ဘူးသီးတောင် ကင်းတောင်ရွာမှာ ဈေးဆိုင်ခန်းတွေ မီးလောင်

ဘူးသီးတောင် ကင်းတောင်ရွာမှာ ဈေးဆိုင်ခန်းတွေ မီးလောင်

ဘူးသီးတောင်၊ ဖေဖော်ဝါရီ ၇- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာမှာ ဒီကနေ့မနက်အစောပိုင်း ၂ နာရီခန့်က ဈေးဆိုင်ခန်းတွေနဲ့ လူနေအိမ် တချို့မီးလောင်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

အဲ့ဒီ ကင်းတောင်ကျေးရွာ မီးလာင်မှုဟာ အနီးအနားက လက်ဖက်ရည်ဆိုင်က စတင်ဖြစ်ပွားခဲ့ပြီးတော့ ဆိုင်ခန်းပေါင်း ၄၄ ခန်းရှိရာမှာ အခန်းပေါင်း ၂၀ မီးလောင်မှုဖြစ်ပွားကာ၊ လူနေအိမ် ၂ လုံးလည်း ပါဝင်ကြောင်း သိရပါတယ်။

ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာနေ မီးငြိမ်သတ်ရာမှာ ပါဝင်သူ ဦးလုံးချောက” လဖက်ရည်ဆိုင်က ပေါ့ဆမီးလောင်သွားတာပါ။ မီးလောင်တာမှာ ဆိုင်ခန်း ၂၀ ခန်းပါသွားတယ်။ မီးလောင်တော့ ကင်းတောင်ကနေ ကျနော်တို့ကို ဆက်သွယ်တယ်။ ကျနော်တို့လည်းသွားကြည့် ခဲ့တယ်။” လို့ ဆိုပါတယ်။

အဲ့ဒီ လက်ဖက်ရည်ဆိုင်တစ်ခုက ပေါ့ဆမီးအဖြစ်စတင်လောင်ကျွမ်းခဲ့တဲ့ မီးဘေးအန္တရာယ်ကျရောက်နေစဉ် မီးငြိမ်းသတ်ရန်အတွက် ဌာနဆိုင်ရာတွေကိုအကြောင်းကြားပြီး မီးငြိမ်းသတ်ရာမှာ ရပ်မိရပ်တွေလည်းပါဝင်ကြောင်းနဲ့ အချိန်အားဖြင့် ၄၅ မိနစ် ကြာမြင့်ခဲ့တယ်လို့ သူကဆိုပါတယ်။

” ကျနော်တို့ ဌာနဆိုင်ရာကို အကြောင်းကြားတယ်။ ဆိုင်ရှင်၊ ပိုင်ရှင်နာမည်တွေနဲ့ အိမ်နှစ်ဆောင်ပါသွား ရာက အိမ်ရှင်နာမည်တွေ တင်ပေးရတယ်။ မီးသတ်တော့ ရွာမှာအရံမီးသတ်တပ်ဖွဲ့ရှိတဲ့အတွက် ရပ်မိရပ်ဖတွေနဲ့ ငြိမ်းသတ်ကြတယ်။ ၄၅ မိနစ်ကြာ ငြိမ်းသတ်ခဲ့ရတယ်။” လို့ ဦးလုံးချောက ပြောပါတယ်။

ကင်းတောင်ရွာက ဈေးဆိုင်ခန်းတွေမီးလောင်မှုအတွင်း လူထိခိုက်ဒဏ်ရာရတာမရှိပေမယ့်၊ ဆုံးရှုံးမှုပမာဏတော့တွက်ချက်နေဆဲလို့ပြောပါတယ်။

#voiceofmyanmar #VOM #ဘူးသီးတောင် #ကင်းတောင်ရွာ #မီးလောင်မှု

Zawgyi

ဘူးသီးေတာင္ ကင္းေတာင္ရြာမွာ ေစ်းဆိုင္ခန္းေတြ မီးေလာင္

ဘူးသီးေတာင္၊ ေဖေဖာ္ဝါရီ ၇- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ ကင္းေတာင္ေက်းရြာမွာ ဒီကေန႔မနက္အေစာပိုင္း ၂ နာရီခန္႔က ေစ်းဆိုင္ခန္းေတြနဲ႔ လူေနအိမ္ တခ်ိဳ႕မီးေလာင္သြားခဲ့ေၾကာင္း သတင္းရ႐ွိပါတယ္။

အဲ့ဒီ ကင္းေတာင္ေက်းရြာ မီးလာင္မႈဟာ အနီးအနားက လက္ဖက္ရည္ဆိုင္က စတင္ျဖစ္ပြားခဲ့ၿပီးေတာ့ ဆိုင္ခန္းေပါင္း ၄၄ ခန္း႐ွိရာမွာ အခန္းေပါင္း ၂၀ မီးေလာင္မႈျဖစ္ပြားကာ၊ လူေနအိမ္ ၂ လံုးလည္း ပါဝင္ေၾကာင္း သိရပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္ ဒံုးသိမ္ေက်းရြာေန မီးၿငိမ္သတ္ရာမွာ ပါဝင္သူ ဦးလံုးေခ်ာက” လဖက္ရည္ဆိုင္က ေပါ့ဆမီးေလာင္သြားတာပါ။ မီးေလာင္တာမွာ ဆိုင္ခန္း ၂၀ ခန္းပါသြားတယ္။ မီးေလာင္ေတာ့ ကင္းေတာင္ကေန က်ေနာ္တို႔ကို ဆက္သြယ္တယ္။ က်ေနာ္တို႔လည္းသြားၾကည့္ ခဲ႔တယ္။” လို႔ ဆိုပါတယ္။

အဲ့ဒီ လက္ဖက္ရည္ဆိုင္တစ္ခုက ေပါ့ဆမီးအျဖစ္စတင္ေလာင္ကြၽမ္းခဲ႔တဲ႔ မီးေဘးအႏၱရာယ္က်ေရာက္ေနစဥ္ မီးၿငိမ္းသတ္ရန္အတြက္ ဌာနဆိုင္ရာေတြကိုအေၾကာင္းၾကားၿပီး မီးၿငိမ္းသတ္ရာမွာ ရပ္မိရပ္ေတြလည္းပါဝင္ေၾကာင္းနဲ႔ အခ်ိန္အားျဖင့္ ၄၅ မိနစ္ ၾကာျမင့္ခဲ့တယ္လို႔ သူကဆိုပါတယ္။

” က်ေနာ္တို႔ ဌာနဆိုင္ရာကို အေၾကာင္းၾကားတယ္။ ဆိုင္႐ွင္၊ ပိုင္႐ွင္နာမည္ေတြနဲ႔ အိမ္ႏွစ္ေဆာင္ပါသြား ရာက အိမ္႐ွင္နာမည္ေတြ တင္ေပးရတယ္။ မီးသတ္ေတာ့ ရြာမွာအရံမီးသတ္တပ္ဖြဲ႔႐ွိတဲ့အတြက္ ရပ္မိရပ္ဖေတြနဲ႔ ၿငိမ္းသတ္ၾကတယ္။ ၄၅ မိနစ္ၾကာ ၿငိမ္းသတ္ခဲ့ရတယ္။” လို႔ ဦးလံုးေခ်ာက ေျပာပါတယ္။

ကင္းေတာင္ရြာက ေစ်းဆိုင္ခန္းေတြမီးေလာင္မႈအတြင္း လူထိခိုက္ဒဏ္ရာရတာမ႐ွိေပမယ့္၊ ဆံုး႐ႈံးမႈပမာဏေတာ့တြက္ခ်က္ေနဆဲလုိ႕ေျပာပါတယ္။

#voiceofmyanmar #VOM #ဘူးသီးေတာင္ #ကင္းေတာင္ရြာ #မီးေလာင္မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW