ပလက်ဝကို ဈေးရောင်းသွားတဲ့ ခရီးသည် ၆ ဦး ဖမ်းဆီးခံရ

ပလက်ဝကို ဈေးရောင်းသွားတဲ့ ခရီးသည် ၆ ဦး ဖမ်းဆီးခံရ

ကျောက်တော်၊ ဖေဖော်ဝါရီ ၂၉- ၂၀၂၀
ခိုင်လင်းစံ (VOM)

ကျောက်တော်ကနေ ပလက်ဝမြို့နယ်၊ နမဒါဈေးကို ဈေးရောင်းသွားချိန် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းက တင်းမကြီး တပ်မတော်စခန်းကနေ ဈေးသည် ၆ဦးကို ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေကပြောပါတယ်။

” မိသားစုတစ်ခုလုံး စိုးရိမ်ပြီး ငိုယိုနေကြပါတယ်။ သတင်းအစအနလည်း ဘာမှမရဘူး။ တအား ပူပန်ကြောင့်ကြ ရောက်နေပါတယ်။ အထက်လူကြီးတွေကို တောင်းဆိုချင်တာက ကျွန်မတို့ အမျိုးသားအပါအဝင် အခြားသူတွေကိုလည်း အပြစ်မရှိဘဲ ဖမ်းတာဆိုတော့ လွှတ်ပေးစေချင်ပါတယ်။ မိသားစုမှာက အိမ်ထောင်ဦးစီးက ဖမ်းဆီးခံရတာဆိုတော့ နေရေးထိုင်ရေး၊ စားရေးသောက်ရေး ကလေးတွေ ရဲ့ပညာရေးအတွက်ပါစိုးရိမ်တာကြောင့် ပြန်လည်လွှတ်ပေးစေလိုတယ်။ကျွန်မ အမျိုးသားက ဈေးရောင်းလာတာ နှစ်ပေါင်း ၂၀ ရှိပါပြီ။ အခုမှ ဒီလိုအဖမ်းခံရတာဆိုတော့ ဝမ်းနည်းရပါတယ်။ ” လို့ ရွှေပြည်ရွာက ဖမ်းဆီးခံရသူ ဦးထွန်းရွှေရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အဲ့ဒီ ၆ ယောက်ဟာ ကျောက်တော်မြို့နယ်နဲ့ မြို့ပေါ်ကဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ၆ယောက်အပြင် လူပေါင်း ၂၀ လောက်လည်းပါသွားတယ်လို့ သိရပါတယ်။

တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးခံရတဲ့ ခရီးသွားဈေးသည်တွေမှာ ရွှေပြည်ရွာက ဦးထွန်ရွှေ အသက်( ၅၇) နှစ် နဲ့ အသက် (၃၄) နှစ်အရွယ် ဦးသံချောင်း၊ ဦးအေးသိန်းမောင် အသက် (၄၀)နှစ် ကျောက်တော်မြို့၊ ဒိုးချောင်းဝကျေးရွာက အသက်(၄၂) နှစ်အရွယ် ဦးအောင်ကျော်ညွှန့်နဲ့ ဦးအောင်သန်းနု အသက် (၂၂)နှစ်၊ ဦးလဖြူချေ အသက် (၂၄)နှစ် ပြိုင်းတိုင်းကျေးရွားသား စတဲ့ ၆ ယောက်ဖြစ်ပါတယ်။

” အဲ့ဒီ ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်ပြီး မနေ့ကနေကြိုးစားတယ်။ အခြေအနေမကောင်းဘူး။ မလွှတ်လာနိုင်၊ ပြည်နယ် နယ်လုံဝန်ကြီးနဲ့ဆက်သွယ်ပြီး အကူအညီတောင်းတယ်။ အစကတော့ ပြောပေးမယ်လို့ ပြောတယ်။ နောက်ပိုင်း မလွှတ်နိုင်သေးတော့ ကျနော်ကိုယ်တိုင် ဆက်ဖို့မရနိုင်သေးဘူးလို့ ပြောတယ်။” လို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှကျော်က ပြောပါတယ်။

အခုလိုမျိုး ဖမ်းဆီးခံရတဲ့အပေါ် မိသားစုဝင်တွေအနေနဲ့ စိုးရိမ်မှုရှိနေပြီး အမြန်ဆုံးလွှတ်ပေးစေလိုတယ်လို့ မိသားစုဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ပလက်ဝကနေ ကျောက်တော်ကိုလာတဲ့ ခရီးသည်တင်စက်လှေကို တပ်မတော်က သေနတ်ပစ်ဖောက်တားစီးရာ ၄ ယောက်ဒဏ်ရာရပြီး၊ အမျိုးသားနှစ်ယောက် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရ ပုဂ္ဂိုလ်တွေကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုမှု မရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးအချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ အရပ်သားဖမ်းဆီးခံရမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အရင်ကထက်ပိုပြီး တိုးမြင့်လာတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ကျောက်တော် #တပ်မတော် #ဈေးသည်အဖမ်းခံရ

Zawgyi

ပလက္ဝကို ေစ်းေရာင္းသြားတဲ႔ ခရီးသည္ ၆ ဦး ဖမ္းဆီးခံရ

ေက်ာက္ေတာ္၊ ေဖေဖာ္ဝါရီ ၂၉- ၂၀၂၀
ခိုင္လင္းစံ (VOM)

ေက်ာက္ေတာ္ကေန ပလက္ဝၿမိဳ႕နယ္၊ နမဒါေစ်းကို ေစ်းေရာင္းသြားခ်ိန္ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔ မနက္ပိုင္းက တင္းမႀကီး တပ္မေတာ္စခန္းကေန ေစ်းသည္ ၆ဦးကို ဖမ္းဆီးသြားတယ္လုိ႔ ဖမ္းဆီးခံရတဲ့ မိသားစုဝင္ေတြကေျပာပါတယ္။

