တပ်မတော်ရဲ့ တရားစွဲဆိုမှုကြောင့် ထောင်ကျခဲ့တဲ့ မင်းထင်ကိုကိုကြီး အင်းစိန်ထောင်က လွတ်မြောက်

တပ်မတော်ရဲ့ တရားစွဲဆိုမှုကြောင့် ထောင်ကျခဲ့တဲ့ မင်းထင်ကိုကိုကြီး အင်းစိန်ထောင်က လွတ်မြောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁-၂၀၂၀
သိင်္ဂီ (VOM)

တပ်မတော်ရဲ့ တရားစွဲဆိုမှုကြောင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရတဲ့ ကဗျာဆရာ၊ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ဒီကနေ့မနက်ပိုင်းမှာ အင်းစိန်ထောင်ကနေ လွတ်မြောက်လာပါတယ်။

အကျဉ်းသားတွေ လူ့အခွင့်အရေးအပြည့်အဝရရှိဖို့အတွက်ဆိုရင် လက်ရှိအကျဉ်းဦးစီးဌာနက ကျင့်သုံးနေတဲ့ အကျဉ်ေးထာင်ဥပဒေကို ပြင်ဆင်ဖို့လိုအပ်နေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ”

“ အကျဉ်းဦးစီးဌာနက ကိုင်ဆောင်ထားတဲ့ ဥပဒေစာအုပ်ရှိတယ်။ ဒါဟာ အင်္ဂလိပ်ခေတ်ထဲက ကိုင်ဆောင်ထားတာ၊ ရေးထားတာဖြစ်တယ်၊ ခုထိ အဲ့စာအုပ်ထဲကအတိုင်း အကျဉ်းသားတွေအပေါ် ပြုမူဆက်ဆံနေတုန်းပဲ။ အဲ့ဒါတွေဟာ ပြောင်းလဲရမယ့်အရာဖြစ်တယ်။”လို့ မင်းထင်ကိုကိုကြီးက ပြောပါတယ်။

ဦးမင်းထင်ကိုကိုကြီးကို တပ်မတော်က ပုဒ်မ ၅၀၅ (က)နဲ့ အင်းစိန်မြို့နယ်တရားရုံးမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလက တရားစွဲဆိုခဲ့ပြီး ဩဂုတ်လကုန်ပိုင်းမှာ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ထောင်ထဲမှာ ၁၀ လနဲ့ ၁၀ ရက်နေခဲ့ရတယ်လို့လည်း သိရပါတယ်။

ထောင်ကနေ လွတ်လာပြီးနောက်ပိုင်းမှာ ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားမှာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၅ရက်ကလည်း နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာ အကျဉ်းထောင်ဥပဒေကို ခေတ်နဲ့လျော်ညီတဲ့ ဥပဒေအဖြစ် ပြန်လည်ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆိုထားတာလည်း ရှိပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #မင်းထင်ကိုကိုကြီး #ထောင်ကနေလွတ်

Zawgyi

တပ္မေတာ္ရဲ႕ တရားစြဲဆိုမွုေၾကာင့္ ေထာင္က်ခဲ့တဲ့ မင္းထင္ကိုကိုႀကီး အင္းစိန္ေထာင္က လြတ္ေျမာက္

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၁-၂၀၂၀
သိဂႌ (VOM)

တပ္မေတာ္ရဲ႕ တရားစြဲဆိုမွုေၾကာင့္ ေထာင္ဒဏ္တစ္ႏွစ္ ခ်မွတ္ခံခဲ့ရတဲ့ ကဗ်ာဆရာ၊ ႐ုပ္ရွင္ဒါရိုက္တာ မင္းထင္ကိုကိုႀကီးဟာ ဒီကေန႔မနက္ပိုင္းမွာ အင္းစိန္ေထာင္ကေန လြတ္ေျမာက္လာပါတယ္။

အက်ဥ္းသားေတြ လူ႔အခြင့္အေရးအျပည့္အဝရ႐ွိဖို႔အတြက္ဆိုရင္ လက္႐ွိအက်ဥ္းဦးစီးဌာနက က်င့္သုံးေနတဲ့ အက်ဥ္ေးထာင္ဥပေဒကို ျပင္ဆင္ဖို႔လိုအပ္ေနတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ”

“ အက်ဥ္းဦးစီးဌာနက ကိုင္ေဆာင္ထားတဲ့ ဥပေဒစာအုပ္႐ွိတယ္။ ဒါဟာ အဂၤလိပ္ေခတ္ထဲက ကိုင္ေဆာင္ထားတာ၊ ေရးထားတာျဖစ္တယ္၊ ခုထိ အဲ့စာအုပ္ထဲကအတိုင္း အက်ဥ္းသားေတြအေပၚ ျပဳမူဆက္ဆံေနတုန္းပဲ။ အဲ့ဒါေတြဟာ ေျပာင္းလဲရမယ့္အရာျဖစ္တယ္။”လုိ႔ မင္းထင္ကိုကိုႀကီးက ေျပာပါတယ္။

ဦးမင္းထင္ကိုကိုႀကီးကို တပ္မေတာ္က ပုဒ္မ ၅၀၅ (က)နဲ႔ အင္းစိန္ၿမိဳ့နယ္တရား႐ုံးမွာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဧၿပီလက တရားစြဲဆိုခဲ့ၿပီး ဩဂုတ္လကုန္ပိုင္းမွာ ေထာင္ဒဏ္တစ္ႏွစ္ ခ်မွတ္ခံခဲ့ရတာျဖစ္ပါတယ္။ေထာင္ထဲမွာ ၁၀ လနဲ႔ ၁၀ ရက္ေနခဲ့ရတယ္လို႔လည္း သိရပါတယ္။

ေထာင္ကေန လြတ္လာၿပီးေနာက္ပိုင္းမွာ ႐ုပ္႐ွင္႐ိုက္ကူးေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ကိုင္သြားမွာျဖစ္တယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ဇန္န၀ါရီလ ၂၅ရက္ကလည္း ႏူိင္ငံေရးတက္ၾကြလႈပ္ရွားသူေတြဟာ အက်ဥ္းေထာင္ဥပေဒကို ေခတ္နဲ႔ေလ်ာ္ညီတဲ့ ဥပေဒအျဖစ္ ျပန္လည္ျပင္ဆင္ေပးဖို႔ ဆႏၵျပေတာင္းဆိုထားတာလည္း ရိွပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #မင္းထင္ကိုကိုႀကီး #ေထာင္ကေနလြတ္

Related posts

Leave a Comment

VOM News

FREE
VIEW