ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းတဲ့အတွက် မကျေနပ်မှုတချို့ရှိ

ရန်ကုန်၊ ဇန်နဝါရီ ၃၀-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်တိုင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဆိပ်ကမ်းမြို့နယ်ကိုဖျက်သိမ်းမှာကို မကျေနပ်သူတချို့ရှိနေတယ်လို့ သိရပါတယ်။ လတ်တလော လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းပြီး လမ်းမတော်မြို့နယ်နဲ့ ဗိုလ်တထောင်မြို့နယ်အတွင်း ထည့်သွင်းထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်စာနဲ့ပတ်သက်လို့တော့ တစ်စုံတစ်ရာမသိသေးဘူး၊ ညွှန်ကြားစာလည်း လက်ခံမရရှိသေးဘူးလို့လို့ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်ဆီကနေ သိရပါတယ်။ ” ဆိပ်ကမ်းမြို့နယ်ဟာ လက်ရှိအစိုးရ မဲရှုံးခဲ့တဲ့မြို့နယ်ဖြစ်သလို၊ နောက်ရွေးကောက်ပွဲမှာလည်း နိုင်မှာမဟုတ်တာကြောင့် ဖျက်သိမ်းမယ်ဆိုတာ ပြည်သူတွေကပါသိနေပြီးဖြစ်တယ်။ ဖျက်ကိုဖျက်မှာဆိုတာတော့ သိပြီးသား။ ဒီအစိုးရကဖျက်မှာပဲ။ သူကတော့ သူလုပ်ပိုင်ခွင်နဲ့လုပ်မှာပဲ။ ဒီမြို့နယ်က သူတို့ဘယ်လိုမှအဆင်မပြေလို့ ဖျက်တဲ့သဘောပဲ၊ သတ်မှတ်တယ်။ မဲရှုံးလို့အဓိကဖျက်တာပေါ့၊ နောက်ရွေးကောက်ပွဲလည်းနိုင်မှာမဟုတ်လို့ ဒါကိုလုပ်တယ်ဆိုတာ အားလုံးကယူဆတယ်။ ဒီစာထွက်လာတာကတော့ သွေးတိုးစမ်းတာဖြစ်နိုင်တယ်၊ ဘာဖြစ်လာနိုင်သလဲဆိုတာပေါ့။ ဖျက်သိမ်းမှာကို အန်ကယ်တို့ကစိတ်မကောင်းဘူး။ ပြည်သူ့ဆန္ဒလည်းမခံယူဘူး။ ဖြစ်လာတာတွေကိုကြည့်လိုက် ဒီမိုကရေစီအစိုးရပြောပြီး လုပ်ချင်တာလုပ်နေတယ်၊ အာဏာရှင်ဆန်နေတယ်၊ပြောတုန်းကတမျိုး လုပ်တောတမျိုးဖြစ်နေတယ်”လို့…

Read More

‘အမေစု အလိမ်ခံထိနေပြီ’ဆိုတဲ့ စာရွက်များ မန္တလေးမြို့မှာ မနေ့ကညနေပိုင်းက ‌ဖြန့်ဝေခဲ့

မန္တလေး၊ ဇန်နဝါရီ ၃၀-၂၀၂၀ Voice Of Myanmar မန္တလေးမြို့မှာ မနေ့ ဇန်နဝါရီ(၂၉)ရက် ၊ညနေပိုင်းက ‘အမေစု အလိမ်ခံထိပြီ’ဆိုတဲ့ စာရွက်တွေကိုလူငယ်တစ်စုက လာရောက်ဖြန့်ဝေခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့သူဆီကနေ သိရပါတယ်။ ” မနေ့ကညနေပိုင်း မင်္ဂလာမန္တလေး(အိုးရှင်း)နား၊ တောင်မြို့ ဦးပိန်တံတားပေါ်မှာ အဲ့ဒီစာတွေကပ်သွားတယ်၊ ကျုံးဘေးမှာတော့ Maskတပ်ထားတဲ့ ကောင်လေးတွေလာဝေတာ တွေ့တယ်”လို့ မျက်မြင်သက်သေတွေ့ရှိသူက‌‌ ပြောပါတယ်။ ကျုံးဘေးမှာ လာဝေတယ်လို့ သိရတဲ့အတွက် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက တာ၀န်ရှိသူကို ဆက်သွယ်မေးမြန်းကြည့်ရာ “ကျုံးဘေးမှာ စာရွက်တွေ လာဝေတယ်လို့ပဲသိတယ်၊ အဲ့စာရွက်လည်း မရလိုက်ဘူး၊ ကျုံးဘေးပဲသိတယ်၊ စုံစမ်းနေပါတယ်”လို့ ပြောပြခဲ့တာဖြစ်ပါတယ်။ #VOM #voiceofmyanmar #မန္တလေး #အမေစုလိမ်ခံထိပြီစာရွက် #ဖြန့်ဝေခဲ့ Zawgyi ‘အေမစု အလိမ္ခံထိၿပီ’ဆိုတဲ့ စာရွက်များ မန္တလေးမြို့မှာ မနေ့ကညနေပိုင်းက ‌ဖြန့်ဝေခဲ့ မန္တလေး၊ ဇန်နဝါရီ ၃၀-၂၀၂၀ Voice Of Myanmar…

Read More

တရုတ်အစိုးရခွင့်ပြုရင်  မြန်မာကျောင်းသားတွေကိုအထူးလေယာဉ်နဲ့ပြန်ခေါ်မယ်

တရုတ်အစိုးရခွင့်ပြုရင်  မြန်မာကျောင်းသားတွေကိုအထူးလေယာဉ်နဲ့ပြန်ခေါ်မယ်   မန္တလေး၊ဇန်နဝါရီ၃၀-၂၀၂၀ Voice Of Myanmar   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဟူပေပြည်နယ် ၊ဝူဟန်မြို့မှာ  ပညာသင်ကြားနေတဲ့မြန်မာကျောင်းသား၊ကျောင်းသူ(၆၃)ဦးကိုဟူနန်ပြည်နယ်ချန်းရှမြို့ကနေမြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက်ပေကျင်းမြို့မှာရှိတဲ့မြန်မာသံရုံးအနေနဲ့တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး၊ဌာန၊သက်ဆိုင်ရာပြည်နယ်နိုင်ငံခြားရေးရုံးများနဲ့ချိတ်ဆက်ညှိနှိုင်းနေတယ်ဒီကနေ့ရက်စွဲနဲ့ပေကျင်းမြို့မှာရှိတဲ့မြန်မာသံရုံးကနေထုတ်ပြန်ချက်တစ်စောင်ထုတ်ပါတယ်။   အဲ့ဒီထုတ်ပြန်ချက်ထဲမှာသက်ဆိုင်ရာဒေသန္တရကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များအရထိုကဲ့သို့ဆောင်ရွက်ရာတွင်ကြာမြင့်ချိန်(၁)လခန့်ကြာမြင့်မည်ဖြစ်ပါသဖြင့်အထူးလေယာဉ်(Charter Flight) ဖြင့်ခေါ်ယူနိုင်ရေးအတွက်မြန်မာသံရုံးအနေဖြင့်မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ထံဆက်သွယ်၍အချိန်နှင့်တစ်ပြေးညီညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်လို့ရေးသားဖော်ပြထားပါတယ်။   အဲ့ဒီလိုဆောင်ရွက်ချက်တွေအရဟူပေပြည်နယ်ဝူဟန်မြို့မှာပညာသင်ကြားနေတဲ့မြန်မာကျောင်းသား၊ကျောင်းသူတွေကိုအထူးလေယာဉ်(Charter Flight) ဖြင့်ခေါ်ယူနိုင်ရေးအတွက်ဆောင်ရွက်နိုင်ခဲ့ပြီးမြန်မာသံရုံးအနေဖြင့်အထူးလေယာဉ်(CharterFlight)နဲ့ခေါ်ယူနိုင်ရေးလုပ်ငန်းအစီအစဉ်များကိုဆက်လက်ဆောင်ရွက်လျက်ရှိကာလက်ရှိအချိန်တွင်တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ခွင့်ပြုချက်ကိုစောင့်ဆိုင်းလျက်ရှိကြောင်းအသိပေးဖော်ပြအပ်ပါတယ်လို့ထုတ်ပြန်ထားတာဖြစ်ပါတယ်။   အလားတူဝူဟန်ကမြန်မာကျောင်းသားတွေကိုအထူးလေယာဉ်နဲ့ပြန်ခေါ်မယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကလည်းဒီကနေမနက်မှာတရားဝင်ထုတ်ပြန်ထားပါသေးတယ်။   လတ်တလောCorona Virus ဖြစ်ပွားနေတဲ့တရုတ်နိုင်ငံ၊ဟူပေပြည်နယ်၊ဝူဟန်မြို့၌ပညာသင်ကြားလျက်ရှိကြသောမြန်မာကျောင်းသား၆၃ဦးကိုမြန်မာနိုင်ငံကိုပြန်လည်ခေါ်ယူနိုင်ရေးအတွက်အထူးလေယာဉ်စေလွှတ်ခေါ်ယူနိုင်ဖို့အစိုးရကခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။အဲ့ဒီအတွက်လိုအပ်တဲ့လေယာဉ်ဖြတ်ကျော်ပျံသန်းခွင့်နဲ့ဆင်းသက်ခွင့်ရရှိရေး၊ကျောင်းသားတွေပြန်လည်ခေါ်ယူနိုင်ရေးအတွက်တရုတ်နိုင်ငံအစိုးရနှင့်သံတမန်လမ်းကြောင်းကနေဆက်သွယ်ဆောင်ရွက်နေတယ်လို့ဖော်ပြပါရှိပါတယ်။   မြန်မာနိုင်ငံကိုရောက်ရင်ကျောင်းသူ၊ ကျောင်းသားတွေCorona Virus ကူးစက်မှုရှိ၊မရှိ  ကျန်းမာရေးအရစောင့်ကြပ်စစ်ဆေးမှုကိုစနစ်တကျပြုလုပ်သွားဖို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှစီစဉ်ဆောင်ရွက်ထားတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။   ဝူဟန်တက္ကသိုလ် Zhongnan ဆေးရုံမှာအလုပ်သင်ရင်ပညာဆည်းပူးနေတဲ့ ဒေါက်တာခင်သီရီသန့်စင်ကထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး သူမရဲ့အကောင့်မှာ ထပ်ပြီးစောင့်ပေဦးပေါ့လို့ ရေးထားပြီး မနေ့ကတော့ သူခံစားချက်တွေကို အများပြည်သူသိအောင် ခုလိုရေးသားထားပါတယ်။     “(We are MYAMMAR citizens too ! Please help us come out ! Please let us come back) ၊အရင်ပြောတော့တရုတ်ကခွင့်မပြုလို့ပြန်မခေါ်နိုင်တာပါလေယာဉ်ကအဆင်သင့်၊ဆေးရုံကအဆင်သင့်၊အခုခွင့်ပြုပြန်တော့လဲလေယာဉ်လွှတ်ဖို့အခုမှစာတင်ပီးလေယာဉ်လွှတ်ဖို့မေးထားပါတယ်တဲ့၊ရက်စက်လိုက်ကြတာ၊ဒီလိုအခြေနေဆိုးနေတဲ့အချိန်မှာသူများနိုင်ငံကအခုပဲခေါ်နေပြီ၊လေယာဉ်ကိုဆရာဝန်၂ယောက်နဲ့stanbyစောင့်နေတဲ့အချိန်၊ကိုယ်တွေကတော့အခုမှစာတင်ရတုန်းဆိုတော့ဘယ်တော့မှပြန်ရမှာလဲရှင်၊ငိုရလွန်းလို့လဲခေါင်းတွေလဲကိုက်နေပြီ၊ညလဲအိပ်မပျော်၊ဂျာနယ်ထဲမှာတော့အစားအသောက်တပတ်စာပေးထားပါတယ်တဲ့၊အဲ့တာလဲခုထိလက်ထဲရောက်မလာလမ်းမှာပျောက်၊မပြန်ရတော့ဘူးဆိုလဲတခွန်းပဲပြောပေးပါ၊ပြန်ရမယ်ဆိုလဲမြန်မြန်လာခေါ်ပေးကြပါလို့ …

Read More

ရှေ့နေဦကိုနီရဲ့စကားကို နားမထောင်ခဲ့ကြလို့ ICJ မှာရင်ဆိုင်ရတာလို့ ဟိန္ဒူဘာသာရေးအဖွဲ့အစည်း သုံးသပ်

ရန်ကုန်၊ ဇန်နဝါရီ ၃၀-၂၀၂၀ အောင်ထူးနိုင်(VOM) တရားလွှတ်တော်ရှေ့နေဦးကိုနီရဲ့စကားကို နားမထောင်ခဲ့ကြလို့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး(ICJ) မှာ ရင်ဆိုင်ရတာဖြစ်တယ်လို့ ဟိန္ဒူဘာသာရေးဆရာတစ်ဦးဖြစ်တဲ့ VEN.HINDU BAHARMA ACARIA KUMAR BRAMAES (ခ) ဦးဆန်းမင်းနိုင်က မနေ့ကပြုလုပ်တဲ့ ဦးကိုနီကွယ်လွန်ခြင်း (၃)နှစ်ပြည့် အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၊ တက္ကစီယာဉ်မောင်းဦးနေဝင်း ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်မြို့မှာ မနေ့ကပြုလုပ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အာင်ဆန်းစုကြည်ကလည်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီက တာဝန်ရှိသူ‌တွေအပြင် နိုင်ငံတကာသံရုံးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး အမှတ်တရစကားပြောဆိုပေးခဲ့ကြတာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #ဦးကိုနီ #ကိုနေဝင်း #အောက်မေ့ဖွယ်အခမ်းအနား Zawgyi ရှေ့နေဦကိုနီရဲ့စကားကို နားမထောင်ခဲ့ကြလို့ ICJ မှာရင်ဆိုင်ရတာလို့ ဟိန္ဒူဘာသာရေးအဖွဲ့အစည်း သုံးသပ် ရန်ကုန်၊ ဇန်နဝါရီ ၃၀-၂၀၂၀ အောင်ထူးနိုင်(VOM) တရားလွှတ်တော်ရှေ့နေဦးကိုနီရဲ့စကားကို…

Read More

လုပ်ကြံခံရလို့ ကွယ်လွန်သွားတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ (၃) နှစ်ပြည့် နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး

လုပ်ကြံခံရလို့ ကွယ်လွန်သွားတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ (၃) နှစ်ပြည့် နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး မန္တလေး – ဇန်နဝါရီ ၂၉ -၂၀၂၀ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အဓိကအခန်းကဏ္ဍကနေ အကြံတွေပေးခဲ့တယ်ဆိုတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကွယ်လွန်တာ ဒီကနေ့ ၃နှစ်ပြည့်ပြီဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်း ဒုတိယအကြိမ်အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကိုပြဋ္ဌာန်းလိုက်ပါတယ်။ ဒီလိုပြင်ဆင်ချက်တွေကို ဦးကိုနီသာရှိရင် ကျေနပ်အားရမယ်ထင်သလား ၊ ဘယ်အချက်တွေဟာ အားနည်းပြီး ဘာတွေလိုအပ်ဦးမလဲဆိုတာ ဦးကိုနီနဲ့ အရင်းနှီးဆုံး လုပ်ဖေါ်ကိုင်ဖက်ဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဗီအိုအမ်ရဲ့ အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး လင်းခိုင်(VOM) #voiceofmyanmar #vom #ဦးကိုနီ #ဦးရောဘတ်စန်းအောင် Zawgyi လုပ်ကြံခံရလို့ ကွယ်လွန်သွားတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ (၃) နှစ်ပြည့် နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး မန္တလေး – ဇန်နဝါရီ ၂၉ -၂၀၂၀…

Read More

နှစ်ပတ်အတွင်းရောက်လာတဲ့ တရုတ်နိုင်ငံသားတွေရှိရင် နေရပ်ပြန်ပို့ဖို့ အစီအစဉ်ရှိ

မန္တလေး ဇန်နဝါရီ ၂၉-၂၀၂၀ ဖြူဖြူ(VOM) မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားတွေရှိပါက ပြန်ပို့ဖို့ အစီအစဉ်ရှိတယ်လို့ စမ်းသပ်ရှာဖွေတုန့်ပြန်ရေးအဖွဲ့ ( SRT )ရဲ့ ဥက္ကဌ မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ဒီကနေ့နေ့လယ်ပိုင်း မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပက်သက်ပြီး ပြုလုပ်တဲ့ဆွေးနွေးမှုအပြီး သတင်းမီဒီယာတွေကို ပြောခဲ့တာဖြစ်ပါတယ်။ “ဟိုတယ်လုပ်ငန်းရှင်များအသင်းကို ကျွန်တော်တို့က အကူအညီတောင်းမယ်။ ဆက်လုပ်ရမှာတွေက အများကြီးပဲ။ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်းမှာရောက်နေတဲ့ တရုတ်နိုင်ငံသားတွေဆိုရင် ကျွန်တော်တို့ကို report လုပ်ရမယ်။ ဒီမှာ short stay အနေနဲ့လာတဲ့သူတွေကိုတော့ ပြန်ပို့ရမှာပေါ့။”လို့ ဦးရဲလွင်က ပြောပါတယ်။ ဇန်နဝါရီ ၂၈ ရက် ညပိုင်းကလည်း ပြည်တွင်းမှာ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသား ၇၃ ယောက်ကို တရုတ်နိုင်ငံအစိုးရကနေ တိုက်ရိုက်လေကြောင်းလိုင်း မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကတစ်ဆင့် ညတွင်းချင်း လာရောက်ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီ…

Read More

တိဘက်အရေးထောက်ခံတဲ့ ဥပဒေကြမ်း အမေရိကန်အောက်လွှတ်တော် အတည်ပြု

တိဘက်အရေးထောက်ခံတဲ့ ဥပဒေကြမ်း အမေရိကန်အောက်လွှတ်တော် အတည်ပြု ဝါရှင်တန်၊ ဇန်နဝါရီ-၂၉-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်အောက်လွှတ်တော်ဟာ တိဘက်ပြည်သူတွေနဲ့ တိဘက်ဘာသာရေးခေါင်းဆောင် ရွေးချယ်ဆက်ခံရေးကို ထောက်ခံတဲ့ ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုလိုက်ပါတယ်။ ဒီလိုအတည်ပြုလိုက်တာဟာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံအပေါ်စိန်ခေါ်ဖို့ရည်ရွယ်တဲ့ အမေရိကန်ရဲ့ ဥပဒေကြမ်းတွေထဲ့ နောက်ဆုံးတစ်ခုအဖြစ် ရှုမြင်ရပါတယ်။ တိဘက်မူဝါဒနဲ့ ထောက်ခံတဲ့ အက်ဥပဒေကို အမေရိကန်အောက်လွှတ်တော်က ဇန်နဝါရီ ၂၈ ရက်မှာ တညီတညွှတ်တည်း အတည်ပြုခဲ့ကြတာဖြစ်ပြီး တိဘက် အနာဂါတ်ဘာသာရေး ခေါင်းဆောင်ကို တိဘက်လူမျိုးများကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ပြီး တရုတ်အစိုးရဲ့စွက်ဖက်မှု ကင်းလွတ်စေမယ့် အမေရိကန်ရဲ့ မူဝါဒတစ်ရပ်လည်းဖြစ်ပါတယ်။ အဲဒီဥပဒေကြမ်းမှာ ဒလိုင်လားမား၏နေရာကို ဆက်ဆံမယ့် ဘာသာရေးခေါင်းဆောင်ကို အသိအမှတ်ပြုတဲ့ လုပ်ငန်းစဉ်မှာ ဝင်ရောက်စွက်ဖက်ပါက တရုတ်နိုင်ငံဟာ အရေးယူပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၁၉၅၀ ပြည့်နှစ်များကတည်းက တရုတ်နိုင်ငံက အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးကိုဆက်လက်တောင်းဆိုနေကြတဲ့ တိဘက်တိုင်းရင်းသားအပေါ် တရုတ်အစိုးရက ရက်စက်စွာပြုမူဆက်ဆံခြင်းတွေကို…

