အေအေဖမ်းဆီးထားတဲ့ထဲက စစ်ဖက်နဲ့မသက်ဆိုင်သူကို တတိယအသုတ်ပြန်လွှတ်ပေး

အေအေဖမ်းဆီးထားတဲ့ထဲက စစ်ဖက်နဲ့မသက်ဆိုင်သူကို တတိယအသုတ်ပြန်လွှတ်ပေး

စစ်တွေ၊ ဖေဖော်ဝါရီ- ၂၀၂၀
ခိုင်လင်းစံ(VOM)

တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေအတွင်း တပ်မတော်နဲ့ပတ်သတ်ဆက်နွယ်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ အေအေ ဖမ်းဆီးထိန်းသိမ်းထားသူ အငယ်တန်းအင်ဂျင်နီယာတစ်ဦးကို အေအေက မနေ့ဖေဖော်ဝါရီလ ၂၅ ရက်နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန် လွှတ်ပေးခဲ့ပါတယ်။

အေအေက လွှတ်ပေးလိုက်သူ အဲ့ဒီ အင်ဂျင်နီယာ အငယ်တန်း(၄) အဆင့်ရာထူးရှိသူမှာ ဦးကျော်ဇင်ထွန်းဖြစ်ကာ မန္တလေးတိုင်း မြင်ခြံခရိုင်၊ တောင်သာမြို့နယ် ကုန်းပုထိုးရွာနေသူ ဖြစ်ပြီး ဖခင် ဦးလှရွှေနဲ့ မိခင် ဒေါ်မြင့်ကြည်ရဲ့သားဖြစ်တယ်လို့ သိရပါတယ်။

ဦးကျော်ဇင်ထွန်း ကိုအေအေက လွှတ်ပေးလိုက်တာဟာ စစ်ဖက်နဲ့မသက်ဆိုင်သူ ဖြစ်တာကြောင့် လွှတ်ပေးတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၃ နာရီ၊ ၂၅ မိနစ်အချိန်မှာ ရသေ့တောင်မြို့နယ် ရေပိုက်ဆုံကျေးရွာ ရွာလူကြီးတွေနဲ့ ရွာကတာဝန်ရှိလူကြီးတွေဆီမှာ စနစ်တကျကောင်းမွန်စွာနဲ့ လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

အေအေရဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စစ်သုံ့ပန်း (၁) ဦးလွှတ်ပေးလိုက်တာဟာ ငြိမ်းချမ်းရေးရဲ့ အလားအလာဆောင်သလားလို့ VOM ရဲ့ မေးမြန်းချက်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးမောင်မောင်စိုးက သူ့အမြင်ကို အခုလိုပြောပါတယ်။

” ဟိုတခေါက်ကလည်း အသက်ကြီးတဲ့ လူ၂ ယောက်လွတ်ပေးလိုက်တယ်။ အခုလည်းတစ်ယောက်လွှတ်ပေးလိုက်တယ်ဆိုတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး အဲ့လောက်ထိ ထိရောက်မှုရှိမယ် မထင်ပါဘူး။ ကျန်တဲ့လူတွေလည်း ဖမ်းထားတာပဲ။” လို့ သုံးသပ်ပါတယ်။

ဆက်လက်ပြီး ထုတ်ပြန်ချက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတဲ့ နေရာမှာ အေအေအနေနဲ့ စစ်ဖက်နဲ့သက်ဆိုင်တယ်လို့ ယူဆရပြီး အေအေရဲ့ စစ်ရေးလုှပ်ရှားမှုတွေကို အနှောင့်အချက်ပေးတဲ့ သူတွေကို စစ်ဆေးတာရှိပေမယ့် စစ်ဆေးပြီး အပြစ်မရှိသူအများစုကို ပြန်လွှတ်ပေးတာဖြစ်ပါတယ်။

အေအေက ပြန်လွှတ်ပေးတဲ့ စစ်ဖက်နဲ့မသက်ဆိုင်သူတွေကို ပြန်လွှတ်ပေးတာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က (၆၆) ဦး အထိရှိခဲ့ပြီး၊ ယခုရက်ပိုင်းအတွင်း ၁ ဦးအပါအဝင်း၊ လက်ရှိ ၂၀၂၀ ခုနှစ်အတွင်း (၄) ဦးနဲ့ဆိုလျှင် ပြန်လွှတ်ပေးသူ (၇၀) ယောက်ရှိကြောင်း အေအေရဲ့ ထုတ်ပြန်ချက် စာရင်းအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းကလည်း ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးခဲ့တာရှိပါတယ်။

#voiceofmyanmar #VOM #အေအေပြန်လွှတ်ပေး

zawgyi

ေအေအဖမ္းဆီးထားတဲ့ထဲက စစ္ဖက္နဲ႔မသက္ဆိုင္သူကို တတိယအသုတ္ျပန္လႊတ္ေပး

စစ္ေတြ၊ ေဖေဖာ္ဝါရီ- ၂၀၂၀
ခိုင္လင္းစံ(VOM)

