စာသင်ကျောင်းတွေနဲ့ ပေ ၁၀၀ အကွာမှာ အရက်ဘီယာ ၊မူးယစ်ဆေးဝါး ၊ကွမ်းယာ၊ ဆေးလိပ် ရောင်းချတာတွေကို ရဲအင်အားသုံးဖယ်ရှားမယ်

စာသင်ကျောင်းတွေနဲ့ ပေ ၁၀၀ အကွာမှာ အရက်ဘီယာ ၊မူးယစ်ဆေးဝါး ၊ကွမ်းယာ၊ ဆေးလိပ် ရောင်းချတာတွေကို ရဲအင်အားသုံးဖယ်ရှားမယ်

ရန်ကုန် ၊ဇန်နဝါရီ ၂၆- ၂၀၂၀
သိင်္ဂီ (VOM)

စာသင် ကျောင်းတွေရဲ့ပတ်လည် ပေ ၁၀၀ အကွာအဝေးအတွင်း အရက်ဘီယာ ၊မူးယစ်ဆေးဝါး ၊ကွမ်းယာ ဆေးလိပ် အပါအဝင်ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေ ကိုရောင်းချခွင့်မှုတွေကို သက်ဆိုင်ရာမြို့နယ်အလိုက်အာဏာပိုင်တွေအကူအညီနဲ့ ရှင်းလင်းဖယ်ရှားမှုတွေလုပ်သွားမယ်လို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းကသိရပါတယ်။

” မြောက်ဒဂုံကကျောင်းတချိုမှာတော့ စီးကရက်ရောင်းတာတွေ့ရတယ်။ ကျောင်းတွေရဲ့ ရှေ့လမ်း ပေ ၁၀၀ အကွာအဝေးအတွင်း အရက်ဘီယာ ၊မူးယစ်ဆေးဝါး ၊ကွမ်းယာ ဆေးလိပ် ခွင့်မပြုတဲ့စာတွေလည်းကပ်ထားတယ်။ ရောင်းရင်အရေးယူခံရမယ်။ အခုမြောက်ဒဂုံမှာတော့အန္တရာယ်ရှိအသင့်စားမုန့်ကင်းစင်ပညာရေးနယ်မြေအဖြစ်သတ်မှတ်နိုင်ပြီ။ကျောင်းအရှေ့လမ်း ပုရဝုဏ်အတွင်း ရောင်းချနေတာတွေကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ပူးပေါင်းရှင်းနေတယ်။ လိုအပ်ရင် ရဲအင်အားနဲ့ပါရှင်းမယ်။ တစ်နိုင်ငံလုံးလုပ်မှာဖြစ်တယ်။အချိန်က ၁ နှစ်ကြာမလား ၂ နှစ်ကြာမလားမပြောနိုင်ဘူး။ ကြာချင်လဲကြာနိုင်မယ်။
” လို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင် ကပြောပါတယ်။

ကျောင်းခြံစည်ရိုးကနေ ပေ ၁၀၀ အကွာအဝေး ဘယ်နေရာမှာမဆို ရောင်းချခွင့်မရှိသလို ခွင့်ပြုထားခြင်းလည်းမရှိတာကြောင့် ဒီလိုရောင်းချနေတာတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် မြို့နယ်အာဏာပိုင်တွေနဲ့ပူးပေါင်းပြီးဖယ်ရှားမှာဖြစ်ပါတယ်။လတ်တလောမှာတော့ မြောက်ဒဂုံက ကျောင်းတွေမှာစတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမာရွတ်မြို့နယ်က ၉ တန်းကျောင်းသားတစ်ဦးရဲ့အဒေါ်ဖြစ်သူ ဒေါ်သင်းသင်းက ” တချို့ ကျောင်းပတ်ဝန်းကျင်မှာကွမ်းယာဆိုင်တွေ့ရတယ်ပေါ့။ တချို့ကလေးတွေ ဆေးလိပ်သောက်နေတာတွေ့ရတော့ စိတ်မကောင်းဘူး။ ငယ်ငယ်လေးနဲ့ပေါ့။ ကိုယ့်ကလေးရော ကိုယ့်ကွယ်ရာမှာခုလိုဖြစ်နေမလားစိတ်ပူမိတယ်။ ကျောင်းနဲ့အရမ်းနီးတဲ့နေရာ ဒီလိုဆိုင်တွေရှိနေရင် သူတို့အတွက်က ပိုလွယ်နေသလိုဖြစ်နေတယ်။မရှိသင့်ဘူး။ ဒါတွေကို ထိထိရောက်ရောက်လုပ်သင့်တယ်” လို့ဆိုပါတယ်။

လက်ရှိအခြေအနေက ကျောင်းအတွင်း မုန့်ဈေးတန်းဖွင့်လှစ်ရောင်းချဖို့ နေရာမပေးနိုင်တဲ့ ကျောင်းတွေမှာတော့ ကျောင်းရဲ့ ရှေ့လမ်းမတွေပေါ်မှာ ဈေးရောင်းချတာတွေရှိနေပါတယ်။ အဲ့ဒီမှာကျန်းမာရေးနဲ့မညီညွတ်တဲ့ အကင်တွေ၊ ဆိုးဆေးပါတဲ့အစားအစာတွေ ဓာတုအချိုရည်စတာတွေရောင်းချနေသလို တချို့ အထက်တန်းကျောင်းတွေပတ်ဝန်းကျင်မှာတော့ ဆေးလိပ်နဲ့ ကွမ်းယာတွဲလျှက်ဆိုင်၊ ဘီယာဆိုင်တွေလည်းဖွင့်လှစ်ထားတာရှိနေပါတယ်။

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းနဲ့ ကျောင်းအားလုံးကို လုပ်ဆောင်သွားမှာဖြစ်ပေမယ့်လည်း အချိန်ယူစစ်ဆေးလုပ်ရတဲ့အလုပ်ဖြစ်တာကြောင့် ကျောင်းအားလုံးမှာ သတ်မှတ်နိုင်ဖို့ဆိုရင် ချိန်ကြာမြင့်မှုရှိနိုင်တယ်လို့သိရပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းနဲ့အခြေ ခံပညာဦးစီးဌာန တို့ပူးပေါင်းပြီး အသင့်စားမုန့်ကင်းစင်ပညာရေးနယ်မြေအဖြစ် မြောက်ဒဂုံ မြို့နယ်ကိုသတ်မှတ်လိုက်ပါတယ်။
#voiceofmyanmar #VOM #စာသင်ကျောင်းနားအရက်ဘီယာဆေးလိပ်မရောင်းရ

Zawgyi

စာသင္ေက်ာင္းေတြနဲ႕ ေပ ၁၀၀ အကြာမွာ အရက္ဘီယာ ၊မူးယစ္ေဆးဝါး ၊ကြမ္းယာ၊ ေဆးလိပ္ ေရာင္းခ်တာေတြကို ရဲအင္အားသုံးဖယ္႐ွားမယ္

ရန္ကုန္ ၊ဇန္နဝါရီ ၂၆- ၂၀၂၀
သိဂႌ (VOM)

စာသင္ ေက်ာင္းေတြရဲ႕ပတ္လည္ ေပ ၁၀၀ အကြာအေဝးအတြင္း အရက္ဘီယာ ၊မူးယစ္ေဆးဝါး ၊ကြမ္းယာ ေဆးလိပ္ အပါအဝင္က်န္းမာေရးနဲ႔ မညီၫြတ္တဲ့အစားအစာေတြ ကိုေရာင္းခ်ခြင့္မႈေတြကို သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္အာဏာပိုင္ေတြအကူအညီနဲ႔ ႐ွင္းလင္းဖယ္႐ွားမႈေတြလုပ္သြားမယ္လို႔ ျမန္မာႏိုင္ငံစားသုံးသူကာကြယ္ေရးအသင္းကသိရပါတယ္။

” ေျမာက္ဒဂုံကေက်ာင္းတခ်ိဳမွာေတာ့ စီးကရက္ေရာင္းတာေတြ့ရတယ္။ ေက်ာင္းေတြရဲ႕ ေ႐ွ႕လမ္း ေပ ၁၀၀ အကြာအေဝးအတြင္း အရက္ဘီယာ ၊မူးယစ္ေဆးဝါး ၊ကြမ္းယာ ေဆးလိပ္ ခြင့္မျပဳတဲ့စာေတြလည္းကပ္ထားတယ္။ ေရာင္းရင္အေရးယူခံရမယ္။ အခုေျမာက္ဒဂုံမွာေတာ့အႏၱရာယ္ရွိအသင့္စားမုန္႔ကင္းစင္ပညာေရးနယ္ေျမအျဖစ္သတ္မွတ္ႏိုင္ၿပီ။ေက်ာင္းအေ႐ွ႕လမ္း ပုရဝုဏ္အတြင္း ေရာင္းခ်ေနတာေတြကိုလည္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးနဲ႔ပူးေပါင္း႐ွင္းေနတယ္။ လိုအပ္ရင္ ရဲအင္အားနဲ႔ပါ႐ွင္းမယ္။ တစ္ႏိုင္ငံလုံးလုပ္မွာျဖစ္တယ္။အခ်ိန္က ၁ ႏွစ္ၾကာမလား ၂ ႏွစ္ၾကာမလားမေျပာႏိုင္ဘူး။ ၾကာခ်င္လဲၾကာႏိုင္မယ္။
” လို႔ ျမန္မာႏိုင္ငံစားသုံးသူကာကြယ္ေရးအသင္းဥကၠ႒ ဦးဗအုပ္ခိုင္ ကေျပာပါတယ္။