Read More

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀၀၀ နီးပါးရှိလာ၊ သေဆုံး ၁၃၂ ဦးထိမြင့်တက်

ပေကျင်း၊ ဇန်နဝါရီ ၂၉-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးမှုတွေ မြင့်တက်နေချိန် ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသားရာပေါင်းများစွာကို သက်ဆိုင်ရာနိုင်ငံတွေက ကယ်ထုတ်နေကြပါတယ်။ သြစတြေးလျနိုင်ငံဟာ ဝူဟန်မြို့မှပြန်ခေါ်လာတဲ့ နိုင်ငံသား ၆၀၀ ကို ပြည်မကြီးကနေ မိုင် ၁၂၀၀ ဝေးတဲ့ ခရစ်စမတ်ကျွန်းမှာ သီတင်းနှစ်ပတ်ကြာ ထားဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ ဂျပန်၊ အမေရိကန်နဲ့ အီးယူနိုင်ငံတွေကလည်း ဝူဟန်မြို့မှာ ရောက်ရှိနေတဲ့ သူတို့ရဲ့နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်နေကြပါတယ်။ လက်ရှိအချိန်ထိ တရုတ်နိုင်ငံအတွင်း ကူးစက်ရောဂါကြောင့် သေဆုံးသူဦးရေဟာ ၁၃၂ဦးထိရှိလာပြီဖြစ်သလို ရောဂါကူးစက်ခံရသူမှာလည်း ၅၉၇၄ဦး ရှိနေပြီလို့ တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်က အတည်ပြုထားပါတယ်။ ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း၁၆နိုင်ငံထက်မနည်းမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေရှိနေပြီး သေဆုံးသူမရှိသေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ မကောင်းဆိုးရွားမိစ္ဆာတစ်ကောင်လိုပဲလို့ တရုတ်သမ္မတရှီကျင်းပင်က ထုတ်ဖော်ပြောဆိုထားပြီး တရုတ်နိုင်ငံအနေနဲ့ အဲဒီရောဂါကို အနိုင်ယူသွားမယ်လို့ သိရပါတယ်။ Ref :…