တပ္မေတာ္နဲ႔ ေအေအ တိုက္ပြဲေတြအတြင္း တပ္မေတာ္နဲ႔ပတ္သတ္ဆက္ႏြယ္မႈ႐ွိတယ္ဆိုတဲ႔ သံသယနဲ႔ ေအေအ ဖမ္းဆီးထိန္းသိမ္းထားသူ အငယ္တန္းအင္ဂ်င္နီယာတစ္ဦးကို ေအေအက မေန႔ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔ရက္စြဲနဲ႔ သတင္းထုတ္ျပန္ လႊတ္ေပးခဲ့ပါတယ္။

ေအေအက လႊတ္ေပးလိုက္သူ အဲ့ဒီ အင္ဂ်င္နီယာ အငယ္တန္း(၄) အဆင့္ရာထူး႐ွိသူမွာ ဦးေက်ာ္ဇင္ထြန္းျဖစ္ကာ မႏၱေလးတိုင္း ျမင္ျခံခ႐ိုင္၊ ေတာင္သာၿမိဳ႕နယ္ ကုန္းပုထိုးရြာေနသူ ျဖစ္ၿပီး ဖခင္ ဦးလွေရႊနဲ႔ မိခင္ ေဒၚျမင့္ၾကည္ရဲ႕သားျဖစ္တယ္လို႔ သိရပါတယ္။

ဦးေက်ာ္ဇင္ထြန္း ကိုေအေအက လႊတ္ေပးလိုက္တာဟာ စစ္ဖက္နဲ႔မသက္ဆိုင္သူ ျဖစ္တာေၾကာင့္ လႊတ္ေပးတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ ညေန ၃ နာရီ၊ ၂၅ မိနစ္အခ်ိန္မွာ ရေသ့ေတာင္ၿမိဳ႕နယ္ ေရပိုက္ဆံုေက်းရြာ ရြာလူႀကီးေတြနဲ႔ ရြာကတာဝန္႐ွိလူႀကီးေတြဆီမွာ စနစ္တက်ေကာင္းမြန္စြာနဲ႔ လႊတ္ေပးခဲ့ေၾကာင္း သိရပါတယ္။

ေအေအရဲ႕ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔က စစ္သံု႔ပန္း (၁) ဦးလႊတ္ေပးလိုက္တာဟာ ၿငိမ္းခ်မ္းေရးရဲ႕ အလားအလာေဆာင္သလားလို႔ VOM ရဲ႕ ေမးျမန္းခ်က္အေပၚ ႏိုင္ငံေရးေလ့လာသံုးသပ္သူ စာေရးဆရာ ဦးေမာင္ေမာင္စိုးက သူ႔အျမင္ကို အခုလိုေျပာပါတယ္။

” ဟိုတေခါက္ကလည္း အသက္ႀကီးတဲ့ လူ၂ ေယာက္လြတ္ေပးလိုက္တယ္။ အခုလည္းတစ္ေယာက္လႊတ္ေပးလိုက္တယ္ဆိုေတာ့ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သတ္ၿပီး အဲ့ေလာက္ထိ ထိေရာက္မႈ႐ွိမယ္ မထင္ပါဘူး။ က်န္တဲ့လူေတြလည္း ဖမ္းထားတာပဲ။” လို႔ သံုးသပ္ပါတယ္။

ဆက္လက္ၿပီး ထုတ္ျပန္ခ်က္မွာ ႏွစ္ဖက္တိုက္ပြဲျဖစ္ပြားတဲ့ ေနရာမွာ ေအေအအေနနဲ႔ စစ္ဖက္နဲ႔သက္ဆိုင္တယ္လို႔ ယူဆရၿပီး ေအေအရဲ႕ စစ္ေရးလုွပ္႐ွားမႈေတြကို အေႏွာင့္အခ်က္ေပးတဲ့ သူေတြကို စစ္ေဆးတာ႐ွိေပမယ့္ စစ္ေဆးၿပီး အျပစ္မ႐ွိသူအမ်ားစုကို ျပန္လႊတ္ေပးတာျဖစ္ပါတယ္။

ေအေအက ျပန္လႊတ္ေပးတဲ့ စစ္ဖက္နဲ႔မသက္ဆိုင္သူေတြကို ျပန္လႊတ္ေပးတာ လြန္ခဲ့တဲ့ ၂၀၁၉ ခုႏွစ္က (၆၆) ဦး အထိ႐ွိခဲ့ၿပီး၊ ယခုရက္ပိုင္းအတြင္း ၁ ဦးအပါအဝင္း၊ လက္႐ွိ ၂၀၂၀ ခုႏွစ္အတြင္း (၄) ဦးနဲ႔ဆိုလ်ွင္ ျပန္လႊတ္ေပးသူ (၇၀) ေယာက္႐ွိေၾကာင္း ေအေအရဲ႕ ထုတ္ျပန္ခ်က္ စာရင္းအရ သိရပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလ အတြင္းကလည္း ခ်င္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို ျပန္လႊတ္ေပးခဲ့တာ႐ွိပါတယ္။

#voiceofmyanmar #VOM #ေအေအျပန္လႊတ္ေပး

Related posts

Leave a Comment

VOM News

FREE
VIEW