စစ်ကိုင်းက ကိုရိုနာဗိုင်းရပ်စ် သံသယရှိ စောင့်ကြည့်လူနာမှာ ဗိုင်းရပ်စ်ပိုးမတွေ့

#voiceofmyanmar #VOM #စစ္ကိုုင္း #ကိုုရိုုနာ

စစ်ကိုင်းက ကိုရိုနာဗိုင်းရပ်စ် သံသယရှိ စောင့်ကြည့်လူနာမှာ ဗိုင်းရပ်စ်ပိုးမတွေ့

စစ်ကိုင်း ၊ မတ် – ၅-၂၀၂၀
မောင်တာရာ (VOM)

ကိုရိုနာ ဗိုင်းရပ်စ် သံသယ လက္ခဏာတွေကြောင့် မန္တလေးမြို့၊ ကန်တော်နဒီ ဆေးရုံကို ပို့ဆောင်ပြီး စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ကာ ကုသနေတဲ့ စစ်ကိုင်းမြို့နယ်က အသက် ၂၄ နှစ် အရွယ် အမျိုးသားတစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး မတွေ့ရှိခဲ့ဘူးလို့ စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးဌာနကသိရပါတယ်

ဓါတ်ခွဲနမူနာရယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)ကို ပေးပို့စစ်ဆေးရာမှာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး မတွေ့ရှိတဲ့အကြောင်း စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးဌာနက ဒုခရိုင်ဦးမှူး ဒေါက်တာခိုင်ခင်ထားက ပြောပါတယ်။

”မန္တလေး ကန်တော်နဒီဆေးရုံမှာ စစ်ကိုင်းမြို့နယ်၊ ကျေးရွာတစ်ရွာမှာ ရှိတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး ကိုရိုနာဗိုင်ရပ်စ် သံယနာလူနာအဖြစ် သီးခြားခွဲထားတယ်လို့ အကြောင်းကြားလာပါတယ်။ အကြောင်းကြားလာတော့ မတ် ၃ ရက်နေ့မှာ အဖွဲ့ခေါင်ဆောင် ဆရာဝန်နှစ်ယောက်နဲ့ကွင်းဆင်းအဖွဲ့က သက်ဆိုင်ရာ ကျေးရွာကို ကွင်းဆင်းပြီးတော့ ရောဂါစောင့်ကြည့်ရေးလုပ်ပါတယ်။ အဲဒီကာလမှာ စောင့်ကြည့်လူနာအနေနဲ့ ဝန်ကြီးဌာနက တော့ မထုတ်ပြန်ထားသေးပါဘူး၊ကျွန်မတို့ စောင့်ကြည့်တဲ့ အတောအတွင်းမှာ မလိုလားအပ်တဲ့ ကောလဟာလ တွေနဲ့ လူထုလည်း မလန့်အောင် ၊ တကယ်လို့ ဖြစ်ခဲ့သည်ဆိုခဲ့ရင်လည်း ရောဂါမပြန့်အောင် ကျွန်မတို့ ကြားထဲမှာ ကြားချပြီး ဆောင်ရွက်ရပါတယ်။မတ်လ ၃ ရက်နေ့ညမှာပဲ ဝန်ကြီးဌာနရဲ့ ဝက်ဆိုက်ကနေ စောင့်ကြည့်လူနာအဖြစ် တရားဝင်ကြော်ငြာပါတယ်၊ မတ်လ ၄ ရက်နေ့ ည ၉ နာရီကျော်အချိန်မှာတော့ ဝန်ကြီးဌာနရဲ့ ဝက်ဆိုက်မှာပဲ အဲဒီအမျိုးသားမှာ ရောဂါပိုး မရှိဘူးဆိုတဲ့ ကြော်ငြာပေးပါတယ်’ ပြောပါတယ်။

