အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းခံရတဲ့ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဘယ်ကိစ္စနဲ့ဖမ်းခံရတာလဲ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းခံရတဲ့ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဘယ်ကိစ္စနဲ့ဖမ်းခံရတာလဲ

ပဲခူး ဖေဖော်ဝါရီ၁၉-၂၀၂၀
မိုးယံ(VOM)

လယ်သိမ်းယာသိမ်းမှုတွေ အင်းကိစ္စ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေမှာ အဂတိလိုက်စားခဲ့တယ်ဆိုပြီး ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာ ပဲခူးထောင်မှာ ဖမ်းဆီးခံထားရပါတယ်။ မနေ့ဖေဖော်ဝါရီလ ၁၈ရက် မနက်က ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် အမှတ်(၂) တရားရုံးမှာရုံးထုတ်စစ်ဆေးတဲ့အချိန်မှာတော့ ဦးကျော်မျိုးမင်းက သူဟာ ငွေကြေးယူဆောင်ခဲ့ခြင်းမရှိဘဲ ထောင်ချောက်ဆင်ဖမ်းဆီးခံရတာဖြစ်ကြောင်း သတင်းမီဒီယာတွေကို ပြောပါတယ်။

‟ဒီအမှုက ၂၀၁၇ခုနှစ်က ပထမအကြိမ်တိုင်ကြားခဲ့စဉ်က အထမမြောက်လို့ ပိတ်သိမ်းထားပြီးသား အမှုတွဲဖြစ်ပါတယ်။ အဲ့ဒါကို ဦးထွန်းမြင့်ဆိုတဲ့သူက နောက်တစ်ကြိမ်ပြန်လည် တိုင်ကြားတဲ့အမှုကို အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က စစ်ဆေးပြီးသားအမှုကို ပြန်လည်စစ်ဆေးတာပါ
လို့” ရုံးထုတ်မှာပြောခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ဦးဆောင်တိုင်ကြားသူ ဦးထွန်းမြင့် (မှုခင်းသတင်းမီဒီယာ)က အခုလိုပြောပါတယ်
‟ကျနော်က သတင်းသမားပါ သတင်းသမားဆိုတော့ အဂတိဆိုတာ ကျော်ဇော် သတင်းဆိုရင်တောင် တိုင်လို့ရပါတယ်။
၂၀၁၇ခုနှစ်မှာ အင်းကိစ္စနဲ့ပတ်သက်ပြီး ပါတီစည်းကမ်းကို
အင်းသားကြီး ဦးမြင့်ရွှေပါ နှစ်ဦးကတိုင်တယ် ပါတီကစိစစ်တဲ့အခါ
ဦးကျော်မျိုးမင်းက ဦးမြင့်ရွှေတို့ကို ငွေပြန်ပေးတယ် အကြေမပေးဘဲ ၆သိန်းကျန်တယ်ပြောတယ်။ အဲဒီမှာ စုံစမ်းတော့ နောက် ၃ဦးပေါ်လာတယ် ပထမအကြိမ် တိုင်တုန်းက ၃၂သိန်းပေးရတယ်
ဒုတိယအကြိမ် တိုင်တာက အင်းသားကြီး ၃ဦးက၃၅သိန်းပေးလိုက်ရတယ်။ ပထမတိုင်တဲ့အင်းသားကြီးတွေက သူ့အိမ်မှာသွားပေးလိုက်ရတာ နောက် ဒုတိယ အင်းသားကြီးတွေဆီက သူကိုယ်တိုင် အင်းသားကြီးတွေအိမ်ကို သွားယူခဲ့တာပါ။ ဒါကိုလည်းအင်းသားကြီးတွေက တရားရုံးမှာထွက်ဆိုထားပါတယ်။ ကျနော့်နောက်ကွယ်မှာ ခရိုနီလည်း မပါဘူး ထောင်ချောက်ဆင်တာလည်းမဟုတ်ဘူး
နစ်နာသူတွေဘက်က ကျနော်ကိုယ်တိုင် ဦးဆောင်တိုင်လိုက်တာပါလို့”ရှင်းပြပါတယ်။

အရင်က အဂတိကို တိုင်တဲ့အမှုပိတ်သိမ်းခဲ့ပေမယ့် ထပ်တိုင်လို့လည်း ရတဲ့အကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၂၂ မှာ ခိုင်လုံသော သက်သေ အထောက်အထား ၊ ဓာတ်ပုံ၊ ဘောင်ချာ၊ wave money။
လူသက်သေအထောက်အထား၊ စသည်တို့ရှိလျှင် ထပ်မံစွဲဆိုခွင့်ရှိတယ်လို့ပြဋ္ဌာန်းထားပါတယ်။

ဒါ့ကြောင့် အဂတလိုက်စားမှုတိုက်ဖျတ်ရေးကော်မရှင်က ပဲခူးတိုင်း မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ တရားစွဲဆိုကာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

#voiceofmyanmar #VOM #အဂတိကော်မရှင် #မိုးညိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

Zawgyi

အဂတိလိုက္စားမွဳတိုက္ဖ်က္ေရးဥပေဒနဲ႕ ဖမ္းခံရတဲ႕ မိုးညိဳၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ကိစၥနဲ႕ဖမ္းခံရတာလဲ

ပဲခူး ေဖေဖာ္ဝါရီ၁၉-၂၀၂၀
မိုးယံ(VOM)

လယ္သိမ္းယာသိမ္းမႈေတြ အင္းကိစၥ ေဒသဖြံ႕ၿဖိဳးေရး ကိစၥေတြမွာ အဂတိလိုုက္စားခဲ႕တယ္ဆိုုျပီး ပဲခူးတိုင္းေဒသႀကီး မိုးညိဳၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္မ်ိဳးမင္းဟာ ပဲခူးေထာင္မွာ ဖမ္းဆီးခံထားရပါတယ္။ မေန႔ေဖေဖာ္ဝါရီလ ၁၈ရက္ မနက္က ပဲခူးတိုင္းေဒသႀကီးတရားလႊတ္ေတာ္ အမွတ္(၂) တရား႐ုံးမွာရံုုးထုုတ္စစ္ေဆးတဲ႕အခ်ိန္မွာေတာ့ ဦးေက်ာ္မ်ိဳးမင္းက သူဟာ ေငြေၾကးယူေဆာင္ခဲ့ျခင္းမရွိဘဲ ေထာင္ေခ်ာက္ဆင္ဖမ္းဆီးခံရတာျဖစ္ေၾကာင္း သတင္းမီဒီယာေတြကိုု ေျပာပါတယ္။

‟ဒီအမႈက ၂၀၁၇ခုႏွစ္က ပထမအႀကိမ္တိုင္ၾကားခဲ့စဥ္က အထမေျမာက္လို႔ ပိတ္သိမ္းထားၿပီးသား အမႈတြဲျဖစ္ပါတယ္။ အဲ့ဒါကို ဦးထြန္းျမင့္ဆိုတဲ့သူက ေနာက္တစ္ႀကိမ္ျပန္လည္ တိုင္ၾကားတဲ့အမႈကို အဂတိလိုက္စားမႈတိုက္ဖ်က္ ေရးေကာ္မရွင္က စစ္ေဆးၿပီးသားအမႈကို ျပန္လည္စစ္ေဆးတာပါ
လို႔” ရံုုးထုုတ္မွာေျပာခဲ႕ပါတယ္။

ဒီအမႈနဲ႔ပတ္သက္ၿပီး ဦးေဆာင္တိုင္ၾကားသူ ဦးထြန္းျမင့္ (မႈခင္းသတင္းမီဒီယာ)က အခုလိုေျပာပါတယ္
‟က်ေနာ္က သတင္းသမားပါ သတင္းသမားဆိုေတာ့ အဂတိဆိုတာ ေက်ာ္ေဇာ္ သတင္းဆိုရင္ေတာင္ တိုင္လို႔ရပါတယ္။
၂၀၁၇ခုႏွစ္မွာ အင္းကိစၥနဲ႔ပတ္သက္ၿပီး ပါတီစည္းကမ္းကို
အင္းသားႀကီး ဦးျမင့္ေ႐ႊပါ ႏွစ္ဦးကတိုင္တယ္ ပါတီကစိစစ္တဲ့အခါ
ဦးေက်ာ္မ်ိဳးမင္းက ဦးျမင့္ေ႐ႊတို႔ကို ေငြျပန္ေပးတယ္ အေၾကမေပးဘဲ ၆သိန္းက်န္တယ္ေျပာတယ္။ အဲဒီမွာ စုံစမ္းေတာ့ ေနာက္ ၃ဦးေပၚလာတယ္ ပထမအႀကိမ္ တိုင္တုန္းက ၃၂သိန္းေပးရတယ္
ဒုတိယအႀကိမ္ တိုင္တာက အင္းသားႀကီး ၃ဦးက၃၅သိန္းေပးလိုက္ရတယ္။ ပထမတိုင္တဲ့အင္းသားႀကီးေတြက သူ႔အိမ္မွာသြားေပးလိုက္ရတာ ေနာက္ ဒုတိယ အင္းသားႀကီးေတြဆီက သူကိုယ္တိုင္ အင္းသားႀကီးေတြအိမ္ကိုု သြားယူခဲ့တာပါ။ ဒါကိုလည္းအင္းသားႀကီးေတြက တရား႐ုံးမွာထြက္ဆိုထားပါတယ္။ က်ေနာ့္ေနာက္ကြယ္မွာ ခ႐ိုနီလည္း မပါဘူး ေထာင္ေခ်ာက္ဆင္တာလည္းမဟုတ္ဘူး
နစ္နာသူေတြဘက္က က်ေနာ္ကိုယ္တိုင္ ဦးေဆာင္တိုင္လိုက္တာပါလို႔”ရွင္းျပပါတယ္။

အရင္က အဂတိကိုု တိုုင္တဲ႕အမွဳပိတ္သိမ္းခဲ႕ေပမယ့္ ထပ္တုုိင္လိုု႕လည္း ရတဲ႕အေၾကာင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၂၂ မွာ ခိုင္လုံေသာ သက္ေသ အေထာက္အထား ၊ ဓာတ္ပုံ၊ ေဘာင္ခ်ာ၊ wave money။
လူသက္ေသအေထာက္အထား၊ စသည္တို႔ရွိလ်ွင္ ထပ္မံစြဲဆိုခြင့္ရွိတယ္လို႔ျပ႒ာန္းထားပါတယ္။

ဒါ့ေၾကာင့္ အဂတလိုက္စားမႈတိုက္ဖ်တ္ေရးေကာ္မရွင္က ပဲခူးတိုင္း မိုးညိဳၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္မ်ိဳးမင္း အေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ တရားစြဲဆိုကာ အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခဲ႕ပါတယ္။

#voiceofmyanmar #VOM #အဂတိေကာ္မရွင္ #မိုးညိဳျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္

Related posts

Leave a Comment

VOM News

FREE
VIEW