ေက်ာင္းျခံစည္႐ုိးကေန ေပ ၁၀၀ အကြာအေဝး ဘယ္ေနရာမွာမဆို ေရာင္းခ်ခြင့္မ႐ွိသလို ခြင့္ျပဳထားျခင္းလည္းမ႐ွိတာေၾကာင့္ ဒီလိုေရာင္းခ်ေနတာေတြကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအပါအဝင္ ၿမိဳ႕နယ္အာဏာပိုင္ေတြနဲ႔ပူးေပါင္းၿပီးဖယ္႐ွားမွာျဖစ္ပါတယ္။လတ္တေလာမွာေတာ့ ေျမာက္ဒဂုံက ေက်ာင္းေတြမွာစတင္လုပ္ေဆာင္ေနၿပီလို႔သိရပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ကမာရြတ္ၿမိဳ႕နယ္က ၉ တန္းေက်ာင္းသားတစ္ဦးရဲ႕အေဒၚျဖစ္သူ ေဒၚသင္းသင္းက ” တခ်ိဳ႕ ေက်ာင္းပတ္ဝန္းက်င္မွာကြမ္းယာဆိုင္ေတြ႔ရတယ္ေပါ့။ တခ်ိဳ႕ကေလးေတြ ေဆးလိပ္ေသာက္ေနတာေတြ႔ရေတာ့ စိတ္မေကာင္းဘူး။ ငယ္ငယ္ေလးနဲ႔ေပါ့။ ကိုယ့္ကေလးေရာ ကိုယ့္ကြယ္ရာမွာခုလိုျဖစ္ေနမလားစိတ္ပူမိတယ္။ ေက်ာင္းနဲ႔အရမ္းနီးတဲ့ေနရာ ဒီလိုဆိုင္ေတြ႐ွိေနရင္ သူတို႔အတြက္က ပိုလြယ္ေနသလိုျဖစ္ေနတယ္။မ႐ွိသင့္ဘူး။ ဒါေတြကို ထိထိေရာက္ေရာက္လုပ္သင့္တယ္” လို႔ဆိုပါတယ္။

လက္႐ွိအေျခအေနက ေက်ာင္းအတြင္း မုန္႔ေစ်းတန္းဖြင့္လွစ္ေရာင္းခ်ဖို႔ ေနရာမေပးႏိုင္တဲ့ ေက်ာင္းေတြမွာေတာ့ ေက်ာင္းရဲ႕ ေ႐ွ႕လမ္းမေတြေပၚမွာ ေစ်းေရာင္းခ်တာေတြ႐ွိေနပါတယ္။ အဲ့ဒီမွာက်န္းမာေရးနဲ႔မညီၫြတ္တဲ့ အကင္ေတြ၊ ဆိုးေဆးပါတဲ့အစားအစာေတြ ဓာတုအခ်ိဳရည္စတာေတြေရာင္းခ်ေနသလို တခ်ိဳ႕ အထက္တန္းေက်ာင္းေတြပတ္ဝန္းက်င္မွာေတာ့ ေဆးလိပ္နဲ့ ကြမ္းယာတြဲလွ်က္ဆိုင္၊ ဘီယာဆိုင္ေတြလည္းဖြင့္လွစ္ထားတာ႐ွိေနပါတယ္။

ျမန္မာႏိုင္ငံစားသုံးသူကာကြယ္ေရးအသင္းနဲ႔ ေက်ာင္းအားလုံးကို လုပ္ေဆာင္သြားမွာျဖစ္ေပမယ့္လည္း အခ်ိန္ယူစစ္ေဆးလုပ္ရတဲ့အလုပ္ျဖစ္တာေၾကာင့္ ေက်ာင္းအားလုံးမွာ သတ္မွတ္ႏိုင္ဖို႔ဆိုရင္ ခ်ိန္ၾကာျမင့္မႈ႐ွိႏိုင္တယ္လို႔သိရပါတယ္။

လက္႐ွိမွာ ျမန္မာႏိုင္ငံစားသုံးသူကာကြယ္ေရးအသင္းနဲ႔အေျခ ခံပညာဦးစီးဌာန တို႔ပူးေပါင္းၿပီး အသင့္စားမုန္႔ကင္းစင္ပညာေရးနယ္ေျမအျဖစ္ ေျမာက္ဒဂုံ ၿမိဳ႕နယ္ကိုသတ္မွတ္လိုက္ပါတယ္။

ဓါတ္ပံုု ေျမာက္ဒဂံုုေက်ာင္းသူေက်ာင္းသားမ်ား

#voiceofmyanmar #VOM #စာသင္ေက်ာင္းနားအရက္ဘီယာေဆးလိပ္မေရာင္းရ

Related posts

Leave a Comment

VOM News

FREE
VIEW