မူဆယ်က ငွေလဲလုပ်ငန်းတခုမှာ ကျပ်သိန်းတရာကျော်လုယက်မှုဖြစ်

မူဆယ်က ငွေလဲလုပ်ငန်းတခုမှာ ကျပ်သိန်းတရာကျော်လုယက်မှုဖြစ်

မူဆယ် ဖေဖေါ်ဝါရီ ၂၆ -၂၀၂၀
ပြည့်စုံ(VOM)

မူဆယ်မြို့လယ် အမှတ်၁ စည်ပင်သာယာဈေးဘေးကပ်လျက်က ငွေလဲလုပ်ငန်းလုပ်ကိုင်နေတဲ့ ဆိုင်မှာ ဖေဖေါ်ဝါရီလ ၂၆ ရက်နံနက် ၆ နာရီအချိန်က အုပ်စုဖွဲ့ပြီး ငွေကျပ်သိန်းတစ်ရာကျော် အလုခံရကြောင်းသိရပါတယ်။

“ ကားနှင့်လာတဲ့ ဖြူဖြူချောချော လူငယ်၄ ဦးက ငွေလဲချင်လို့ဆိုပြီး လာပြောတယ်။ ကားပေါ်က လူငယ် ၂ ဦးဆင်းလာပြီး မအေမိန်းရဲ့ ပိုက်ဆံအိတ် နဲ့ကျွန်မရဲ့ပိုက်ဆံအိတ်ကိုလုပါတယ်၊လုလို့မရတော့ ဓါးထုတ်ပြီးလုလို့ မအေမိန်းရဲ့လက်ထိပြီးငွေအိတ်ပါသွားတယ်၊ ကျွန်မ အမြန်ရုန်းလို့ ပါမသွားဘူး၊ ဘေးကလူတွေထွက်ကြည့်နေတုန်း သူတို့ကားနဲ့မောင်းထွက်သွားပါတယ်” လို့ အလုခံရတဲ့ ငွေလဲလုပ်ငန်းလုပ်သူ မစိန်ဝင်းက VOM ကိုပြောပါတယ်။

အဲဒီ ငွေလုယက်မှုနဲ့ ပတ်သက်လို့ မူဆယ်မြို့မရဲစခန်း ယာယီစခန်းမှူး ရဲအုပ်သန့်ဇင်ဦးက ကျွန်တော်တို့ဆီအမှု လာမဖွင့်သေးပါဘူး ၊သို့သော်ကျွန်တော်တို့ ရဲလုပ်ငန်း အရ ဆောင်ရွက်မှုနဲ့ ပိတ်ဆို့ရှာဖွေမှုတွေလုပ်နေပါတယ် “ လို့ ပြောပါတယ်။

မူဆယ်မြို့ဟာ တရုတ်နိုင်ငံနဲ့ ကပ်လျက်ရှိပြီး စီးပွားကူးသန်းရောင်းဝယ်ဖေါက်ကားတဲ့ မြို့ဖြစ်တာကြောင့် ဒေသလိုအပ်ချက်အရ ငွေလဲလုပ်ငန်းဟာ မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းဖြစ်ပြီး လုယက်သူတွေဟာ ငွေလဲလှယ်သောသူတွေကို ပစ်မှတ်ထား လုယက်တဲ့ ဖြစ်စဉ် မကြာခဏဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မူဆယ် #ငွေလုယက်မှု

Zawgyi

မူဆယ္က ေငြလဲလုုပ္ငန္းတခုုမွာ က်ပ္သိန္းတရာေက်ာ္လုုယက္မွဳျဖစ္

မူဆယ္ ေဖေဖၚဝါရီ ၂၆ -၂၀၂၀
ျပည့္စံုု(VOM)

မူဆယ္ၿမိဳ႕လယ္ အမွတ္၁ စည္ပင္သာယာေဈးေဘးကပ္လ်က္က ေငြလဲလုပ္ငန္းလုပ္ကိုင္ေနတဲ႕ ဆိုုင္မွာ ေဖေဖၚဝါရီလ ၂၆ ရက္နံနက္ ၆ နာရီအခ်ိန္က အုုပ္စုုဖြဲ႕ျပီး ေငြက်ပ္သိန္းတစ္ရာေက်ာ္ အလုခံရေၾကာင္းသိရပါတယ္။

“ ကားႏွင့္လာတဲ့ ျဖဴျဖဴေခ်ာေခ်ာ လူငယ္၄ ဦးက ေငြလဲခ်င္လို႔ဆိုၿပီး လာေျပာတယ္။ ကားေပၚက လူငယ္ ၂ ဦးဆင္းလာၿပီး မေအမိန္းရဲ႕ ပိုက္ဆံအိတ္ နဲ႔ကြၽန္မရဲ႕ပိုက္ဆံအိတ္ကိုလုပါတယ္၊လုလို႔မရေတာ့ ဓါးထုတ္ၿပီးလုလို႔ မေအမိန္းရဲ႕လက္ထိၿပီးေငြအိတ္ပါသြားတယ္၊ ကြၽန္မ အျမန္႐ုန္းလို႔ ပါမသြားဘူး၊ ေဘးကလူေတြထြက္ၾကည့္ေနတုုန္း သူတို႔ကားနဲ႔ေမာင္းထြက္သြားပါတယ္” လိုု႕ အလုုခံရတဲ႕ ေငြလဲလုုပ္ငန္းလုုပ္သူ မစိန္ဝင္းက VOM ကိုုေျပာပါတယ္။

အဲဒီ ေငြလုယက္မႈနဲ႔ ပတ္သက္လို႔ မူဆယ္ၿမိဳ႕မရဲစခန္း ယာယီစခန္းမႉး ရဲအုပ္သန႔္ဇင္ဦးက ကြၽန္ေတာ္တို႔ဆီအမႈ လာမဖြင့္ေသးပါဘူး ၊သို႔ေသာ္ကြၽန္ေတာ္တို႔ ရဲလုပ္ငန္း အရ ေဆာင္႐ြက္မႈနဲ႔ ပိတ္ဆို႔ရွာေဖြမႈေတြလုပ္ေနပါတယ္ “ လိုု႕ ေျပာပါတယ္။

မူဆယ္ၿမိဳ႕ဟာ တ႐ုတ္ႏိုင္ငံနဲ႕ ကပ္လ်က္ရွိၿပီး စီးပြားကူးသန္းေရာင္းဝယ္ေဖါက္ကားတဲ႕ ျမိဳ႕ျဖစ္တာေၾကာင့္ ေဒသလိုအပ္ခ်က္အရ ေငြလဲလုပ္ငန္းဟာ မရွိမျဖစ္လိုအပ္တဲ႕ လုုပ္ငန္းျဖစ္ျပီး လုုယက္သူေတြဟာ ေငြလဲလွယ္ေသာသူေတြကို ပစ္မွတ္ထား လုယက္တဲ႕ ျဖစ္စဥ္ မၾကာခဏျဖစ္တယ္လိုု႕ သိရပါတယ္။

#voiceofmyanmar #VOM #မူဆယ္ #ေငြလုုယက္မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW