ပုဂံနယ်မြေထဲက ကန်သက်ထားတဲ့နေရာကို တတ်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံသားနှစ်ဦးကိုအရေးယူထား

ပုဂံနယ်မြေထဲက ကန်သက်ထားတဲ့နေရာကို တတ်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံသားနှစ်ဦးကိုအရေးယူထား

မန္တလေး၊ ဖေဖော်ဝါရီ ၄-၂၀၂၀
ရဲရင့်မင်းခန့်(VOM)

ပုဂံရှေးဟောင်းနယ်မြေအတွင်းက အိုးထိန်းကုန်းပေါ်ကို ကားနဲ့တက်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံသားနှစ်ဦးကို အမှုဖွင့်အရေးယူခဲ့တယ်လို့ ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံ ဌာနခွဲ)ကနေ သိရပါတယ်။

“ဒီနေရာက ရှေးဟောင်းကုန်းဖြစ်နေတယ်၊ ကားတွေတက်လို့မရဘူးလေ၊ တက်ခွင့်မရှိတဲ့နေရာကို တက်တဲ့အတွက် အမှုဖွင့်ထားတာပါ။ ကားတွေကဘေးမှာရပ်ထားတယ်၊ လူတွေက အပေါ်တက်ကြည့်တယ်ဆိုရင် မတားမြစ်ပါဘူး၊ သို့သော်လဲ ကားမောင်းခြင်းအားဖြင့် ပျက်စီးစေတယ်၊ အခုကတော့ အမှုဖွင့်ဖို့ လုပ်နေတယ်၊ အုတ်ကုန်းပေါ်ကိုတက်တဲ့ ကားနှစ်စီးကိုမောင်းတဲ့ တရုတ်နိုင်ငံသား နှစ်ဦးကို အမှုဖွင့်ထားတာပါ”လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ)
မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က တရုတ်နိုင်ငံသားတွေပါဝင်တဲ့ ကားရှစ်စီးဟာ ပုဂံဒေသကိုရောက်ရှိလာခဲ့ပြီး အရှေ့အိုးထိန်းကုန်းနေရာကို ရောက်ရှိပြီးနောက်မှာ ကားနှစ်စီးက အိုးထိန်းကုန်းပေါ်မောင်းတက်ခဲ့ပြီး ဘီယာ သောက်ဖို့ ပြင်ဆင်ခဲ့တဲ့အပေါ် ဒေသခံဧည့်လမ်းညွှန်နှစ်ဦးကတွေ့ရှိကာ တားမြစ်ခဲ့တဲ့အတွက် ပြန်ဆင်းသွားခဲ့တယ်လို့ ခရီးသွားဧည့်လမ်းညွန်တစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။

“ဒီခရီးစဉ်မှာ ကျွန်တော်လည်းပါတယ်။ ဒီနေရာကို အစိုးရကနေ ကန့်သက်နယ်မြေ သတ်မှတ်ထားတယ်ဆိုတာ မသိဘူး။ ဘေးက လူငယ်လေးကပြောတယ်။ ဦးလေး ဒီနေရာကနေ အပေါ်ကိုမတတ်ရဘူး၊ ဟိုဖက်မှာ ကားပါကင်ရှိတယ်လို့ ပြောတယ်။ အဲဒါနဲ့ အဲဒီအပေါ်ကနေ ဆင်းလိုက်တာပါပဲ၊ အချိန်ကမကြာဘူး
နှစ်မိနစ်လောက်တာ ကြာတာပါ”လို့ အဲ့ဒီခရီးစဉ်မှာလိုက်ပါခဲ့တ ဲ့စကားပြန်ကိုစိုးနိုင်ကပြောပါတယ်။

၂၀၁၆ ခုနှစ်၊ ဩဂုတ်လနောက်ဆုံးပတ်မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ပုဂံရှေးဟောင်းနယ်မြေအတွင်းမှာရှိတဲ့ သာသနိက အဆောက်အအုံတွေ ပြိုကျပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းမှာ ပုဂံဘုရားတွေပေါ် တက်ရောက်တာတွေကို တားမြစ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတရုတ်နိုင်ငံသားတွေဟာ တရုတ်နိုင်ငံ၊ ရှင်ကျန်းမြို့၊ မွတ်ဆလင်အများစုနေထိုင်တဲ့ ဒေသကနေလာရောက်တာဖြစ်ပါတယ်။ ဇန်နဝါရီ 29 ရက်နေ့ကနေစပြီး လူ(၁၈)ဦး၊ ကား(၈)စီးနဲ့ မြဝတီမြို့က‌နေ ခရီးစဉ်စတင်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံသား(၂)ဦးကို ပုဂံနယ်မြေရဲစခန်းမှ ပ -၁၈/၂၀၂၀ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ (၂၁)အရ အမှုဖွင့်အရေးယူထားတဲ့အတွက် သက်ဆိုင်ရာနယ်မြေမှာ နေခဲ့ရတယ်လို့ သိရပါတယ်။

ကျန်တဲ့ တရုတ်နိုင်ငံသား(၁၅)ဦးကတော့ ဒီကနေ့နေလယ်ပိုင်းမှာ မန်းလေးမြို့ကနေ ကျောက်ဆည်၊ ဟံမြင့်မိုရ်၊ ရွာငံ၊ တောင်ကြီးကနေတစ်ဆင့် တာချီလိတ်မြို့အထိ ဆက်လက်ထွက်ခွာသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ပုဂံ #တရုတ်နိုင်ငံသား၂ဦး #အရေးယူထား

Zawgyi

ပုဂံနယ္ေျမထဲက ကန္သက္ထားတဲ့ေနရာကို တတ္ေရာက္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံသားႏွစ္ဦးကိုအေရးယူထား

မႏၱေလး၊ ေဖေဖာ္ဝါရီ ၄-၂၀၂၀
ရဲရင့္မင္းခန႔္(VOM)

ပုဂံေရွးေဟာင္းနယ္ေျမအတြင္းက အိုးထိန္းကုန္းေပၚကို ကားနဲ႔တက္ေရာက္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံသားႏွစ္ဦးကို အမႈဖြင့္အေရးယူခဲ့တယ္လို႔ ဟု ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန(ပုဂံ ဌာနခြဲ)ကေန သိရပါတယ္။

“ဒီေနရာက ေရွးေဟာင္းကုန္းျဖစ္ေနတယ္၊ ကားေတြတက္လို႔မရဘူးေလ၊ တက္ခြင့္မရွိတဲ့ေနရာကို တက္တဲ့အတြက္ အမႈဖြင့္ထားတာပါ။ ကားေတြကေဘးမွာရပ္ထားတယ္၊ လူေတြက အေပၚတက္ၾကည့္တယ္ဆိုရင္ မတားျမစ္ပါဘူး၊ သို႔ေသာ္လဲ ကားေမာင္းျခင္းအားျဖင့္ ပ်က္စီးေစတယ္၊ အခုကေတာ့ အမႈဖြင့္ဖို႔ လုပ္ေနတယ္၊ အုတ္ကုန္းေပၚကိုတက္တဲ့ ကားႏွစ္စီးကိုေမာင္းတဲ့ တ႐ုတ္ႏိုင္ငံသား ႏွစ္ဦးကို အမႈဖြင့္ထားတာပါ”လို႔ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (ပုဂံ ဌာနခြဲ)
မွ တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁ ရက္ေန႔က တ႐ုတ္ႏိုင္ငံသားေတြပါဝင္တဲ့ ကားရွစ္စီးဟာ ပုဂံေဒသကိုေရာက္ရွိလာခဲ့ၿပီး အေရွ႕အိုးထိန္းကုန္းေနရာကို ေရာက္ရွိၿပီးေနာက္မွာ ကားႏွစ္စီးက အိုးထိန္းကုန္းေပၚေမာင္းတက္ခဲ့ၿပီး ဘီယာ ေသာက္ဖို႔ ျပင္ဆင္ခဲ့တဲ့အေပၚ ေဒသခံဧည့္လမ္းၫႊန္ႏွစ္ဦးကေတြ႕ရွိကာ တားျမစ္ခဲ့တဲ့အတြက္ ျပန္ဆင္းသြားခဲ့တယ္လို႔ ခရီးသြားဧည့္လမ္းၫြန္တစ္ဦးရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

“ဒီခရီးစဥ္မွာ ကြၽန္ေတာ္လည္းပါတယ္။ ဒီေနရာကို အစိုးရကေန ကန႔္သက္နယ္ေျမ သတ္မွတ္ထားတယ္ဆိုတာ မသိဘူး။ ေဘးက လူငယ္ေလးကေျပာတယ္။ ဦးေလး ဒီေနရာကေန အေပၚကိုမတတ္ရဘူး၊ ဟိုဖက္မွာ ကားပါကင္ရွိတယ္လို႔ ေျပာတယ္။ အဲဒါနဲ႔ အဲဒီအေပၚကေန ဆင္းလိုက္တာပါပဲ၊ အခ်ိန္ကမၾကာဘူး
ႏွစ္မိနစ္ေလာက္တာ ၾကာတာပါ”လို႔ အဲ့ဒီခရီးစဥ္မွာလိုက္ပါခဲ့တ ဲ့စကားျပန္ကိုစိုးႏိုင္ကေျပာပါတယ္။

၂၀၁၆ ခုႏွစ္၊ ဩဂုတ္လေနာက္ဆုံးပတ္မွာ လႈပ္ခတ္ခဲ့တဲ့ငလ်င္ေၾကာင့္ ပုဂံေရွးေဟာင္းနယ္ေျမအတြင္းမွာရွိတဲ့ သာသနိက အေဆာက္အအုံေတြ ၿပိဳက်ပ်က္စီးတာေတြ ျဖစ္ေပၚခဲ့ၿပီးေနာက္ပိုင္းမွာ ပုဂံဘုရားေတြေပၚ တက္ေရာက္တာေတြကို တားျမစ္ထားတာ ျဖစ္တယ္လုိ႔ သိရပါတယ္။

အဲ့ဒီတ႐ုတ္ႏိုင္ငံသားေတြဟာ တ႐ုတ္ႏိုင္ငံ၊ ရွင္က်န္းၿမိဳ႕၊ မြတ္ဆလင္အမ်ားစုေနထိုင္တဲ့ ေဒသကေနလာေရာက္တာျဖစ္ပါတယ္။ ဇန္နဝါရီ 29 ရက္ေန႔ကေနစၿပီး လူ(၁၈)ဦး၊ ကား(၈)စီးနဲ႔ ျမဝတီၿမိဳ႕က‌ေန ခရီးစဥ္စတင္ခဲ့တယ္လို႔ သိရပါတယ္။

တရုတ္ႏုိင္ငံသား(၂)ဦးကို ပုဂံနယ္ေျမရဲစခန္းမွ ပ -၁၈/၂၀၂၀ ေရွးေဟာင္းအေဆာက္အအုံမ်ား ကာကြယ္ထိန္းသိမ္းေရးဥပေဒပုဒ္မ (၂၁)အရ အမႈဖြင့္အေရးယူထားတဲ့အတြက္ သက္ဆိုင္ရာနယ္ေျမမွာ ေနခဲ့ရတယ္လို႔ သိရပါတယ္။

က်န္တဲ့ တ႐ုတ္ႏိုင္ငံသား(၁၅)ဦးကေတာ့ ဒီကေန႔ေနလယ္ပိုင္းမွာ မန္းေလးၿမိဳ႕ကေန ေက်ာက္ဆည္၊ ဟံျမင့္မိုရ္၊ ႐ြာငံ၊ ေတာင္ႀကီးကေနတစ္ဆင့္ တာခ်ီလိတ္ၿမိဳ႕အထိ ဆက္လက္ထြက္ခြာသြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #ပုဂံ #တရုတ္ႏိုင္ငံသား၂ဦး #အေရးယူထား

Related posts

Leave a Comment

VOM News

FREE
VIEW