ဗုဒ္ဓဂါယာ ဘုရားဖူး ခရီးစဉ်များ ရပ်ဆိုင်းထားရန် အရေးပေါ်ကြေငြာ

ဗုဒ္ဓဂါယာ ဘုရားဖူး ခရီးစဉ်များ ရပ်ဆိုင်းထားရန် အရေးပေါ်ကြေငြာ

မတ် ၁၂၊ ၂၀၂၀
VOM

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားမယ့် ခရီးစဉ်တွေကို မနက်ဖန် မတ်လ ၁၃ ရက်နေ့ကနေ စပြီး လာမယ့် ဧပြီလ ၁၅ ရက်နေ့ အထိ ရပ်ဆိုင်းဖို့ ဘုရားဖူး အဖွဲ့တွေကို ညွှန်ကြားထားတယ်လို့ ဗုဒ္ဓဂါယာ ဘုရားဖူး လုပ်ငန်း ကော်မတီက အရေးပေါ် ကြေငြာလိုက်ပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ရောဂါဟာ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေငြာလိုက်တာနဲ့ မရှေးမနှောင်းမှာပဲ အိန္ဒိယနိုင်ငံက သူ့နိုင်ငံတွင်းကို ဝင်ရောက်မယ့် ကမ္ဘာ့လှည့်ခရီးသွားတွေကို ကန့်သတ်ချက် ထုတ်ပြန်လိုက်တာကြောင့် အခုလို အရေးပေါ် ညွှန်ကြားရတာဖြစ်တယ်လို့ သာသနာရေး ဝန်ကြီးဌာနရဲ့ ဗုဒ္ဓဂါယာ ဘုရားဖူး လုပ်ငန်း ကော်မတီက VOM ကို ပြောပါတယ်။

အိန္ဒိယနိုင်ငံအစိုးရက နိုင်ငံတွင်း လာမယ့် ခရီးသွားတွေအတွက် ဆိုက်ရောက်ဗီဇာ၊ ခရီးသွားဗီဇာ၊ စီးပွားရေး လုပ်ငန်း ဗီဇာ ထုတ်ပေးတာတွေကိုပါ တလတာ ရပ်ဆိုင်းကြောင်း၊ နယ်စပ် ဝင်ပေါက် ထွက်ပေါက်တွေကိုလည်း မတ်လ ၁၃ ရက်နေ့ကနေ စပြီး ပိတ်မှာ ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေတဲ့ နိုင်ငံတွေကနေ လာတဲ့ အိန္ဒိယ နိုင်ငံသားတွေအပါအဝင် ခရီးသွားတွေကို ၁၄ ရက်တာ ရောဂါခြေချုပ်နဲ့ ထားမှာဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသားတွေ အနေနဲ့ မလိုအပ်ပဲ နိုင်ငံပြင်ပ အပါအဝင် ခရီးသွားတာတွေကို မလုပ်ဖို့ စတာတွေကို မတ်လ ၁၁ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံကို လာမယ့်သူတွေ အနေနဲ့ လိုအပ်ရင် ၁၄ ရက်တာ ရောဂါ ခြေချုပ်နဲ့ ထားပြီးလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရမှု မရှိဘူးဆိုတာ ခိုင်လုံမှသာ နိုင်ငံအတွင်း သွားလာခွင့် ပြုမယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားမယ့် ခရီးစဉ်တွေကို ဧပြီ ၁၅ ရက်နေ့ အထိ ရပ်ဆိုင်းထားဖို့၊ အိန္ဒိယ နိုင်ငံကနေ နီပေါနိုင်ငံကို နယ်စပ်ဂိတ်ကနေ ထွက်သွားသူတွေဟာ ဒီနေ့ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး အိန္ဒိယ နိုင်ငံကို ပြန်လာဖို့ အရေးပေါ် အကြောင်းကြားထားတယ်လို့ ဗုဒ္ဓဂါယာ ဘုရားဖူး လုပ်ငန်း ကော်မတီက ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံထဲ ရောက်နှင့်ပြီးနေတဲ့ မြန်မာဘုရားဖူး အဖွဲ့တွေကို အမြန်ဆုံး ပြန်ခေါ်နိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးတာတွေ လုပ်သွားမယ်လို့လည်း ပြောပါတယ်။

“မသွားရသေးတဲ့ အဖွဲ့တွေက ခရီးစဉ်တွေ အကုန်ဖျက်ရပါမယ်။ ရောက်နှင့်ပြီးသူတွေကို ပြန်ခေါ်နိုင်ဖို့ကိုလည်း ခရီးသွားအဖွဲ့တွေ၊ လေကြောင်းလိုင်းတွေနဲ့ ညှိနှိုင်းပြီး လုပ်သင့်လုပ်ထိုက်တာတွေ လုပ်သွားပါမယ်။ မနက်ဖြန်ကို ညှိနှိုင်းဖို့ စည်းဝေး ခေါ်ထားပါတယ်။ စည်းဝေးပြီးတာနဲ့ ဘာတွေ လုပ်မယ်ဆိုတာ ထပ်ပြီး ထုတ်ပြန်ကြေငြာပေးပါမယ်” လို့ ကော်မတီက VOM ကို ပြောပါတယ်။

အခု ကာလဟာ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားကြသူ အများဆုံး ကာလဖြစ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့ကူးစက်မှုကို ထိန်းချုပ်ဖို့ အိန္ဒိယက ခရီးသွား ကန့်သတ်လိုက်တဲ့နောက် ခရီးစဉ်ပေါင်း ဒါဇင်ချီ ဖျက်သိမ်းရပ်ဆိုင်းလိုက်ရတယ်လို့ သိရပါတယ္။

 

Photo – Pinterest

#VoiceOfMyanmar #VOM #CoronavirusImpact
#TraveltoIndia
#ဗုဒ္ဓဂါယာ #အိန္ဒိယ #ကိုရိုနာဗိုင်းရပ်စ်

……………

zawgyi

 

ဗုဒၶဂါယာ ဘုရားဖူး ခရီးစဥ္မ်ား ရပ္ဆိုင္းထားရန္ အေရးေပၚေၾကျငာ

မတ္ ၁၂၊ ၂၀၂၀
VOM

အိႏၵိယႏိုင္ငံ ဗုဒၶဂါယာကို ဘုရားဖူးသြားမယ့္ ခရီးစဥ္ေတြကို မနက္ဖန္ မတ္လ ၁၃ ရက္ေန႔ကေန စျပီး လာမယ့္ ဧျပီလ ၁၅ ရက္ေန႔ အထိ ရပ္ဆိုင္းဖို႔ ဘုရားဖူး အဖြဲ႔ေတြကို ညႊန္ၾကားထားတယ္လို႔ ဗုဒၶဂါယာ ဘုရားဖူး လုပ္ငန္း ေကာ္မတီက အေရးေပၚ ေၾကျငာလိုက္ပါတယ္။

ကမၻာ့ က်န္းမာေရး အဖြဲ႔က ကိုရိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ ျဖစ္တဲ့ ေရာဂါဟာ ကူးစက္ျမန္ ကမၻာ့ကပ္ေရာဂါအျဖစ္ ေၾကျငာလိုက္တာနဲ႔ မေရွးမေႏွာင္းမွာပဲ အိႏၵိယႏိုင္ငံက သူ႔ႏိုင္ငံတြင္းကို ဝင္ေရာက္မယ့္ ကမၻာ့လွည့္ခရီးသြားေတြကို ကန္႔သတ္ခ်က္ ထုတ္ျပန္လိုက္တာေၾကာင့္ အခုလို အေရးေပၚ ညႊန္ၾကားရတာျဖစ္တယ္လို႔ သာသနာေရး ဝန္ၾကီးဌာနရဲ႔ ဗုဒၶဂါယာ ဘုရားဖူး လုပ္ငန္း ေကာ္မတီက VOM ကို ေျပာပါတယ္။

အိႏၵိယႏုိင္ငံအစိုးရက ႏိုင္ငံတြင္း လာမယ့္ ခရီးသြားေတြအတြက္ ဆိုက္ေရာက္ဗီဇာ၊ ခရီးသြားဗီဇာ၊ စီးပြားေရး လုပ္ငန္း ဗီဇာ ထုတ္ေပးတာေတြကိုပါ တလတာ ရပ္ဆိုင္းေၾကာင္း၊ နယ္စပ္ ဝင္ေပါက္ ထြက္ေပါက္ေတြကိုလည္း မတ္လ ၁၃ ရက္ေန႔ကေန စျပီး ပိတ္မွာ ျဖစ္ေၾကာင္း၊ ကိုရိုနာဗိုင္းရပ္စ္ ျပန္႔ပြားေနတဲ့ ႏိုင္ငံေတြကေန လာတဲ့ အိႏၵိယ ႏိုင္ငံသားေတြအပါအဝင္ ခရီးသြားေတြကို ၁၄ ရက္တာ ေရာဂါေျခခ်ဳပ္နဲ႔ ထားမွာျဖစ္ေၾကာင္း၊ အိႏၵိယႏုိင္ငံသားေတြ အေနနဲ႔ မလိုအပ္ပဲ ႏိုင္ငံျပင္ပ အပါအဝင္ ခရီးသြားတာေတြကို မလုပ္ဖို႔ စတာေတြကို မတ္လ ၁၁ ရက္ေန႔မွာ ေၾကျငာခဲ့ပါတယ္။

