ဝူဟန်ဗိုင်းရပ်စ် သံသယလူနာတစ်ဦး မင်းပြားမှာတွေ့ရှိထား

ဝူဟန်ဗိုင်းရပ်စ် သံသယလူနာတစ်ဦး မင်းပြားမှာတွေ့ရှိထား

မင်းပြား၊ ဖေဖော်ဝါရီ ၄-၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့နယ်က အမျိုးသားတစ်ဦးမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်းရောဂါလက္ခဏာများတွေ့ရှိထားတဲ့အတွက် ဝူဟန်ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ်သတ်မှတ်ကာ မင်းပြားဆေးရုံက သီးသန့်ခန်းမှာ လိုအပ်တဲ့ဆးဝါးကုသမှုတွေပေးပြီး စောင့်ကြပ်ကြည့်ရှူနေလျက်ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျယ်ခေါင်မြို့က ဇန်နဝါရီလ ၂၀ ရက်နေ့က မင်းပြားမြို့နယ်သို့ပြန်လည်ရောက်ရှိခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေ့တဲ့အတွက် သံသယလူနာအဖြစ် စောင့်ကြပ်ကြည့်ရှူနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဝူဟန်ကိုရိုနာဗုင်းရပ်စ် ရောဂါရှိမရှိ အတည်ပြုစစ်ဆေးရန်အတွက် လူနာဆီကနေ နှာခေါင်းတို့ဘတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး၊ ညွှန်းပို့ ဓါတ်ခွဲခန်းများကိုပေးပို့ပြီး စစ်ဆေးနေတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ တရုတ်နိုင်ငံ ဟူပေပြည်နယ်၊ မြို့တော်ဝူဟန်ကနေ စတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး အခုဆိုရင် နိုင်ငံတကာအထိ ကူးစပ်ပျံ့နှံ့မှုတွေရှိလာတယ်လို့ နိုင်ငံတကာသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

#VOM #voiceofmyanmar #မင်းပြား #ကိုရိုနာဗိုင်းရပ်စ် #သံသယလူနာတွေ့

Zawgyi

ဝူဟန္ဗိုင္းရပ္စ္ သံသယလူနာတစ္ဦး မင္းျပားမွာေတြ႔႐ွိထား

မင္းျပား၊ ေဖေဖာ္ဝါရီ ၄-၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ မင္းျပားၿမိဳ႕နယ္က အမ်ိဳးသားတစ္ဦးမွာ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အသက္ရႈၾကပ္ျခင္းေရာဂါလကၡဏာမ်ားေတြ႔ရွိထားတဲ့အတြက္ ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာအျဖစ္သတ္မွတ္ကာ မင္းျပားေဆးရံုက သီးသန္႔ခန္းမွာ လိုအပ္တဲ့ဆးဝါးကုသမႈေတြေပးၿပီး ေစာင့္ၾကပ္ၾကည့္ရႉေနလ်က္႐ွိတယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ေဖေဖာ္ဝါရီလ ၂ ရက္ေန႔မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

တရုတ္ျပည္သူ႔သမၼတနိုင္ငံ၊ ဂ်ယ္ေခါင္ၿမိဳ႕က ဇန္နဝါရီလ ၂၀ ရက္ေန႔က မင္းျပားၿမိဳ႕နယ္သို႔ျပန္လည္ေရာက္႐ွိခဲ့တဲ့ အသက္ ၃၈ ႏွစ္အရြယ္ အမ်ိဳးသားမွာ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာေတြ႔တဲ့အတြက္ သံသယလူနာအျဖစ္ ေစာင့္ၾကပ္ၾကည့္ရႉေနတယ္လိုိ႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဝူဟန္ကို႐ုိနာဗုင္းရပ္စ္ ေရာဂါ႐ွိမ႐ွိ အတည္ျပဳစစ္ေဆးရန္အတြက္ လူနာဆီကေန ႏွာေခါင္းတို႔ဘတ္နမူနာ (Nasopharyngeal Swab) မ်ား ရယူၿပီး၊ ညႊန္းပို႔ ဓါတ္ခြဲခန္းမ်ားကိုေပးပို႔ၿပီး စစ္ေဆးေနတယ္လို႔ ဝန္ႀကီးဌာနက ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

နိုဗယ္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါဟာ တ႐ုတ္ႏိုင္ငံ ဟူေပျပည္နယ္၊ ၿမိဳ႕ေတာ္ဝူဟန္ကေန စတင္ျဖစ္ေပၚခဲ့တာျဖစ္ၿပီး အခုဆိုရင္ ႏိုင္ငံတကာအထိ ကူးစပ္ပ်ံ႕ႏွံ႔မႈေတြ႐ွိလာတယ္လုိ႔ နုိင္ငံတကာသတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

#VOM #voiceofmyanmar #မင္းျပား #ကိုရိုနာဗိုင္းရပ္စ္ #သံသယလူနာေတြ႔

Related posts

Leave a Comment

VOM News

FREE
VIEW