တာဝန်ပျက်ကွက်နေတဲ့ရဲဝန်ထမ်းတွေကို အရေးယူပေးဖို့ တကိုယ်တော်ဆန္ဒပြ

ပဲခူး၊ ဇန်နဝါရီ ၃၀-၂၀၂၀
မိုးယံ(VOM)

တာဝန်ပျက်ကွက်နေတဲ့ ရဲဝန်ထမ်းတွေကို အပစ်ပေးအရေးယူပေးဖို့အတွက် တောင်သူလယ်သမား အလုပ်သမားအင်အားစုပါတီ ဗဟိုဥက္ကဠ ဦးမင်းသူဟာ ဒီကနေ့နေ့လယ်ပိုင်းက ဘုရားကြီးနယ်မြေရဲစခန်းရှေ့မှာ တကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။

၂၀၀၈အခြေခံဥပဒေ အခန်း(၁)အပိုဒ်၂၁(က)အရ ကျွန်တော်တို့ပြည်သူတွေ တန်းတူအခွင့်အရေး မရလို့ အခန်း(၈)အပိုဒ်၃၄၇ အရ၊ ပြည်သူတွေဟာ ဥပဒေရဲ့အကာအကွယ်ကို လုံးဝ တန်းတူညီမျှစွာ ခံစားခွင့်မရှိတဲ့အတွက် အခုလိုဆန္ဒဖော်ထုတ်ရတာဖြစ်တယ်လို့ ဦးမင်းသူကပြောပါတယ်။

“ ပြီးခဲ့တဲ့၂၀၁၈ခုနှစ် ဒီဇင်ဘာ ၃၀ရက်နေ့က စတင်အမှုဖွင့်ခဲ့တာကို ယခုအချိန်ထိ တရား စွဲတင်နိုင်ခြင်းမရှိသေးတဲ့အပေါ်ကို ‟ပဲခူးတိုင်း၊ ဘုရားကြီးမြို့အပိုင်၊ မယင်းကျေးရွာနေ လယ်သမားကြီး ဦးဇော်မြင့်က ပြေစာတွေတရားဝင်ရရှိထားပြီး၊ သူ့လယ်သူထွန်ယက်ဖို့အတွက် ကျွန်တော့ပါတီက အလုပ်အမှုဆောင်အဖွဲ့တွေကို ထမင်းစားဖိတ်ကျွေးရင်း သူလယ်လုပ်တာကို ကြည့်ဖို့ခေါ်လို့ သွားကြပါတယ်။ အဲ့ဒီလိုသွားတဲ့အခါ မယင်းကျေးရွာ အုပ်ချုပ်ရေးမှူးက စားကျက်မြေဆိုပြီးလာတားပါတယ်။ အဲဒီမှာ ပါတီတံဆိပ်တွေကိုတွေ့ပြီး မင်းတို့ဘယ်ပါတီကလဲ၊ ဘာကောင်တွေလဲဆိုပြီး ဗဟိုအလုပ်အမှုဆောင်ဦးမြင့်နိုင်ကို ပြသာနာလည်းရှာ၊ ဆဲလည်းဆဲကြိမ်းဝါးသွားပါတယ်။ကျွန်တော်တို့က ၂၀၁၈ ဒီဇင်ဘာ ၂၉ရက်မှာ ရဲစခန်းကိုအမှုဖွင့်ပြီး ၃၀ရက်နေ့မှာ ရဲFIRဖွင့်ပါတယ်၊ အဲဒီနောက် ယနေ့အထိ တရားစွဲတင်ပေးခြင်းမတွေ့ရပါဘူး”လို့ တစ်ကိုယ်တော်ဆန္ဒပြတဲ့ တောင်သူလယ်သမား အလုပ်သမားအင်အားစုပါတီ ဗဟိုဥက္ကဠ ဦးမင်းသူကပြောပါတယ်။

