ဆေးခြောက်စိုက်ခင်းအမှုက အမျိုးသမီးကို မြင်းခြံတရားရုံးက တရားရှင်လွှတ်

ဆေးခြောက်စိုက်ခင်းအမှုက အမျိုးသမီးကို မြင်းခြံတရားရုံးက တရားရှင်လွှတ်

မန္တလေး၊ ဖေဖော်ဝါရီ ၁၀-၂၀၂၀
ဖြူဖြူ(VOM)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အတွင်း ဖမ်းဆီးရမိထားတဲ့ ဆေးခြောက်အနွယ်ဝင် Hamp စိုက်ခင်းအမှုက မရွှန်းလဲ့မြတ်နိုးကို ဒီကနေ့မှာတရားရှင်လွှတ်လိုက်ပြီလို့ မြင်းခြံခရိုင်တရားရုံးကနေ သိရပါတယ်။

“ရွှန်းလဲ့မြတ်နိုးက ၂၁ ရက်ပဲရှိသေးတယ်၊ အလုပ်သင်အဖြစ်ဝင်လာတာ။ သူ့ကို ဓါတ်ခွဲခန်းအထောက်အထားလည်းမရှိဘဲ ဆွဲထားတာ။ သူတို့က အမှုထဲကိုပါလာဖို့ မသင့်တော်ဘူး။” လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

လူမှုကွန်ယက်စာမျက်နှာမှာ ဆေးခြောက်စိုက်ခင်းသတင်းတွေ ပျံ့နှံ့လာပြီးနောက် မြို့သာစက်မှုဇုန်အတွင်းမှာ ၂၀၁၉ ခုနှစ် ဧပြီလက ဧက ၆၀ နီးပါးရှိတဲ့ Hamp စိုက်ခင်းတွေ တွေ့ရှိခဲ့တာဖြစ်ပြီး အမေရိကန်သား ၅ ဦးနဲ့ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ မရွှန်းလဲ့မြတ်နိုးနဲ့ ကိုရှိန်းလတ်တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(က)၊ ၁၉(က)၊ ၂၀(က)၊ ၂၀(ခ) တို့နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

အမှုမှာ မြန်မာနိုင်ငံသားနှစ်ဦးကိုသာ ဖမ်းဆီးထားတာဖြစ်ပြီး အမေရိကန်နိုင်ငံသားလေးဦးက လွတ်မြောက်နေဆဲဖြစ်ကာ ကျပ်သိန်း ၃၁၅၀ နဲ့အာမခံထားတဲ့ John Fresric Todoroki လည်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ မြင်းခြံခရိုင်တရားရုံးကနေ သိရပါတယ်။

အာမခံပေးထားတဲ့အမေရိကန်နိုင်ငံသားကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ရုံးချိန်းမှာ အပါခေါ်ဆောင်လာဖို့ တရားရုံးက ညွှန်ကြားထားပြီး ရောက်မလာပါက တရားခံပြေးနဲ့ အမှုဖွင့်မှာဖြစ်သလို အာမခံပေးထားသူကိုလည်း အာမခံငွေကြေးပေးလျော်တာ ဒါမှမဟုတ် ထောင်ချတာမျိုး လုပ်ဆောင်သွားမယ်လို့ ဦးသိန်းသန်းဦးက ရှင်းပြပါတယ်။

ဒီအမှုမှာပါဝင်တဲ့ မြန်မာနိုင်ငံသား ကိုရှိန်းလတ်ကိုတော့ စွဲချက်တင်ထားပြီး သူ့အနေနဲ့ လာမယ့်ရုံးချိန်းမှာ ထုချေဖြေရှင်းချက်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မြင်းခြံ #ဆေးခြောက်စိုက်ခင်းအမှု

Zawgyi

ေဆးေျခာက္စိုက္ခင္းအမွဳက အမ်ိဳးသမီးကို ျမင္းၿခံတရားရံုးက တရားရွင္လႊတ္

မႏၲေလး၊ ေဖေဖာ္ဝါရီ ၁၀-၂၀၂၀
ျဖဴျဖဴ(VOM)

မႏၲေလးတိုင္း၊ ငါန္းဇြန္ၿမိဳ႕နယ္၊ ၿမိဳ႕သာစက္မႈဇုန္အတြင္း ဖမ္းဆီးရမိထားတဲ့ ေဆးေျခာက္အႏြယ္ဝင္ Hamp စိုက္ခင္းအမႈက မ႐ႊန္းလဲ့ျမတ္ႏိုးကို ဒီကေန႔မွာတရားရွင္လႊတ္လိုက္ၿပီလို႔ ျမင္းၿခံခ႐ိုင္တရား႐ုံးကေန သိရပါတယ္။

“႐ြႊန္းလဲ့ျမတ္ႏိုးက ၂၁ ရက္ပဲရွိေသးတယ္၊ အလုပ္သင္အျဖစ္ဝင္လာတာ။ သူ႔ကို ဓါတ္ခြဲခန္းအေထာက္အထားလည္းမရွိဘဲ ဆြဲထားတာ။ သူတို႔က အမႈထဲကိုပါလာဖို႔ မသင့္ေတာ္ဘူး။” လို႔ အမႈကို လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦးက ေျပာပါတယ္။

လူမႈကြန္ယက္စာမ်က္ႏွာမွာ ေဆးေျခာက္စိုက္ခင္းသတင္းေတြ ပ်ံ႕ႏွံ႔လာၿပီးေနာက္ ၿမိဳ႕သာစက္မႈဇုန္အတြင္းမွာ ၂၀၁၉ ခုႏွစ္ ဧၿပီလက ဧက ၆၀ နီးပါးရွိတဲ့ Hamp စိုက္ခင္းေတြ ေတြ႕ရွိခဲ့တာျဖစ္ၿပီး အေမရိကန္သား ၅ ဦးနဲ႔ ျမန္မာႏိုင္ငံသားေတြျဖစ္တဲ့ မ႐ႊန္းလဲ့ျမတ္ႏိုးနဲ႔ ကိုရွိန္းလတ္တို႔ကို မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၆(က)၊ ၁၉(က)၊ ၂၀(က)၊ ၂၀(ခ) တို႔နဲ႔ တရားစြဲဆိုထားတာျဖစ္ပါတယ္။

အမႈမွာ ျမန္မာႏိုင္ငံသားႏွစ္ဦးကိုသာ ဖမ္းဆီးထားတာျဖစ္ၿပီး အေမရိကန္ႏိုင္ငံသားေလးဦးက လြတ္ေျမာက္ေနဆဲျဖစ္ကာ က်ပ္သိန္း ၃၁၅၀ နဲ႔အာမခံထားတဲ့ John Fresric Todoroki လည္း အဆက္အသြယ္ျပတ္ေတာက္ေနတယ္လို႔ ျမင္းၿခံခ႐ိုင္တရား႐ုံးကေန သိရပါတယ္။

အာမခံေပးထားတဲ့အေမရိကန္ႏိုင္ငံသားကို ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔႐ုံးခ်ိန္းမွာ အပါေခၚေဆာင္လာဖို႔ တရား႐ုံးက ၫႊန္ၾကားထားၿပီး ေရာက္မလာပါက တရားခံေျပးနဲ႔ အမႈဖြင့္မွာျဖစ္သလို အာမခံေပးထားသူကိုလည္း အာမခံေငြေၾကးေပးေလ်ာ္တာ ဒါမွမဟုတ္ ေထာင္ခ်တာမ်ိဳး လုပ္ေဆာင္သြားမယ္လို႔ ဦးသိန္းသန္းဦးက ရွင္းျပပါတယ္။

ဒီအမႈမွာပါဝင္တဲ့ ျမန္မာႏိုင္ငံသား ကိုရွိန္းလတ္ကိုေတာ့ စြဲခ်က္တင္ထားၿပီး သူ႔အေနနဲ႔ လာမယ့္႐ုံးခ်ိန္းမွာ ထုေခ်ေျဖရွင္းခ်က္ေပးရမွာျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ျမင္းၿခံ #ေဆးေျခာက္စိုက္ခင္းအမွဳ

Related posts

Leave a Comment

VOM News

FREE
VIEW