ဒါ့အျပင္ အိႏၵိယႏိုင္ငံကို လာမယ့္သူေတြ အေနနဲ႔ လိုအပ္ရင္ ၁၄ ရက္တာ ေရာဂါ ေျခခ်ဳပ္နဲ႔ ထားျပီးလို႔ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရမႈ မရွိဘူးဆိုတာ ခိုင္လံုမွသာ ႏိုင္ငံအတြင္း သြားလာခြင့္ ျပဳမယ္လို႔ ဆိုထားပါတယ္။

ဒါေၾကာင့္ ျမန္မာႏုိင္ငံကေန အိႏၵိယႏိုင္ငံ ဗုဒၶဂါယာကို ဘုရားဖူးသြားမယ့္ ခရီးစဥ္ေတြကို ဧျပီ ၁၅ ရက္ေန႔ အထိ ရပ္ဆိုင္းထားဖို႔၊ အိႏၵိယ ႏိုင္ငံကေန နီေပါႏိုင္ငံကို နယ္စပ္ဂိတ္ကေန ထြက္သြားသူေတြဟာ ဒီေန႔ ၁၂ ရက္ေန႔ ေနာက္ဆံုးထားျပီး အိႏၵိယ ႏုိင္ငံကို ျပန္လာဖို႔ အေရးေပၚ အေၾကာင္းၾကားထားတယ္လို႔ ဗုဒၶဂါယာ ဘုရားဖူး လုပ္ငန္း ေကာ္မတီက ေျပာပါတယ္။

ဒါ့အျပင္ အိႏၵိယႏုိင္ငံထဲ ေရာက္ႏွင့္ျပီးေနတဲ့ ျမန္မာဘုရားဖူး အဖြဲ႔ေတြကို အျမန္ဆံုး ျပန္ေခၚႏုိင္ဖို႔အတြက္ ညိွႏႈိင္းေဆြးေႏြးတာေတြ လုပ္သြားမယ္လို႔လည္း ေျပာပါတယ္။

“မသြားရေသးတဲ့ အဖြဲ႔ေတြက ခရီးစဥ္ေတြ အကုန္ဖ်က္ရပါမယ္။ ေရာက္ႏွင့္ျပီးသူေတြကို ျပန္ေခၚႏိုင္ဖို႔ကိုလည္း ခရီးသြားအဖြဲ႔ေတြ၊ ေလေၾကာင္းလိုင္းေတြနဲ႔ ညွိႏႈိင္းျပီး လုပ္သင့္လုပ္ထိုက္တာေတြ လုပ္သြားပါမယ္။ မနက္ျဖန္ကို ညိွႏိႈင္းဖို႔ စည္းေဝး ေခၚထားပါတယ္။ စည္းေဝးျပီးတာနဲ႔ ဘာေတြ လုပ္မယ္ဆိုတာ ထပ္ျပီး ထုတ္ျပန္ေၾကျငာေပးပါမယ္” လို႔ ေကာ္မတီက VOM ကို ေျပာပါတယ္။

အခု ကာလဟာ ဗုဒၶဂါယာကို ဘုရားဖူးသြားၾကသူ အမ်ားဆံုး ကာလျဖစ္ျပီး၊ ကိုရိုနာဗိုင္းရပ္စ္ ျပန္႔ႏွံ႕ကူးစက္မႈကို ထိန္းခ်ဳပ္ဖို႔ အိႏၵိယက ခရီးသြား ကန္႔သတ္္လိုက္တဲ့ေနာက္ ခရီးစဥ္ေပါင္း ဒါဇင္ခ်ီ ဖ်က္သိမ္းရပ္ဆုိင္းလိုက္ရတယ္လို႔ သိရပါတယ္။

#VoiceOfMyanmar #VOM #CoronavirusImpact
#TraveltoIndia
#ဗုဒၶဂါယာ #အိႏၵိယ #ကိုရိုနာဗိုင္းရပ္စ္

Related posts

Leave a Comment

VOM News

FREE
VIEW