ရသေ့တောင်မှာ ပေါက်ကွဲမှုတချို့ဖြစ်ပြီး တစ်ဦးသေ၊ ၃ ဦးဒဏ်ရာရ

ရသေ့တောင်၊ ဖေဖော်ဝါရီ ၃- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ရသေ့တောင်မြို့နယ်၊ ပိန်းတောကျေရွာနဲ့ ငစံဘော်ကျေးရွာတို့မှာ မနေ့က ဖေဖော်ဝါရီလ ၂ ရက်က ပေါက်ကွဲမှုတွေဖြစ်ပြီး၊ တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

သေဆုံးသူတစ်ဦးမှာ ငစံဘော်(မုဆိုးချောင်း) ကျေးရွာကဖြစ်ပြီး ကျန်တဲ့ဒဏ်ရာရသူ ၃ ဦးမှာ ပိန်းတောကျေးရွာက ဖြစ်တယ်လို့သိရပြီး အဲ့ဒီဒဏ်ရာရသေဆုံးသူတွေကို ရသေ့တောင်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

” ကျနော်သွားကြည့်တော့ ကြည့်လို့မရဘူး။ ဆေးရုံပိတ်ထားတယ်။ ဒါကြောင့် ပိန်းတောကလူတွေကိုတော့ ကြည့်ဖို့မရခဲ့ဘူး။ ဟို ငစံဘော်က တစ်ယောက်ကိုတော့ ကြည့်ခဲ့ရတယ်။ ခြေတစ်ချောင်းမပါဘူး။ ပြတ်သွားတယ်။ ကျန်တဲ့တစ်ချောင်းကတော့ ပွတ်သွားတယ်။” လို့ ရသေ့တောင်မြို့မှ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

ပိန်းတောကျေးရွာမှ ဒဏ်ရာရရှိသူသုံးဦးဟာ မိသားစုတွေဖြစ်ပြီး မိခင် ဒေါ်မဲခိုင် အသက်(၄၆) နှစ်၊ မောင်ဇော်သန်းဝင်း အသက်(၁၇)နှစ်နဲ့ မောင်ကိုဇော်ခိုင် အသက်(၁၄)နှစ်တို့ဖြစ်ပြီး ငစံဘော်ကျေးရွာက သေဆုံးသူမှာ အသက် ၅၆ နှစ်အရွယ်၊ ဦးသိန်းဇောအောင်တို့ဖြစ်တယ်လို့ သိရပါတယ်။

ပိန်းတောရွာက သုံးဦးဒဏ်ရာရရှိခြင်းမှာ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့်ဖြစ်ပြီး ငစံဘော်ကျေးရွာက သေဆုံးသူမှာ မိုင်းထိသေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

” ပိန်းတောက သုံးယောက်လည်း လက်နက်ကြီးနဲ့ပစ်လို့ လက်နက်ကြီးကျည်စထိပြီး အခု ရသေ့တောင်ဆေးရုံကို ရောက်နေတယ်။ ငစံဘော်က တစ်ယောက်ကတော့ တပ်မတော်က ထောင်ထားတဲ့မိုင်းထိပြီး သေတာ။ ခြေတစ်ဖက်ပြတ်သွားတယ်၊ ကျန်တဲ့တစ်ဖက် ပွန်းသွားတယ်။”လို့ ရသေ့တောင်မြို့က အမည်မဖော်လို့တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦး ကိုဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

မနေ့က တစ်ရက်တည်းမှာပဲ မြောက်ဦးမြို့နယ်၊ ချောင်သစ်ကျေးရွာမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးကာ၊ အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရသေ့တောင် #ပေါက်ကွဲမှု #တစ်ဦးသေဆုံး

Zawgyi

Related posts

Leave a Comment

VOM News

FREE
VIEW