Read More

မူဆယ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပက်သက်ပြီး ကြိုတင်ကာကွယ်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မူဆယ်၊ ဇန်နဝါရီ ၂၉-၂၀၂၀ ပြည့်စုံ(VOM) တရုတ်နိုင်ငံ ဝူဟမ်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ကူးစက်ရောဂါ ထိန်းချုပ်နိုင်ဖို့အတွက် ပြည်သူလူထုအသက်အန္တရာယ်ကင်းရေး၊ ရောဂါဖြစ်ပွားမှု မရှိစေရေးနဲ့ ပြည်သူလူထုကျန်းမာရေး၊ အများလုံခြုံမှုကိုအလေးထားတဲ့အနေနဲ့ တရုတ်မြန်မာနယ်စပ် မူဆယ်ခရိုင်အတွင်းမှာ အသိပညာပေး၊ကြိုတင်ကာကွယ်မှုလုပ်ငန်းတွေကို အရှိန်အဟုန် မြှင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး တရားဝင်နယ်စပ် ပြည်ဝင်ပြည်ထွက်စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ မန်းဝန်းစစ်ဆေးရေးဂိတ်ပေါက်နဲ့ ဆင်ဖြူစစ်ဆေးရေးဂိတ်ပေါက်တို့မှာ အပူချိန်လွန်ကဲတဲ့ လူနာနှစ်ဦးတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ တွေ့ရှိတဲ့လူနာနှစ်ဦးထဲက အမျိုးသားတစ်ဦးကိုတော့ ပြင်ပလူနာဌာနမှာ စစ်ဆေးကုသမှုပေးခဲ့ပြီး ကျန်တဲ့အမျိုးသမီးတစ်ဦးကိုတော့ မူဆယ်ဆေးရုံမှာ စောင့်ကြည့်ကြပ်မက်ကုသခဲ့ရာ ဇန်နဝါရီ(၂၈)ရက်မနေ့နံနက်ပိုင်းက အပူချိန်လျော့နည်းကျဆင်းလာပြီး ဆက်လက်ကုသနေတယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #မူဆယ် #ကိုရိုနာဗိုင်းရပ်စ် #ကြိုတင်မှုအရှိန်အဟုန်မြှင့် Zawgyi မူဆယ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပက်သက်ပြီး ကြိုတင်ကာကွယ်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက် မူဆယ်၊ ဇန်နဝါရီ ၂၉-၂၀၂၀ ပြည့်စုံ(VOM) တရုတ်နိုင်ငံ ဝူဟမ်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ကူးစက်ရောဂါ…

Read More

မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ကို အငြိမ်းစားပေးလိုက်ပေမယ့် ကျောင်းသားတွေဆက်လက် ဆန္ဒပြ

မန္တလေး၊ ဇန်နဝါရီ ၂၉-၂၀၂၀ လင်းခိုင်(VOM) မန္တလေးတက္ကသိုလ်အတွင်း ဆောက်လုပ်နေတဲ့ Food Courtကိစ္စနဲ့ပက်သက်ပြီး ညွန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို သမ္မတရုံးအမိန့်နဲ့ ဇန်နဝါရီ(၂၈)မနေ့ညပိုင်းက အငြိမ်းစားပေးလိုက်တယ်ဆိုတဲ့ ကြေညာချက်တစ်စောင် ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီကြေညာချက်နဲ့ပက်သက်ပြီး မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ ဥက္ကဌ ကိုဝေယံထက်က”ဒီစာက အတည်ဖြစ်တယ်ဆိုတာကို ပညာရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်သိန်းဝင်းကတော့ အတည်ပြုထားတယ်၊ ကျွန်တော်တို့ဆီကိုတော့ စာကတရားဝင်ရောက်လာခြင်း မရှိသေးဘူးပေါ့”လို့ ပြောပါတယ်။ ဆန္ဒပြကျောင်းသားတွေကလည်း သူတို့တောင်းဆိုတဲ့အချက်တွေထဲက အပြီးသတ်ရလဒ်ထုတ်ပြန်ပေးဖို့ကို ဒီကနေ့မနက်ပိုင်းမှာ ဆက်လက်တောင်းဆို ဆန္ဒပြနေတာဖြစ်ပါတယ်။ #VOM #voiceofmyanmar #မန္တလေး #တက္ကသိုလ်ပါမောက္ခချုပ် #အငြိမ်းစားပေး Zawgyi မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ကို အငြိမ်းစားပေးလိုက်ပေမယ့် ကျောင်းသားတွေဆက်လက် ဆန္ဒပြ မန္တလေး၊ ဇန်နဝါရီ ၂၉-၂၀၂၀ လင်းခိုင်(VOM) မန္တလေးတက္ကသိုလ်အတွင်း ဆောက်လုပ်နေတဲ့ Food Courtကိစ္စနဲ့ပက်သက်ပြီး ညွန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်…

Read More
VOM News

FREE
VIEW