သန်လျင်လူငယ်သင်တန်းကျောင်းကို ကျယ်၀န်းတဲ့မြေနေရာမှာရွေ့ပြောင်းပေးဖို့ ​ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာကြား

သန်လျင်လူငယ်သင်တန်းကျောင်းကို ကျယ်၀န်းတဲ့မြေနေရာမှာရွေ့ပြောင်းပေးဖို့ ​ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာကြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁-၂၀၂၀
စွဲ့ဝတီ(VOM)

သန်လျင်လူငယ်သင်တန်းကျောင်း​နေရာဟာ ကျဥ်းနေတဲ့အတွက် အဲ့ဒီထက်ကျယ်၀န်းတဲ့​​မြေနေရာမှာ ​​ရွေ့ပြောင်းပေးဖို့ ​ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်မှာရှိတဲ့ လူမူဝန်ထမ်းဦးစီးဌာနလက်အောက်က သန်လျင်လူငယ်သင်တန်းကျောင်းက လူငယ်တွေကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကဒီကနေ့မနက်က သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

“ကျောင်းရဲ့ နေရာအနေအထားက ကျဥ်းတယ်။ ရေရှည်အဆင်မပြေဘူး။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့က ထိန်းသိမ်းထားတဲ့ကလေးတွေရှိတယ်။ ပြစ်မူဆိုင်ရာအရ ရမာန်ယူနေရတဲ့ ကလေးတွေ၊ ဒီလိုပေါင်းထားနေရတော့ အဆင်မပြေဘူး။ ဒါကြောင့်ရေရှည်မှာ ဒီနေရာကနေ ပိုကျယ်တဲ့‌နေရာကိုပြောင်းပြီးတော့ ထားဖို့လည်းမှာကြားခဲ့တာရှိတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း မြေနေရာ ဧက ၅၀လောက်ရှာထားပေးဖို့ တိုင်ပင်ညှိနိူင်းထားတယ်”လို့ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်ကပြောပါတယ်။

ဒီသင်တန်းကျောင်းမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထိန်းသိမ်းထားတဲ့ ၄၅ဦးနဲ့ အမူရင်ဆိုင်နေရတဲ့ လူငယ် ၄ဝ၀ဦးကျော်ရှိပြီးတော့ စုစုပေါင်း လူငယ်၅၀၀နီးပါးရှိတယ်လို့ သိရပါတယ်။

” နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ကလေးတွေရဲ့ အသံကိုပိုကြားချင်တာပါ။
အထူးသဖြင့် ကျောင်းကနေရာကျဥ်းတယ်။ ကျဥ်းတော့ သူတို့ရဲ့ပညာရေး၊ ကျန်းမာရေး၊ အားကစားကို အဓိကထားပြီး လုပ်ဖို့ပြောတာပေါ့။ အထူးသဖြင့် နေရာအခက်အခဲရှိနေတဲ့ အချိန်မှာ အားကစားကလည်း လူငယ်တွေရဲ့ စိတ်ကို မြှင့်တင်ပေးနိုင်သလို၊ ဂီတနဲ့အနုပညာကလည်း လူငယ်တွေရဲ့စိတ်ကို မြှင့်တင်ပေးနိုင်တယ်။ နေရာကျဥ်းတဲ့အတွက် ဂီတနဲ့အနုပညာပိုပြီးလုပ်တာ လက်တွေ့ကျမယ်​ပေါ့”လို့ ဦးလွင်ကိုလတ်ကဆက်​​ပြီး ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လူငယ်သင်တန်းကျောင်းမှာရှိတဲ့ ကလေးတွေနဲ့တွေ့ဖို့ထက် ကလေးတွေအနေနဲ့ ကျောင်းနဲ့ပတ်သက်ပြီး ဘာတွေလိုအပ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းသိချင်တဲ့အတွက် ကျောင်းကိုလာပြီးတော့ တွေ့ဆုံတာဖြစ်ပေမယ့် ကလေးတွေဘက်က ပြန်လည်တင်ပြတာက နည်းတယ်ခဲ့တယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #သန်လျင်လူငယ်သင်တန်‌ကျောင်း #မြေနေရာ #ဒေါ်အောင်ဆန်းစုကြည်

Zawgyi

သန္လ်င္လူငယ္သင္တန္းေက်ာင္းကို က်ယ္၀န္းတဲ့ေျမေနရာမွာေ႐ြ႕ေျပာင္းေပးဖို႔ ​ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္မွာၾကား

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁-၂၀၂၀
စြဲ႕ဝတီ(VOM)

