ပုသိမ်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိင်ဖို့ နှာခေါင်းစီးတစ်သိန်းအခမဲ့ပေးဝေ

ပုသိမ်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိင်ဖို့ နှာခေါင်းစီးတစ်သိန်းအခမဲ့ပေးဝေ

ပုသိမ်၊ ဖေဖော်ဝါရီ ၅-၂၀၂၀
ကိုအောင်(VOM)

ပုသိမ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ လက်ကမ်းစာစောင်နဲ့ နှာခေါင်းစီးအခုတစ်သိန်းကို မနေ့ ဖေဖော်ဝါရီ ၄ရက်နေ့ ညပိုင်းက လူစည်ကားရာနေရာတွေမှာ အခမဲ့ပေးဝေတဲ့အစီအစဉ် ပြုလုပ်ခဲ့ပါတယ်။

ဒီအစီအစဉ်ကို ပုသိမ်မြို့က ဧရာဝတီပရဟိတအဖွဲ့နဲ့ ရှစ်လေးလုံးအင်အားစု(ဧရာဝတီ)အဖွဲ့တို့က ဦးဆောင်ပြီး နှာခေါင်းစီးအခုတစ်သိန်းကို ၉ရက်အတွင်းပေးဝေသွားမှာဖြစ်တယ်လို့ ဦးဆောင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“မဖြစ်ခင်က ကြိုတင်ကာကွယ်တာကောင်းတယ်လေ maskတွေက အရင်ကတစ်ခု၄၀၊ ခုတစ်ခု၃၀၀ဖြစ်နေတာနဲ့ ပြည်သူတွေအခက်အခဲကို ကူညီပေးခြင်လို့ အခုလိုဝေတာပါ”လို့ ဧရာဝတီပရဟိတအဖွဲ့ခေါင်းဆောင်ဦးမိုးကြီးကပြောပါတယ်။

တရုတ်နိင်ငံ၊ ဝူဟန်မြို့မှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပျံနှံမူများနေတဲ့အတွက် ဧရာဝတီတိုင်းကျန်းမာရေးဦးစီးဌာနက တိုင်းအတွင်းကာကွယ်မူတွေပြုလုပ်ဖို့ လုပ်ငန်းညှိနိူင်းအစည်းအဝေးကို မနေ့ကပဲပြုလုပ်ခဲ့ပီး ဧရာဝတီတိုင်းတွင်းမှာ လက်ရှိအချိန်ထိ သံသယလူနာမရှိသေးဘူးလို့ သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ပုသိမ် #နှာခေါင်းစီ၁သိန်း #အခမဲ့ဝေ

Zawgyi


ကိုအောင်(VOM)




တရုတ်နိင်ငံ၊ ဝူဟန်မြို့မှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပျံနှံမူများနေတဲ့အတွက် ဧရာဝတီတိုင်းကျန်းမာရေးဦးစီးဌာနက တိုင်းအတွင်းကာကွယ်မူတွေပြုလုပ်ဖို့ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို မနေ့ကပဲပြုလုပ်ခဲ့ပီး ဧရာဝတီတိုင်းတွင်းမှာ လက်ရှိအချိန်ထိ သံသယလူနာမရှိသေးဘူးလို့ သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။


Related posts

Leave a Comment

VOM News

FREE
VIEW