ရွှေလီရဲက အကူအညီတောင်းခံခဲ့သူ ၅ ဦးအနက် ဒုတိယမြောက်တစ်ဦး ထပ်မံတွေ့ရှိ

ရွှေလီရဲက အကူအညီတောင်းခံခဲ့သူ ၅ ဦးအနက် ဒုတိယမြောက်တစ်ဦး ထပ်မံတွေ့ရှိ

မူဆယ် ၊‌ဖေဖေါ်ဝါရီ ၁၂-၂၀၂၀
ဖြူဖြူဖွေး(VOM)

တရုတ်နိုင်ငံရွှေလီရဲဌာနက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆီ အကူအညီတောင်းခံခဲ့သူ ၅ ဦးအနက် ဒုတိယအကြိမ်မြောက် အမျိုးသားတစ်ဦး ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှသိရပါတယ်။

ယခုတွေ့ရှိတဲ့သူက ဖေဖေါ်ဝါရီ ၇ ရက်နေ့က ရွှေလီရဲဌာနကို လူကိုယ်တိုင်လာရောက်ခဲ့တာနဲ့ သူမှာ ကိုရိုနာဗိုင်းရပ်စ်ကူးဆက်ခံထားရမှုမရှိဘူးလို့လည်း ရွှေလီရဲဌာနက ဖေဖေါ်ဝါရီလ ၁၁ ရက်နေမှာ အကြောင်းပြန်လာပါတယ်။ ကျန်‌ နေတဲ့သူများကိုလည်း ကျွန်တော်တို့ဘက်က သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အပူတပြင်းရှာဖွေနေလျက်နဲ့ ယခုချိန်ထိမတွေ့သေးတာကလည်း တရုတ်နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေး များပိတ်ထားမှုကြောင့် ၎င်းတို့ရောက်ရှိရာမြို့တွေမှာ ပိတ်မိနေနိုင်တာလည်းဖြစ်နိုင်ပါတယ်လို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင်ထိန်လင်းက VOM သို့ပြောပါတယ်။

တရုတ်နိုင်ငံ ရွှေလီရဲဌာနမှ အကူအညီတောင်းခံတဲ့စာမှာ မူဆယ်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယရှိသူ တရုတ်နိုင်ငံသား ၅ ဦးရောက်ရှိနေကြောင်း ဖေါ်ပြထားပါတယ်အကြောင်းကြားစာအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ဖေဖေါ်ဝါရီလ ၆ ရက်နေ့ကမှစတင်၍ အပူတပြင်းရှာဖွေခဲ့ရာဖေဖေါ်ဝါရီလ ၇ ရက်နေ့က မြန်မာနိုင်ငံအတွင်းပြန်လည်တွေ့ရှိသူ အမျိုးသမီးနှင့် တရုတ်နိုင်ငံအတွင်းပြန်လည်တွေ့ရှိသူ အမျိုးသားမှာ နှာစေးခြင်း ချောင်းဆိုးခြင်း နှင့် ကိုယ်အပူချိန် ၃၆ ဒသမ ၃ ဒီဂရီစင်တီဂရိတ်သာရှိခြင်းနှင့် ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံထားရခြင်းမရှိကြောင်း ယနေ့ တရုတ်နိုင်ငံရွှေလီရဲဌာန၊လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန၏အကြောင်းကြားစာတွင်ပါရှိကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှုရုံးမှသိရှိရပါတယ်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ငြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဌမနေ့မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က လက်ရှိမှာတော့ သံသယလူနာတွေ့ရှိရင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနက ဓာတ်ခွဲနမူနာရယူပြီး ထိုင်းနိုင်ငံကိုပေးပို့စစ်ဆေးနေရ‌ ကြောင်း၊ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်အပါအဝင် ရောဂါစစ်ဆေးအတည်ပြုမှုကို နိုင်ငံအတွင်းမှာ ဆောင်ရွက်နိုင်တဲ့ နိုင်ငံပေါင်း (၁၅)နိုင်ငံသာရှိသေးကြောင်း ၊ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ စစ်ဆေးနိုင်တဲ့ စက်တွေ ရောက်မယ်လို့ ပြောထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူဆက်မြန်ရောဂါနဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ရောဂါပိုးစတင်ကူးစက်ခံရချိန်မှ ရောဂါလက္ခဏာများ စတင်ပြသသည့် ကြားကာလ ရောဂါပျိုးချိန်သည် အနည်းဆုံး ၂ ရက်မှ အများဆုံး ၁၀ ရက်အထိ ရှိတယ်လို့ ဆိုထားပါတယ်။

