ဖားကန့် ဂက်စ်အိုးဆိုင် မီးလောင် အိမ် ၆ လုံးမီးထဲပါ

ဖားကန့် ဂက်စ်အိုးဆိုင် မီးလောင် အိမ် ၆ လုံးမီးထဲပါ

ဖေဖေါ်ဝါရီ-၃-၂ဝ၂ဝ
ဇော်မိုးထက် ( ဖားကန့် )

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဆိပ်မူကျေးရွာ မှော်ရှန်ရပ်ကွက်မှာ ဖေဖေါ်ဝါရီ (၂)ရက်နေ့ည 7:30 ခန့်က ဂက်စ်အိုးတွေရောင်းတဲ့ဆိုင်မှာ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ် ။

ဆိပ်မူအုပ် မှော်ရှန်ရပ်ကွက်က ဦးနိုင်ဦးရဲ့ ငွေဇင်ယော် ဂက်စ်အိုး အရောင်ဆိုင်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက ထုတ်ပြန်ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့်အနီးနားကနေအိမ် ခြောက်လုံးခန့်ကို မီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်။

မီးလောင်ပြင်ကို ရောက်ခဲ့တဲ့ ဒေသခံ ရွာသားတဦးက “ မီလောင်ခံရတဲ့အိမ် ခြောက်လုံးလောက်ရှိမယ်ထင်တယ် ။စလောင်တဲ့အိမ်အပါအဝင်ပေါ့နော် ။နောက် သရီးကရောင်း ကားတစီးလည်း လောင်နေတာ တွေ့ရတယ် ” လို့ ဆိပ်မူကျေးရွာသား ကိုကျော်ဝင်းကပြောပါတယ်။

မီးစတင်လောင်ကျွမ်းခဲ့တဲ့ ငွေဇင်ယော် ဆိုင်အတွင်း ဂက်စ်အိုးများ ရောင်းချမှုနှင့် ပတ်သက်ပြီး အနီးပတ်ဝန်းကျင်နေအိမ်တွေက စုပေါင်းလက်မှတ်ထိုးကာ သက်ဆိုင်ရာ ဌာနအသီးသီးကို ကန့်ကွက် တိုင်ကြားခဲ့ဘူးတယ် လို့လည်း ရွာသားတွေက ပြောပါတယ်။

မီးလောင်ကျွမ်းခံရသည့် ဆုံးရှုံးမှု တန်ဘိုးကို တွက်ချက်နေဆဲမို့ မထုတ်ပြန်နိုင်သေးဘူးလို့လည်း သက်ဆိုင်ရာဌာက ပြောပါတယ်။ ဆိပ်မူမှာ ၂၀၀၀ ခုနှစ်ကလောင်တဲ့မီးကြောင့် အိမ်ခြေရာနဲ့ချီ လောင်ကျွမ်းခံခဲ့ရတာလည်း ရှိခဲ့ဘူးတယ်လို့ ဒေသခံတွေကပြောပါတယ်။

#voiceofmyanmar #Vom #ဆိတ်မူ #ဖားကန့်မီးလောင်

 

ဖားကန႔္ ဂက္စ္အိုးဆိုင္ မီးေလာင္ အိမ္ ၆ လုံးမီးထဲပါ

ေဖေဖၚဝါရီ-၃-၂ဝ၂ဝ
ေဇာ္မိုးထက္ ( ဖားကန႔္ )

ကခ်င္ျပည္နယ္ မိုးညႇင္းခ႐ိုင္ ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူအုပ္စု ဆိပ္မူေက်း႐ြာ ေမွာ္ရွန္ရပ္ကြက္မွာ ေဖေဖၚဝါရီ (၂)ရက္ေန႔ည 7:30 ခန႔္က ဂက္စ္အိုးေတြေရာင္းတဲ႕ဆိုင္မွာ မီးေလာင္ကြၽမ္းမႈ ျဖစ္ခဲ့ပါတယ္ ။

ဆိပ္မူအုပ္ ေမွာ္ရွန္ရပ္ကြက္က ဦးႏိုင္ဦးရဲ႕ ေငြဇင္ေယာ္ ဂက္စ္အိုး အေရာင္ဆိုင္ကေန စတင္ေလာင္ကြၽမ္းခဲ့တာျဖစ္တယ္လို႔ ဖားကန႔္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးက ထုတ္ျပန္ပါတယ္။

မီးေလာင္ကြၽမ္းမႈေၾကာင့္အနီးနားကေနအိမ္ ေျခာက္လုံးခန႔္ကို မီးကူးစက္ေလာင္ကြၽမ္းခဲ့ပါတယ္။

မီးေလာင္ျပင္ကို ေရာက္ခဲ့တဲ့ ေဒသခံ ႐ြာသားတဦးက “ မီေလာင္ခံရတဲ့အိမ္ ေျခာက္လုံးေလာက္ရွိမယ္ထင္တယ္ ။စေလာင္တဲ့အိမ္အပါအဝင္ေပါ့ေနာ္ ။ေနာက္ သရီးကေရာင္း ကားတစီးလည္း ေလာင္ေနတာ ေတြ႕ရတယ္ ” လို႔ ဆိပ္မူေက်း႐ြာသား ကိုေက်ာ္ဝင္းကေျပာပါတယ္။

မီးစတင္ေလာင္ကြၽမ္းခဲ့တဲ့ ေငြဇင္ေယာ္ ဆိုင္အတြင္း ဂက္စ္အိုးမ်ား ေရာင္းခ်မႈႏွင့္ ပတ္သက္ၿပီး အနီးပတ္ဝန္းက်င္ေနအိမ္ေတြက စုေပါင္းလက္မွတ္ထိုးကာ သက္ဆိုင္ရာ ဌာနအသီးသီးကို ကန႔္ကြက္ တိုင္ၾကားခဲ့ဘူးတယ္ လို႔လည္း ႐ြာသားေတြက ေျပာပါတယ္။

မီးေလာင္ကြၽမ္းခံရသည့္ ဆုံးရႈံးမႈ တန္ဘိုးကို တြက္ခ်က္ေနဆဲမို႔ မထုတ္ျပန္ႏိုင္ေသးဘူးလို႔လည္း သက္ဆိုင္ရာဌာက ေျပာပါတယ္။ ဆိပ္မူမွာ ၂၀၀၀ ခုႏွစ္ကေလာင္တဲ့မီးေၾကာင့္ အိမ္ေျခရာနဲ႔ခ်ီ ေလာင္ကြၽမ္းခံခဲ့ရတာလည္း ရွိခဲ့ဘူးတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

#voiceofmyanmar #Vom #ဆိတ္မူ #ဖားကန႔္မီးေလာင္

Related posts

Leave a Comment

VOM News

FREE
VIEW