာဝတီတံတား (ရတနာပုံ)ပေါ်ကနေ ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အခုတက္ကသိုလ်ကျောင်းသားခုန်ချတာကတော့ ၂၀၂၀ခုနှစ်မှာ ပထမအကြိမ်ခုန်ချသေဆုံးတဲ့ဖြစ်ရပ်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #တံတားပေါ်ခုန်ချ #ရုပ်အလောင်းပြန်တွေ့

Zawgyi

တံတားေပၚက ခုန္ခ်သြားတဲ့ စက္မွဳလက္မွဳသိပၸံေက်ာင္းသားရဲ႕ရုပ္အေလာင္း ျပန္လည္ေတြ႕ရွိ

စစ္ကိုင္း၊ ဇန္နဝါရီ ၂၄-၂၀၂၀
ေမာင္တာရာ(VOM)

ဧရာဝတီတံတား(ရတနာပုံ)ေပၚကေန ဇန္နဝါရီ ၂၃ရက္ညေနပိုင္းက ခုန္ခ်သြားတဲ့ ေက်ာက္ဆည္ အစိုးရစက္မွဳလက္မွဳသိပၸံေက်ာင္းသားရဲ႕ ရုပ္အေလာင္းကုိ ဒီကေန႔မနက္ ၁၀ နာရီခန္႔က ေတြ႕ရွိခဲ့တယ္လုိ႔ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕(စစ္ကိုင္း)ကေန သိရပါတယ္။

”ဒီေန႕ နံနက္ ၁၀ နာရီေလာက္က ေရငုပ္သမားေတြ ရွာေဖြမွုနဲ႔ ျမစ္အတြင္းတံတားေအာက္ကေန ျပန္လည္ေတြ႕ရွိပါၿပီ၊ ရုပ္အေလာင္းကုိ မဏီစလ လူမႈကူညီေရးကားနဲ႕ မႏၲေလးေဆး႐ုံႀကီးကို ပို႔ေဆာင္လိုက္ပါတယ္ “လို႔ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕(စစ္ကိုင္း) အတြင္းေရးမွဴး ကုိစုိးမင္းဦးက ေျပာပါတယ္။

တံတားေပၚကေနခုန္ခ်သြားတဲ့ ေက်ာင္းသားဟာ မႏၲေလးၿမိဳ႕ ၊ကၽြဲဆည္ကန္ ၁၁ လမ္း၊ လမ္းသြယ္ ၃ ၾကာမွာေနထိုင္ၿပီး ေက်ာက္ဆည္ အစိုးရစက္မွုလက္မွုသိပၸံေက်ာင္းသားတစ္ဦးလည္း ျဖစ္ပါတယ္။

အဲ့ဒီေက်ာင္းသားဟာ ဇန္နဝါရီလ ၂၃ရက္၊ ညေန ၆နာရီအခ်ိန္ခန္႔က ဧရာဝတီ(ရတနာပုံ) မႏၲေလးဘက္ျခမ္း တံတားတစ္ကုန္းေျမာက္ေနရာကေန ၿမစ္အတြင္းခုန္ခ်ခဲ့တဲ့အတြက္ စစ္ကုိင္းခရုိင္၊ၿမဳိ႕နယ္ မီးသတ္တပ္ဖြဲ႕၊ႀကက္ေျခနီတပ္ဖြဲ႕၊အေရးေပၚကယ္ဆယ္ေရးအဖြဲ႕(စစ္ကိုင္း)၊ေရလုပ္သားေတြက ညပိုင္းအထိ ေရျပင္ရွာေဖြကယ္ဆယ္မႈေတြလုပ္ခဲ့ၿပီး ဒီကေန႔မနက္ပိုင္းမွာမွ ရုပ္အေလာင္းကို ေတြ႔ရိွခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္းမွာလည္း အင္းဝတံတား (စစ္ကိုင္း)ေပၚ ကေန ဧရာဝတီျမစ္အတြင္း ခုန္ခ်ေသဆုံးမွု (၅)ႀကိမ္၊ ဧရာဝတီတံတား (ရတနာပုံ)ေပၚကေန ဧရာဝတီျမစ္အတြင္း ခုန္ခ်ေသဆုံးမွု ႏွစ္ႀကိမ္ ျဖစ္ပြားခဲ့ၿပီး အခုတကၠသိုလ္ေက်ာင္းသားခုန္ခ်တာကေတာ့ ၂၀၂၀ခုနွစ္မွာ ပထမအႀကိမ္ခုန္ခ်ေသဆံုးတဲ့ျဖစ္ရပ္တစ္ခု ျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #စစ္ကိုင္း #တံတားေပၚခုန္ခ် #ရုပ္အေလာင္းျပန္ေတြ႔

Related posts

Leave a Comment

VOM News

FREE
VIEW