” မိသားစုတစ္ခုလံုး စိုးရိမ္ၿပီး ငိုယိုေနၾကပါတယ္။ သတင္းအစအနလည္း ဘာမွမရဘူး။ တအား ပူပန္ေၾကာင့္ၾက ေရာက္ေနပါတယ္။ အထက္လူႀကီးေတြကို ေတာင္းဆိုခ်င္တာက ကၽြန္မတို႔ အမ်ိဳးသားအပါအဝင္ အျခားသူေတြကိုလည္း အျပစ္မ႐ွိဘဲ ဖမ္းတာဆိုေတာ့ လႊတ္ေပးေစခ်င္ပါတယ္။ မိသားစုမွာက အိမ္ေထာင္ဦးစီးက ဖမ္းဆီးခံရတာဆိုေတာ့ ေနေရးထိုင္ေရး၊ စားေရးေသာက္ေရး ကေလးေတြ ရဲ႕ပညာေရးအတြက္ပါစိုးရိမ္တာေၾကာင့္ ျပန္လည္လႊတ္ေပးေစလိုတယ္။ကၽြန္မ အမ်ိဳးသားက ေစ်းေရာင္းလာတာ ႏွစ္ေပါင္း ၂၀ ႐ွိပါၿပီ။ အခုမွ ဒီလိုအဖမ္းခံရတာဆိုေတာ့ ဝမ္းနည္းရပါတယ္။ ” လို႔ ေရႊျပည္ရြာက ဖမ္းဆီးခံရသူ ဦးထြန္းေရႊရဲ႕ ဇနီးျဖစ္သူက ေျပာပါတယ္။

ဖမ္းဆီးခံရတဲ့ အဲ့ဒီ ၆ ေယာက္ဟာ ေက်ာက္ေတာ္ၿမိဳ႕နယ္နဲ႔ ၿမိဳ႕ေပၚကျဖစ္ၿပီး ဖမ္းဆီးခံရတဲ့ ၆ေယာက္အျပင္ လူေပါင္း ၂၀ ေလာက္လည္းပါသြားတယ္လုိ႔ သိရပါတယ္။

တပ္မေတာ္စစ္ေၾကာင္းရဲ႕ ဖမ္းဆီးခံရတဲ့ ခရီးသြားေစ်းသည္ေတြမွာ ေရႊျပည္ရြာက ဦးထြန္ေရႊ အသက္( ၅၇) ႏွစ္ နဲ႔ အသက္ (၃၄) ႏွစ္အရြယ္ ဦးသံေခ်ာင္း၊ ဦးေအးသိန္းေမာင္ အသက္ (၄၀)ႏွစ္ ေက်ာက္ေတာ္ၿမိဳ႕၊ ဒိုးေခ်ာင္းဝေက်းရြာက အသက္(၄၂) ႏွစ္အရြယ္ ဦးေအာင္ေက်ာ္ၫႊန္႔နဲ႔ ဦးေအာင္သန္းႏု အသက္ (၂၂)ႏွစ္၊ ဦးလျဖဴေခ် အသက္ (၂၄)ႏွစ္ ၿပိဳင္းတိုင္းေက်းရြားသား စတဲ့ ၆ ေယာက္ျဖစ္ပါတယ္။

” အဲ့ဒီ ဖမ္းဆီးခံရသူေတြနဲ႔ပတ္သက္ၿပီး မေန႔ကေနႀကိဳးစားတယ္။ အေျခအေနမေကာင္းဘူး။ မလႊတ္လာႏိုင္၊ ျပည္နယ္ နယ္လံုဝန္ႀကီးနဲ႔ဆက္သြယ္ၿပီး အကူအညီေတာင္းတယ္။ အစကေတာ့ ေျပာေပးမယ္လို႔ ေျပာတယ္။ ေနာက္ပိုင္း မလႊတ္ႏိုင္ေသးေတာ့ က်ေနာ္ကိုယ္တိုင္ ဆက္ဖို႔မရႏိုင္ေသးဘူးလို႔ ေျပာတယ္။” လုိ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္လွေက်ာ္က ေျပာပါတယ္။

အခုလိုမ်ိဳး ဖမ္းဆီးခံရတဲ့အေပၚ မိသားစုဝင္ေတြအေနနဲ႔ စိုးရိမ္မႈ႐ွိေနၿပီး အျမန္ဆံုးလႊတ္ေပးေစလိုတယ္လို႔ မိသားစုဝင္ေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

အလားတူ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔ကလည္း ပလက္ဝကေန ေက်ာက္ေတာ္ကိုလာတဲ့ ခရီးသည္တင္စက္ေလွကို တပ္မေတာ္က ေသနတ္ပစ္ေဖာက္တားစီးရာ ၄ ေယာက္ဒဏ္ရာရၿပီး၊ အမ်ိဳးသားႏွစ္ေယာက္ ဖမ္းဆီးခံရတယ္လို႔ သိရပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ေျပာခြင့္ရ ပုဂၢိဳလ္ေတြကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုမႈ မ႐ွိခဲ့ပါဘူး။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးအခ်ိန္ကာလ ၾကာျမင့္လာတာနဲ႔အမ်ွ အရပ္သားဖမ္းဆီးခံရမႈနဲ႔ ထိခိုက္ဒဏ္ရာရ႐ွိမႈ အရင္ကထက္ပိုၿပီး တိုးျမင့္လာတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ေက်ာက္ေတာ္ #တပ္မေတာ္ #ေစ်းသည္အဖမ္းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW