တရုတ်လေကြောင်းနဲ့ပါလာတဲ့ ခရီးသည်တွေကို လေယာဉ်ပေါ်က ဆင်းခွင့်မပေးသေးပဲ သံသယလူနာဆေးရုံရောက်

ရန်ကုန်၊ ဇန်နဝါရီ ၃၁-၂၀၂၀
Voice Of Myanmar

ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဒီကနေ့နေ့လယ်ပိုင်း ဆိုက်ရောက်လာတဲ့ China Southern Airlineလေယာဉ်ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိလူနာတစ်ဦးပါလာခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

အဲ့ဒီလူနာဟာ တရုတ်နိုင်ငံ ဟူနန်းပြည်နယ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ Mr. WANG. JINPIN အသက်(၅၆)နှစ်အရွယ်ရှိသူတစ်ဦးလို့လည်း သိရပါတယ်။

လေကြောင်းဌာနမှ အထွေထွေမန်နေဂျာ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးပိုင်ပြောပြတာကတော့
” ပြန်လွှတ်မလား ဒီမှာလက်ခံမလား ဆိုတာကျန်းမာရေးဝန်ကြီးဌာနက သူတို့ရဲ့ limitations တွေညှီနေတယ်။ အကြမ်းဖျင်းသိရသလောက်တော့ ဒီမှာနေဖြစ်မယ့်သူကိုလက်ခံမယ်၊ ဒါပေမယ့် ဟိုတယ်မှာတော့ ၁၄ ရက်စောင့်ကြည့်ရမယ်၊ ပြန်ချင်တဲ့သူကတော့ လေယာဉ်နဲ့ပြန်လိုက်သွား၊ အဲ့လိုတော့အကြမ်းဖျင်းညှိထားတယ်၊ သိရတယ်။ အသေးစိတ်တော့မသိရသေးဘူး။ လေယာဉ်မှာ နိုင်ငံခြားသား ၇၇ ယောက် မြန်မာက ၂ ယောက်ပါတယ်။ ခုထိနောကိဆုံးအခြေအနေအရ လေယာဉ်ထဲမှာပဲရှိသေးတယ်။ အပြင်ပေးမထွက်သေးပါဘူး။ သံသယရှိခရီးသည်ကိုတော့ ဂေဘာဂီကိုမနက်ထဲကခေါ်သွားပါပြီ”လို့ ပြောပါတယ်။

ဝေဘာဂီဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်ကို အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး ဆက်သွယ်မေးမြန်းရာ” လက်ရှိ ဝေဘာဂီဆေးရုံသို့ပို့ဆောင်ကာ စစ်ဆေးနေတယ်”လို့ VOMကို ပြောပါတယ်။

လေယာဉ်ပေါ်ပါလာတဲ့သူတွေကို ဆင်းခွင့်မပေးသေးပဲ သက်ဆိုင်ရာက စစ်ဆေးနေပြီး သံသယရှိသူကိုတော့ နှစ်ပတ်တာစောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

Photo – ကိုသူရ
#VOM #voiceofmyanamr #ရန်ကုန် #ကိုရိုနာဗိုင်းရပ်စ် #သံသယလူနာ

Zawgyi

တရုတ္ေလေၾကာင္းနဲ႔ပါလာတဲ့ ခရီးသည္ေတြကို ေလယာဥ္ေပၚက ဆင္းခြင့္မေပးေသးပဲ သံသယလူနာေဆးရံုေရာက္

ရန္ကုန္၊ ဇန္နဝါရီ ၃၁-၂၀၂၀
Voice Of Myanmar

ရန္ကုန္ၿမိဳ႕၊ အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ဒီကေန႔ေန႔လယ္ပိုင္း ဆိုက္ေရာက္လာတဲ့ China Southern Airlineေလယာဥ္ေပၚမွာ ကို႐ိုနာဗိုင္းရပ္စ္ သံသယရွိလူနာတစ္ဦးပါလာခဲ့တယ္လုိ႔ တာဝန္ရိွသူေတြက အတည္ျပဳပါတယ္။

အဲ့ဒီလူနာဟာ တ႐ုတ္ႏိုင္ငံ ဟူနန္းျပည္နယ္နိုင္ငံကူးလက္မွတ္ကိုင္ေဆာင္ထားတဲ့ Mr. WANG. JINPIN အသက္(၅၆)ႏွစ္အရြယ္ရိွသူတစ္ဦးလို႔လည္း သိရပါတယ္။

ေလေၾကာင္းဌာနမွ အေထြေထြမန္ေနဂ်ာ၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးစိုးပိုင္ေျပာျပတာကေတာ့
” ျပန္လႊတ္မလား ဒီမွာလက္ခံမလား ဆိုတာက်န္းမာေရးဝန္ႀကီးဌာနက သူတို႔ရဲ႕ limitations ေတြညႇီေနတယ္။ အၾကမ္းဖ်င္းသိရသေလာက္ေတာ့ ဒီမွာေနျဖစ္မယ့္သူကိုလက္ခံမယ္၊ ဒါေပမယ့္ ဟိုတယ္မွာေတာ့ ၁၄ ရက္ေစာင့္ၾကည့္ရမယ္၊ ျပန္ခ်င္တဲ့သူကေတာ့ ေလယာဥ္နဲ႔ျပန္လိုက္သြား၊ အဲ့လိုေတာ့အၾကမ္းဖ်င္းညႇိထားတယ္၊ သိရတယ္။ အေသးစိတ္ေတာ့မသိရေသးဘူး။ ေလယာဥ္မွာ ႏိုင္ငံျခားသား ၇၇ ေယာက္ ျမန္မာက ၂ ေယာက္ပါတယ္။ ခုထိေနာကိဆုံးအေျခအေနအရ ေလယာဥ္ထဲမွာပဲရွိေသးတယ္။ အျပင္ေပးမထြက္ေသးပါဘူး။ သံသယရွိခရီးသည္ကိုေတာ့ ေဂဘာဂီကိုမနက္ထဲကေခၚသြားပါၿပီ”လို႔ ေျပာပါတယ္။

ေဝဘာဂီေဆးရံုအုပ္ႀကီး ေဒါက္တာေအးေအးေအာင္ကို အဲ့ဒီကိစၥနဲ႔ပက္သက္ၿပီး ဆက္သြယ္ေမးျမန္းရာ” လက္ရွိ ေဝဘာဂီေဆး႐ုံသို႔ပို႔ေဆာင္ကာ စစ္ေဆးေနတယ္”လို႔ VOMကို ေျပာပါတယ္။

ေလယာဥ္ေပၚပါလာတဲ့သူေတြကို ဆင္းခြင့္မေပးေသးပဲ သက္ဆုိင္ရာက စစ္ေဆးေနၿပီး သံသယရိွသူကိုေတာ့ ႏွစ္ပတ္တာေစာင့္ၾကည့္သြားမယ္လုိ႔ သိရပါတယ္။

Photo – ကိုသူရ
#VOM #voiceofmyanamr #ရန္ကုန္ #ကိုရိုနာဗိုင္းရပ္စ္ #သံသယလူနာ

Related posts

Leave a Comment

VOM News

FREE
VIEW