သန္လ်င္လူငယ္သင္တန္းေက်ာင္း​ေနရာဟာ က်ဥ္းေနတဲ့အတြက္ အဲ့ဒီထက္က်ယ္၀န္းတဲ့​​ေျမေနရာမွာ ​​ေ႐ြ႕ေျပာင္းေပးဖို႔ ​ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က မွာၾကားခဲ့တယ္လို႔ သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး သန္လ်င္ၿမိဳ႕နယ္မွာရွိတဲ့ လူမူဝန္ထမ္းဦးစီးဌာနလက္ေအာက္က သန္လ်င္လူငယ္သင္တန္းေက်ာင္းက လူငယ္ေတြကို ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကဒီကေန႔မနက္က သြားေရာက္ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။

“ေက်ာင္းရဲ႕ ေနရာအေနအထားက က်ဥ္းတယ္။ ေရရွည္အဆင္မေျပဘူး။ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးအဖြဲ႕က ထိန္းသိမ္းထားတဲ့ကေလးေတြရွိတယ္။ ျပစ္မူဆိုင္ရာအရ ရမာန္ယူေနရတဲ့ ကေလးေတြ၊ ဒီလိုေပါင္းထားေနရေတာ့ အဆင္မေျပဘူး။ ဒါေၾကာင့္ေရရွည္မွာ ဒီေနရာကေန ပိုက်ယ္တဲ့‌ေနရာကိုေျပာင္းၿပီးေတာ့ ထားဖို႔လည္းမွာၾကားခဲ့တာရွိတယ္။ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ကလည္း ေျမေနရာ ဧက ၅၀ေလာက္ရွာထားေပးဖို႔ တိုင္ပင္ညႇိႏိူင္းထားတယ္”လို႔ သန္လ်င္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလြင္ကိုလတ္ကေျပာပါတယ္။

ဒီသင္တန္းေက်ာင္းမွာ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ထိန္းသိမ္းထားတဲ့ ၄၅ဦးနဲ႔ အမူရင္ဆိုင္ေနရတဲ့ လူငယ္ ၄ဝ၀ဦးေက်ာ္ရွိၿပီးေတာ့ စုစုေပါင္း လူငယ္၅၀၀နီးပါးရွိတယ္လို႔ သိရပါတယ္။

” ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ကေတာ့ ကေလးေတြရဲ႕ အသံကိုပိုၾကားခ်င္တာပါ။
အထူးသျဖင့္ ေက်ာင္းကေနရာက်ဥ္းတယ္။ က်ဥ္းေတာ့ သူတို႔ရဲ႕ပညာေရး၊ က်န္းမာေရး၊ အားကစားကို အဓိကထားၿပီး လုပ္ဖို႔ေျပာတာေပါ့။ အထူးသျဖင့္ ေနရာအခက္အခဲရွိေနတဲ့ အခ်ိန္မွာ အားကစားကလည္း လူငယ္ေတြရဲ႕ စိတ္ကို ျမႇင့္တင္ေပးႏိုင္သလို၊ ဂီတနဲ႔အႏုပညာကလည္း လူငယ္ေတြရဲ႕စိတ္ကို ျမႇင့္တင္ေပးႏိုင္တယ္။ ေနရာက်ဥ္းတဲ့အတြက္ ဂီတနဲ႔အႏုပညာပိုၿပီးလုပ္တာ လက္ေတြ႕က်မယ္​ေပါ့”လို႔ ဦးလြင္ကိုလတ္ကဆက္​​ၿပီး ေျပာပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ လူငယ္သင္တန္းေက်ာင္းမွာရွိတဲ့ ကေလးေတြနဲ႔ေတြ႕ဖို႔ထက္ ကေလးေတြအေနနဲ႔ ေက်ာင္းနဲ႔ပတ္သက္ၿပီး ဘာေတြလိုအပ္တယ္ဆိုတာကို ပြင့္ပြင့္လင္းလင္းသိခ်င္တဲ့အတြက္ ေက်ာင္းကိုလာၿပီးေတာ့ ေတြ႕ဆုံတာျဖစ္ေပမယ့္ ကေလးေတြဘက္က ျပန္လည္တင္ျပတာက နည္းတယ္ခဲ့တယ္လို႔လည္း သိရပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #သန္လ်င္လူငယ္သင္တန္‌ေက်ာင္း #ေျမေနရာ #ေဒၚေအာင္ဆန္းစုၾကည္

Related posts

Leave a Comment

VOM News

FREE
VIEW