စစ်ကိုင်းမြို့နယ်အတွင်းက ကျေးရွာတရွာက အသက် ၂၄ နှစ် အရွယ် အမျိုးသားတစ်ဦးဟာ မတ်လ ၁ ရက်နေ့ စစ်ကိုင်းပြည်သူ့ ဆေးရုံကြီးကို တက်ရောက်ဆေးကုသခံယူပြီး အဲဒီကနေ တစ်ဆင့် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးကို တက်ရောက်ကုသခဲ့ပါတယ်။

မတ်လ ၂ ရက်နေ့မှာတော့ ကိုရိုနာ သံသယ လက္ခဏာတွေ့တဲ့အတွက် မန္တလေးမြို့၊ ကန်တော်နဒီ ဆေးရုံသို့ ပို့ဆောင်ပြီး စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ကာ ကုသမှုပေးခဲ့ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် သံသယရှိ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ စစ်ကိုင်းမြို့နယ်က အသက် ၂၄ နှစ် အရွယ် အမျိုးသားတစ်ဦးဟာ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကို တက်ရောက်ကုသသွားတဲ့ အတွက် အဲဒီ အမျိုးသားနဲ့ ထိတွေ့ခဲ့တဲ့ ဆေးရုံဝန်ထမ်း ၁၄ ဦးကိုလည်း မတ်လ ၄ ရက်နေ့မှာ တာဝန်တွေကနေ ခေတ္တအနားပေးခဲ့ပါတယ်။

ခေတ္တ အနားပေးထားတဲ့ ဆေးရုံဝန်ထမ်းတွေ အနေနဲ့ အနားယူနေစဉ်အတွင်းမှာ အိမ်အပြင်မထွက်ဖို့ နဲ့ နှာခေါင်းစည်း တပ်ဆင်ဖို့၊ကျန်းမာရေးထူးခြားလာပါက မိခင်ဋ္ဌာနကို ချက်ချင်းအသိပေးဖို့ ဆေးရုံကနေ အကြောင်းကြားထားခဲ့ပါတယ်။

”သံသယသတ်မှတ်တယ်ဆိုတာနဲ့ သူနဲ့ ထိတွေတဲ့ သူ့မိသားစုဝင်တွေ၊ဆေးရုံတက်သွားတာဖြစ်တဲ့ အတွက် ဆေးရုံကလည်း သူကို စမ်းသပ်ခဲ့တဲ့ ဆရာဝန်တွေကို သံသယအဆင့်မှာ ခေတ္တအနားပေးထားတာပါ။ ပြီးရင် သူတက်ခဲ့တဲ့ ကုတင်တို့ ဘာတို့ ပိုးသတ်တာတွေ လုပ်တယ်။ အခု အဲသံသယလူနာက negative ဖြစ်သွားတဲ့ အတွက် ဘာမှ မဖြစ်တော့ဘူး လုပ်ငန်းခွင်လည်း ပြန်ဝင်ရမှာပါ’ ဟု ဒေါက်တာခိုင်ခင်ထားက ပြောပါတယ်။

လက်ရှိမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နဲ့ အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၇၃) နိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင် ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ကိုရိုနာ

zawgyi

စစ္ကိုင္းက ကိုရိုနာဗိုင္းရပ္စ္ သံသယရွိ ေစာင့္ႀကည့္လူနာမွာ ဗိုင္းရပ္စ္ပုိးမေတြ႕

စစ္ကုိင္း ၊ မတ္ – ၅-၂၀၂၀
ေမာင္တာရာ (VOM)

ကိုရိုနာ ဗိုင္းရပ္စ္ သံသယ လကၡဏာေတြေႀကာင့္ မႏၲေလးၿမိဳ့၊ ကန္ေတာ္နဒီ ေဆး႐ုံကုိ ပို့ေဆာင္ၿပီး ေစာင့္ၾကည့္လူနာ အျဖစ္ သတ္မွတ္ကာ ကုသေနတဲ့ စစ္ကုိင္းၿမဳိ႕နယ္က အသက္ ၂၄ ႏွစ္ အရြယ္ အမ်ဳိးသားတစ္ဦးမွာ ကိုရိုနာ ဗိုင္းရပ္စ္ေရာဂါပိုး မေတြ႕ရွိခဲ့ဘူးလုိ႔ စစ္ကုိင္းခရုိင္ ၿပည္သူ႔က်န္းမာေရးဦးဌာနကသိရပါတယ္

ဓါတ္ခြဲနမူနာရယူၿပီး အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမွုဆိုင္ရာဌာန (ရန္ကုန္)ကုိ ေပးပို့စစ္ေဆးရာမွာ ကိုရိုနာ ဗိုင္းရပ္စ္ေရာဂါပိုး မေတြ႕ရွိတဲ႕အေၾကာင္း စစ္ကုိင္းခရုိင္ ၿပည္သူ႔က်န္းမာေရးဦးဌာနက ဒုခရုိင္ဦးမွဴး ေဒါက္တာခုိင္ခင္ထားက ေျပာပါတယ္။

”မႏၲေလး ကန္ေတာ္နဒီေဆးရုံမွာ စစ္ကုိင္းၿမဳိ႕နယ္၊ ေက်းရြာတစ္ရြာမွာ ရွိတဲ့ အသက္ ၂၄ ႏွစ္အရြယ္ အမ်ုိးသားတစ္ဦး ကုိရုိနာဗုိင္ရပ္စ္ သံယနာလူနာအၿဖစ္ သီးၿခားခြဲထားတယ္လုိ႔ အေႀကာင္းႀကားလာပါတယ္။ အေႀကာင္းႀကားလာေတာ့ မတ္ ၃ ရက္ေန႕မွာ အဖြဲ႕ေခါင္ေဆာင္ ဆရာဝန္ႏွစ္ေယာက္နဲ႕ကြင္းဆင္းအဖြဲ႕က သက္ဆုိင္ရာ ေက်းရြာကုိ ကြင္းဆင္းၿပီးေတာ့ ေရာဂါေစာင့္ႀကည့္ေရးလုပ္ပါတယ္။ အဲဒီကာလမွာ ေစာင့္ႀကည့္လူနာအေနနဲ႕ ဝန္ႀကီးဌာနက ေတာ့ မထုတ္ျပန္ထားေသးပါဘူး၊ကြ်န္မတုိ႔ ေစာင့္ႀကည့္တဲ့ အေတာအတြင္းမွာ မလုိလားအပ္တဲ့ ေကာလဟာလ ေတြနဲ႕ လူထုလည္း မလန္႕ေအာင္ ၊ တကယ္လုိ႔ ၿဖစ္ခဲ့သည္ဆုိခဲ့ရင္လည္း ေရာဂါမျပန္႔ေအာင္ ကြ်န္မတုိ႕ ႀကားထဲမွာ ႀကားခ်ၿပီး ေဆာင္ရြက္ရပါတယ္။မတ္လ ၃ ရက္ေန႕ညမွာပဲ ဝန္ႀကီးဌာနရဲ႕ ဝက္ဆုိက္ကေန ေစာင့္ႀကည့္လူနာအၿဖစ္ တရားဝင္ေႀကာ္ျငာပါတယ္၊ မတ္လ ၄ ရက္ေန႕ ည ၉ နာရီေက်ာ္အခ်ိန္မွာေတာ့ ဝန္ႀကီးဌာနရဲ႕ ဝက္ဆုိက္မွာပဲ အဲဒီအမ်ဳိးသားမွာ ေရာဂါပုိး မရွိဘူးဆုိတဲ့ ေႀကာ္ျငာေပးပါတယ္’ ေျပာပါတယ္။

စစ္ကုိင္းၿမဳိ႕နယ္အတြင္းက ေက်းရြာတရြာက အသက္ ၂၄ ႏွစ္ အရြယ္ အမ်ဳိးသားတစ္ဦးဟာ မတ္လ ၁ ရက္ေန႕ စစ္ကုိင္းၿပည္သူ႕ ေဆးရုံႀကီးကုိ တက္ေရာက္ေဆးကုသခံယူၿပီး အဲဒီကေန တစ္ဆင့္ မႏၲေလး အေထြေထြေရာဂါကုေဆး႐ုံႀကီးကုိ တက္ေရာက္ကုသခဲ့ပါတယ္။

