ပလက်ဝ-ကျောက်တော် ပြေးဆွဲနေတဲ့ လိုင်းစက်လှေတွေကို တားဆီးထားတဲ့အတွက် လူ ၁၀၀ ကျော် ပိတ်မိနေ

ပလက်ဝ-ကျောက်တော် ပြေးဆွဲနေတဲ့ လိုင်းစက်လှေတွေကို တားဆီးထားတဲ့အတွက် လူ ၁၀၀ ကျော် ပိတ်မိနေ

ကျောက်တော်၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၀
‌မင်းရန်နိုင်(VOM)

ပလက်ဝ-ကျောက်တော် ပြေးဆွဲနေတဲ့ လိုင်းစက်လှေတွေကို နှစ်ဘက်လက်နက်ကိုင်အဖွဲ့တွေက တားဆီးလိုက်တဲ့အတွက် လူ ၁၀၀ ကျော် ကျောက်တော်ဘက်မှာ ပိတ်ပိနေတယ်လို့ ပိတ်မိနေသူ ပလက်ဝဒေသခံတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“လိုင်းစက်လှေ ပိတ်ထားတာ ၅ ရက်လောက် ရှိသွားပါပြီ။ လူ ၁၀၀ ကျော် ပိတ်မိနေတယ်။ ပလက်ဝဘက် ပြန်ဖို့ အခက်အခဲဖြစ်နေပါတယ်”လို့ အဲဒီ ပိတ်မိနေသူ ပလက်ဝဒေသခံရဲ့ မိသားစုဝင်က ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ပလက်ဝ-ကျောက်တော် ပြေးဆွဲနေတဲ့ လိုင်းစက်လှေတွေကို တားဆီးခဲ့တာလို့ သိရပြီး စနေနေ့က နှစ်ဘက်လက်နက်ကိုင်အဖွဲ့တွေက တားဆီးတာကို ကြုံခဲ့ရသူ ကျောက်တော်မြို့မှာ ရောက်ရှိနေတဲ့ ပလက်ဝမြို့နေ ကုန်သည်တစ်ဦးက ပြောပါတယ်။

“တားဆီးတဲ့အဖွဲ့တွေက မသွားနဲ့လို့ အတင်းအဓမ္မပြောတာတော့ မဟုတ်ဘူး၊ မသွားသင့်ဘူးလို့ အကြံပြုချင်တယ်လို့ ပြောတဲ့သဘောပါ၊ တားထားတဲ့သဘော”လို့ ပိတ်မိနေတဲ့ ကုန်သည်က ပြောပါတယ်။

ပလက်ဝ-ကျောက်တော် ပြေးဆွဲနေတဲ့ စက်လှေတွေကို နှစ်ဘက်လက်နက်ကိုင်တပ်တွေက ဒေသတည်ငြိမ်မှုမရှိလို့ မသွားသင့်သေးဘူးလို့ ‌ပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပလက်ဝ-ကျောက်တော်ကို ပြေးဆွဲနေတဲ့ စက်လှေ ၅ စီးနဲ့ ဟွန်ဒါစက်လှေတစ်စီး ကျော်တော်မြို့မှာ ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ပလက်ဝ_ကျောက်တော် #လိုင်းစက်လှေ #ပိတ်မိ

Zawgyi

ပလက္ဝ-ေက်ာက္ေတာ္ ေျပးဆြဲေနတဲ့ လိုင္းစက္ေလွေတြကို တားဆီးထားတဲ့အတြက္ လူ ၁၀၀ ေက်ာ္ ပိတ္မိေန

ေက်ာက္ေတာ္၊ ေဖေဖာ္ဝါရီ ၁၁ ရက္၊ ၂၀၂၀
‌မင္းရန္ႏိုင္(VOM)

ပလက္ဝ-ေက်ာက္ေတာ္ ေျပးဆြဲေနတဲ့ လိုင္းစက္ေလွေတြကို ႏွစ္ဘက္လက္နက္ကိုင္အဖြဲ႕ေတြက တားဆီးလိုက္တဲ့အတြက္ လူ ၁၀၀ ေက်ာ္ ေက်ာက္ေတာ္ဘက္မွာ ပိတ္ပိေနတယ္လို႔ ပိတ္မိေနသူ ပလက္ဝေဒသခံတစ္ဦးရဲ႕ မိသားစုဝင္တစ္ဦးက ေျပာပါတယ္။

“လိုင္းစက္ေလွ ပိတ္ထားတာ ၅ ရက္ေလာက္ ရွိသြားပါၿပီ။ လူ ၁၀၀ ေက်ာ္ ပိတ္မိေနတယ္။ ပလက္ဝဘက္ ျပန္ဖို႔ အခက္အခဲျဖစ္ေနပါတယ္”လို႔ အဲဒီ ပိတ္မိေနသူ ပလက္ဝေဒသခံရဲ႕ မိသားစုဝင္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔ကတည္းက ပလက္ဝ-ေက်ာက္ေတာ္ ေျပးဆြဲေနတဲ့ လိုင္းစက္ေလွေတြကို တားဆီးခဲ့တာလို႔ သိရၿပီး စေနေန႔က ႏွစ္ဘက္လက္နက္ကိုင္အဖြဲ႕ေတြက တားဆီးတာကို ႀကဳံခဲ့ရသူ ေက်ာက္ေတာ္ၿမိဳ႕မွာ ေရာက္ရွိေနတဲ့ ပလက္ဝၿမိဳ႕ေန ကုန္သည္တစ္ဦးက ေျပာပါတယ္။

“တားဆီးတဲ့အဖြဲ႕ေတြက မသြားနဲ႔လို႔ အတင္းအဓမၼေျပာတာေတာ့ မဟုတ္ဘူး၊ မသြားသင့္ဘူးလို႔ အႀကံျပဳခ်င္တယ္လို႔ ေျပာတဲ့သေဘာပါ၊ တားထားတဲ့သေဘာ”လို႔ ပိတ္မိေနတဲ့ ကုန္သည္က ေျပာပါတယ္။

ပလက္ဝ-ေက်ာက္ေတာ္ ေျပးဆြဲေနတဲ့ စက္ေလွေတြကို ႏွစ္ဘက္လက္နက္ကိုင္တပ္ေတြက ေဒသတည္ၿငိမ္မႈမရွိလို႔ မသြားသင့္ေသးဘူးလို႔ ‌ေျပာဆိုခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ပလက္ဝ-ေက်ာက္ေတာ္ကို ေျပးဆြဲေနတဲ့ စက္ေလွ ၅ စီးနဲ႔ ဟြန္ဒါစက္ေလွတစ္စီး ေက်ာ္ေတာ္ၿမိဳ႕မွာ ပိတ္မိေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ပလက္ဝ_ေက်ာက္ေတာ္ #လိုင္းစက္ေလွ #ပိတ္မိ

Related posts

Leave a Comment

VOM News

FREE
VIEW