ဒါ့ကြောင့် မိမိတို့နိုင်ငံတွင်းသို့ ဝင်ရောက်လာသူများသည် ရောဂါပျိုးချိန်အတွင်းဖြစ်၍ ရောဂါလက္ခဏာ မပြသေးသူတွေ မိမိတို့ပတ်ဝန်းကျင်၌ ရှိနေနိုင်ပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်က ရောဂါဖြစ်ပွားသည့်နိုင်ငံတွေကနေ လာရောက်တဲ့သံသယရောဂါလက္ခဏာရှိသူများကို တွေ့ရှိရပါက နီးစပ်ရာကျန်းမာရေး ဌာနသို့ ချက်ချင်းအသိပေးအကြောင်းကြားဖို့ ညွန်ကြားထားပါတယ်။

တရုတ်အပါအဝင်ကမ္ဘာ့နိုင်ငံပေါင်း(၂၅)နိုင်ငံတွင်ကိုရိုနာကူးစက်နေရကာ လူပေါင်း (၄၀၆၆၄)ဦး ကကူးစက်ခံနေရပြီး တရုတ်နိုင်ငံ၌ (၄၀၂၃၅)ဦး ကူးဆက်ခဲ့ပြီး သေဆုံးသူ ၁၀၀၆ ဦးသေဆုံးခဲ့သည်ဟု ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ည က ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ရဲ့ကိုရိုနာဗိုင်းရပ် Report တွင် ဖေါ်ပြထား ချက်အရသိရပါတယ်။

#voiceofmyanmar #VOM #မူဆယ် #ကိုရိုနာ

Zawgyi

ေ႐ႊလီရဲက အကူအညီေတာင္းခံခဲ့သူ ၅ ဦးအနက္ ဒုတိယေျမာက္တစ္ဦး ထပ္မံေတြ႕ရွိ

မူဆယ္ ၊‌ေဖေဖၚဝါရီ ၁၂-၂၀၂၀
ျဖဴျဖဴေဖြး(VOM)

တ႐ုတ္ႏိုင္ငံေ႐ႊလီရဲဌာနက ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဆီ အကူအညီေတာင္းခံခဲ့သူ ၅ ဦးအနက္ ဒုတိယအႀကိမ္ေျမာက္ အမ်ိဳးသားတစ္ဦး ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း မူဆယ္ခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးမွသိရပါတယ္။

ယခုေတြ႕ရွိတဲ့သူက ေဖေဖၚဝါရီ ၇ ရက္ေန႔က ေ႐ႊလီရဲဌာနကို လူကိုယ္တိုင္လာေရာက္ခဲ့တာနဲ႔ သူမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးဆက္ခံထားရမႈမရွိဘူးလို႔လည္း ေ႐ႊလီရဲဌာနက ေဖေဖၚဝါရီလ ၁၁ ရက္ေနမွာ အေၾကာင္းျပန္လာပါတယ္။ က်န္‌ ေနတဲ့သူမ်ားကိုလည္း ကြၽန္ေတာ္တို႔ဘက္က သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္းၿပီး အပူတျပင္းရွာေဖြေနလ်က္နဲ႔ ယခုခ်ိန္ထိမေတြ႕ေသးတာကလည္း တ႐ုတ္ႏိုင္ငံအတြင္း လမ္းပန္းဆက္သြယ္ေရး မ်ားပိတ္ထားမႈေၾကာင့္ ၎တို႔ေရာက္ရွိရာၿမိဳ႕ေတြမွာ ပိတ္မိေနႏိုင္တာလည္းျဖစ္ႏိုင္ပါတယ္လို႕ မူဆယ္ခ႐ိုင္ရဲတပ္ဖြဲ႕မႉး ဒုရဲမႉးႀကီးေအာင္ထိန္လင္းက VOM သို႔ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံ ေ႐ႊလီရဲဌာနမွ အကူအညီေတာင္းခံတဲ႕စာမွာ မူဆယ္ေဒသတြင္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ သံသယရွိသူ တ႐ုတ္ႏိုင္ငံသား ၅ ဦးေရာက္ရွိေနေၾကာင္း ေဖၚျပထားပါတယ္အေၾကာင္းၾကားစာအရ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ႏွင့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႕က ေဖေဖၚဝါရီလ ၆ ရက္ေန႔ကမွစတင္၍ အပူတျပင္းရွာေဖြခဲ့ရာေဖေဖၚဝါရီလ ၇ ရက္ေန႔က ျမန္မာႏိုင္ငံအတြင္းျပန္လည္ေတြ႕ရွိသူ အမ်ိဳးသမီးႏွင့္ တ႐ုတ္ႏိုင္ငံအတြင္းျပန္လည္ေတြ႕ရွိသူ အမ်ိဳးသားမွာ ႏွာေစးျခင္း ေခ်ာင္းဆိုးျခင္း ႏွင့္ ကိုယ္အပူခ်ိန္ ၃၆ ဒသမ ၃ ဒီဂရီစင္တီဂရိတ္သာရွိျခင္းႏွင့္ ကို႐ိုနာဗိုင္းရပ္ပိုးကူးစက္ခံထားရျခင္းမရွိေၾကာင္း ယေန႔ တ႐ုတ္ႏိုင္ငံေ႐ႊလီရဲဌာန၊လူကုန္ကူးမႈတိုက္ဖ်က္ေရးဌာန၏အေၾကာင္းၾကားစာတြင္ပါရွိေၾကာင္း မူဆယ္ခ႐ိုင္ရဲတပ္ဖြဲ႕မႈ႐ုံးမွသိရွိရပါတယ္။

ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၅)ၿငိမ္ေျမာက္ပုံမွန္အစည္းအေဝး ဆဌမေန႕မွာ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး က လက္ရွိမွာေတာ့ သံသယလူနာေတြ႕ရွိရင္ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈ ဆိုင္ရာဌာနက ဓာတ္ခြဲနမူနာရယူၿပီး ထိုင္းႏိုင္ငံကိုေပးပို႔စစ္ေဆးေနရ‌ ေၾကာင္း၊ ကမာၻေပၚမွာ ကို႐ိုနာဗိုင္းရပ္စ္အပါအဝင္ ေရာဂါစစ္ေဆးအတည္ျပဳမႈကို ႏိုင္ငံအတြင္းမွာ ေဆာင္႐ြက္ႏိုင္တဲ့ ႏိုင္ငံေပါင္း (၁၅)ႏိုင္ငံသာရွိေသးေၾကာင္း ၊ေဖေဖၚဝါရီလ ၁၂ ရက္ေန႔မွာ စစ္ေဆးနိုုင္တဲ႕ စက္ေတြ ေရာက္မယ္လို႕ ေျပာထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူဆက္ျမန္ေရာဂါနဲ႔ ပတ္သက္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး က ေရာဂါပိုးစတင္ကူးစက္ခံရခ်ိန္မွ ေရာဂါလကၡဏာမ်ား စတင္ျပသသည့္ ၾကားကာလ ေရာဂါပ်ိဳးခ်ိန္သည္ အနည္းဆုံး ၂ ရက္မွ အမ်ားဆုံး ၁၀ ရက္အထိ ရွိတယ္လို႔ ဆိုထားပါတယ္။

ဒါ့ေၾကာင့္ မိမိတို႔ႏိုင္ငံတြင္းသို႔ ဝင္ေရာက္လာသူမ်ားသည္ ေရာဂါပ်ိဳးခ်ိန္အတြင္းျဖစ္၍ ေရာဂါလကၡဏာ မျပေသးသူေတြ မိမိတို႔ပတ္ဝန္းက်င္၌ ရွိေနႏိုင္ပါေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္ မိမိတို႔ပတ္ဝန္းက်င္က ေရာဂါျဖစ္ပြားသည့္ႏိုင္ငံေတြကေန လာေရာက္တဲ့သံသယေရာဂါလကၡဏာရွိသူမ်ားကို ေတြ႕ရွိရပါက နီးစပ္ရာက်န္းမာေရး ဌာနသို႔ ခ်က္ခ်င္းအသိေပးအေၾကာင္းၾကားဖို႔ ၫြန္ၾကားထားပါတယ္။

တ႐ုတ္အပါအ၀င္ကမာၻ႔ႏိုင္ငံေပါင္း(၂၅)ႏိုင္ငံတြင္ကို႐ိုနာကူးစက္​ေနရကာ လူေပါင္း (၄၀၆၆၄)ဦး ကကူးစက္ခံေနရၿပီး တ႐ုတ္ႏိုင္ငံ၌ (၄၀၂၃၅)ဦး ကူးဆက္ခဲ့ၿပီး ေသဆုံးသူ ၁၀၀၆ ဦးေသဆုံးခဲ့သည္ဟု ေဖေဖၚဝါရီလ ၁၀ ရက္ေန႔ည က ကမာၻက်န္းမာေရးအဖြဲ႕ WHO ရဲ႕ကို႐ိုနာဗိုင္းရပ္ Report တြင္ ေဖၚျပထား ခ်က္အရသိရပါတယ္။

#voiceofmyanmar #VOM #မူဆယ္ #ကိုရိုနာ

Related posts

Leave a Comment

VOM News

FREE
VIEW