မတ္လ ၂ ရက္ေန႔မွာေတာ့ ကိုရိုနာ သံသယ လကၡဏာေတြ႕တဲ့အတြက္ မႏၲေလးၿမိဳ့၊ ကန္ေတာ္နဒီ ေဆး႐ုံသို့ ပို့ေဆာင္ၿပီး ေစာင့္ၾကည့္လူနာ အျဖစ္ သတ္မွတ္ကာ ကုသမွုေပးခဲ့ပါတယ္။

ကိုရိုနာ ဗိုင္းရပ္စ္ သံသယရွိ ေစာင့္ႀကည့္လူနာအၿဖစ္ သတ္မွတ္ခံခဲ့ရတဲ့ စစ္ကုိင္းၿမဳိ႕နယ္က အသက္ ၂၄ ႏွစ္ အရြယ္ အမ်ဳိးသားတစ္ဦးဟာ စစ္ကုိင္းၿမဳိ႕ ၿပည္သူ႕ေဆးရုံကုိ တက္ေရာက္ကုသသြားတဲ့ အတြက္ အဲဒီ အမ်ဳိးသားနဲ႕ ထိေတြ႕ခဲ့တဲ့ ေဆးရုံဝန္ထမ္း ၁၄ ဦးကုိလည္း မတ္လ ၄ ရက္ေန႕မွာ တာဝန္ေတြကေန ေခတၲအနားေပးခဲ့ပါတယ္။

ေခတၲ အနားေပးထားတဲ့ ေဆးရုံဝန္ထမ္းေတြ အေနနဲ႕ အနားယူေနစဥ္အတြင္းမွာ အိမ္အၿပင္မထြက္ဖုိ႕ နဲ႕ ႏွာေခါင္းစည္း တပ္ဆင္ဖုိ႔၊က်န္းမာေရးထူးၿခားလာပါက မိခင္႒ာနကုိ ခ်က္ခ်င္းအသိေပးဖုိ႔ ေဆးရုံကေန အေႀကာင္းႀကားထားခဲ့ပါတယ္။

”သံသယသတ္မွတ္တယ္ဆုိတာနဲ႕ သူနဲ႕ ထိေတြတဲ့ သူ့မိသားစုဝင္ေတြ၊ေဆးရုံတက္သြားတာၿဖစ္တဲ့ အတြက္ ေဆးရုံကလည္း သူကုိ စမ္းသပ္ခဲ့တဲ့ ဆရာဝန္ေတြကုိ သံသယအဆင့္မွာ ေခတၲအနားေပးထားတာပါ။ ျပီးရင္ သူတက္ခဲ့တဲ့ ကုတင္တုိ႕ ဘာတုိ႕ ပုိးသတ္တာေတြ လုပ္တယ္။ အခု အဲသံသယလူနာက negative ျဖစ္သြားတဲ့ အတြက္ ဘာမွ မျဖစ္ေတာ့ဘူး လုပ္ငန္းခြင္လည္း ျပန္ဝင္ရမွာပါ’ ဟု ေဒါက္တာခုိင္ခင္ထားက ေျပာပါတယ္။

လက္ရွိမွာ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံ နဲ႕ အိမ္နီးခ်င္းနိုင္ငံအခ်ိဳ့ အပါအဝင္ ကမၻာ့နိုင္ငံ (၇၃) နိုင္ငံမွာ COVID-19 ေရာဂါ ကူးစက္ျဖစ္ပြားလ်က္ရွိပါတယ္။ ၿမန္မာနိုင္ငံမွာေတာ့ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ မေတြ႕ရွိေသးေသာ္လည္း ေရာဂါေစာင့္ၾကပ္ၾကည့္ရွုျခင္းလုပ္ငန္းေတြကို အရွိန္အဟုန္ျမႇင့္ ေဆာင္ ရြက္ေနတယ္လုိ႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

#voiceofmyanmar #VOM #စစ္ကိုုင္း #ကိုုရိုုနာ

Related posts

Leave a Comment

VOM News

FREE
VIEW