မယင်ကျေးရွာအုပ်ချုပ်ရေးမှူးမှ စားကျက်မြေ ကျူးကျော်တယ်လို့ဆိုကာ ပါတီအလုပ်အမှုဆောင်အဖွဲ့တွေကို ပုဒ်မ-၄၄၇နဲ့ တရားစွဲဆိုခဲ့ပြီး တရားရုံးမှာ စားကျက်မြေဖြစ်ကြောင်း ပေါ်ပေါက်အောင်မပြနိုင်တဲ့အတွက် အမှုကနေ အပြီးအပြတ်လွတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဘုရားကြီးနယ်မြေရဲစခန်းမှတာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာ “စခန်းမှူး အစည်းအဝေး တက်နေလို့ ဖြေကြားနိုင်ခြင်းမရှိဘူး”လို့ပြောပါတယ်။

တစ်ကိုယ်တော်ဆန္ဒပြရာမှာ ပြည်သူကိုအလေးမထား တာဝန်ပျက်ကွက်နေသော ရဲဝန်ထမ်းများအား အပစ်ပေး အရေးယူပေးရေး ။ တရားစွဲမတင်နိုင်ခြင်းမှာဖိအားကြောင့်လား တာဝန်ပျက်ကွက်ခြင်းလား ဖြေပေးပါ စတဲ့စာသားပါ ဗီနိုင်းပိုစတာကို ကိုင်ဆောင်ပြီး ဘုရားကြီးမြို့ မီးပွိုင့်ကနေ စတင်လမ်းလျောက်ကာ ဘုရားကြီးနယ်မြေရဲစခန်းရှေ့ထိ တကိုယ်တော်လမ်းလျှောက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ပဲခူး #ရဲဝန်ထမ်းတွေကိုအရေးယူဖို့ #တကိုယ်တော်ဆန္ဒပြ

Zawgyi

တာဝန္ပ်က္ကြက္ေနတဲ့ရဲဝန္ထမ္းေတြကို အေရးယူေပးဖို႔ တကိုယ္ေတာ္ဆႏၵျပ

ပဲခူး၊ ဇန္နဝါရီ ၃၀-၂၀၂၀
မိုးယံ(VOM)

တာဝန္ပ်က္ကြက္ေနတဲ့ ရဲဝန္ထမ္းေတြကို အပစ္ေပးအေရးယူေပးဖို႔အတြက္ ေတာင္သူလယ္သမား အလုပ္သမားအင္အားစုပါတီ ဗဟိုဥကၠဠ ဦးမင္းသူဟာ ဒီကေန႔ေန႔လယ္ပုိင္းက ဘုရားႀကီးနယ္ေျမရဲစခန္းေရွ႕မွာ တကိုယ္ေတာ္ဆႏၵျပခဲ့ပါတယ္။

၂၀၀၈အေျခခံဥပေဒ အခန္း(၁)အပိုဒ္၂၁(က)အရ ကၽြန္ေတာ္တို႔ျပည္သူေတြ တန္းတူအခြင့္အေရး မရလို႔ အခန္း(၈)အပိုဒ္၃၄၇ အရ၊ ျပည္သူေတြဟာ ဥပေဒရဲ႕အကာအကြယ္ကို လုံးဝ တန္းတူညီမွ်စြာ ခံစားခြင့္မရွိတဲ့အတြက္ အခုလိုဆႏၵေဖာ္ထုတ္ရတာျဖစ္တယ္လို႔ ဦးမင္းသူကေျပာပါတယ္။

“ ၿပီးခဲ့တဲ့၂၀၁၈ခုႏွစ္ ဒီဇင္ဘာ ၃၀ရက္ေန႔က စတင္အမႈဖြင့္ခဲ့တာကို ယခုအခ်ိန္ထိ တရား စြဲတင္ႏိုင္ျခင္းမရွိေသးတဲ့အေပၚကို ‟ပဲခူးတိုင္း၊ ဘုရားႀကီးၿမိဳ႕အပိုင္၊ မယင္းေက်း႐ြာေန လယ္သမားႀကီး ဦးေဇာ္ျမင့္က ေျပစာေတြတရားဝင္ရရွိထားၿပီး၊ သူ႔လယ္သူထြန္ယက္ဖို႔အတြက္ ကၽြန္ေတာ့ပါတီက အလုပ္အမႈေဆာင္အဖြဲ႕ေတြကို ထမင္းစားဖိတ္ေကြၽးရင္း သူလယ္လုပ္တာကို ၾကည့္ဖို႔ေခၚလို႔ သြားၾကပါတယ္။ အဲ့ဒီလိုသြားတဲ့အခါ မယင္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးက စားက်က္ေျမဆိုၿပီးလာတားပါတယ္။ အဲဒီမွာ ပါတီတံဆိပ္ေတြကိုေတြ႕ၿပီး မင္းတို႔ဘယ္ပါတီကလဲ၊ ဘာေကာင္ေတြလဲဆိုၿပီး ဗဟိုအလုပ္အမႈေဆာင္ဦးျမင့္ႏိုင္ကို ျပသာနာလည္းရွာ၊ ဆဲလည္းဆဲႀကိမ္းဝါးသြားပါတယ္။ကၽြန္ေတာ္တို႔က ၂၀၁၈ ဒီဇင္ဘာ ၂၉ရက္မွာ ရဲစခန္းကိုအမႈဖြင့္ၿပီး ၃၀ရက္ေန႔မွာ ရဲFIRဖြင့္ပါတယ္၊ အဲဒီေနာက္ ယေန႔အထိ တရားစြဲတင္ေပးျခင္းမေတြ႕ရပါဘူး”လုိ႔ တစ္ကိုယ္ေတာ္ဆႏၵျပတဲ့ ေတာင္သူလယ္သမား အလုပ္သမားအင္အားစုပါတီ ဗဟိုဥကၠဠ ဦးမင္းသူကေျပာပါတယ္။

မယင္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမွ စားက်က္ေျမ က်ဴးေက်ာ္တယ္လို႔ဆိုကာ ပါတီအလုပ္အမႈေဆာင္အဖြဲ႕ေတြကို ပုဒ္မ-၄၄၇နဲ႔ တရားစြဲဆိုခဲ့ၿပီး တရား႐ုံးမွာ စားက်က္ေျမျဖစ္ေၾကာင္း ေပၚေပါက္ေအာင္မျပႏိုင္တဲ့အတြက္ အမႈကေန အၿပီးအျပတ္လြတ္ခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘုရားႀကီးနယ္ေျမရဲစခန္းမွတာဝန္ရွိသူတစ္ဦးကုိ ဆက္သြယ္ေမးျမန္းရာ “စခန္းမႉး အစည္းအေဝး တက္ေနလို႔ ေျဖၾကားႏိုင္ျခင္းမရွိဘူး”လို႔ေျပာပါတယ္။

တစ္ကိုယ္ေတာ္ဆႏၵျပရာမွာ ျပည္သူကိုအေလးမထား တာဝန္ပ်က္ကြက္ေနေသာ ရဲဝန္ထမ္းမ်ားအား အပစ္ေပး အေရးယူေပးေရး ။ တရားစြဲမတင္ႏိုင္ျခင္းမွာဖိအားေၾကာင့္လား တာဝန္ပ်က္ကြက္ျခင္းလား ေျဖေပးပါ စတဲ့စာသားပါ ဗီႏိုင္းပိုစတာကို ကိုင္ေဆာင္ၿပီး ဘုရားႀကီးၿမိဳ႕ မီးပြိဳင့္ကေန စတင္လမ္းေလ်ာက္ကာ ဘုရားႀကီးနယ္ေျမရဲစခန္းေရွ႕ထိ တကိုယ္ေတာ္လမ္းေလွ်ာက္ဆႏၵျပခဲ့တာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ပဲခူး #ရဲဝန္ထမ္းေတြကိုအေရးယူဖို႔ #တကိုယ္ေတာ္ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW