မန္တလေးခရိုင်အတွင်းက ရုပ်ရှင်ရုံတွေကို ယာယီရပ်နား

မန္တလေးခရိုင်အတွင်းက ရုပ်ရှင်ရုံတွေကို ယာယီရပ်နား

မန္တလေး၊ မတ် ၁၆-၂၀၂၀
ဖြူဖြူ (VOM)

COVID 19 ရောဂါကူးစက်ပျံ့နှံ့မှုတွေကြောင့် ရုပ်ရှင်ရုံတွေကို ဒီနေ့ မတ်လ ၁၆ ရက်ကစပြီး ယာယီရပ်နားထားဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ ပြည်တွင်းရုပ်ရှင်ရုံတွေကို ညွှန်ကြားလိုက်ပြီလို့ သိရပါတယ်။

“အသေးစိတ်ကတော့ မသိသေးဘူး။ သက်ဆိုင်ရာက ကျနော်တို့ကို ဒီနေ့ ၁၂ နာရီကစပြီးတော့ ရုပ်ရှင်ပြသမှုရပ်စဲပါဆိုလို့ ရပ်စဲလိုက်တာပဲဗျ။လက်ရှိမှာတာ့ ကြိုတင်လက်မှတ်ဖြတ်ထားသူတွေကို ငွေပြန်အမ်းတာတွေလုပ်ဆောင်နေပြီ” လို့ ဝင်းလိုက်ရုပ်ရှင်ရုံမန်နေဂျာ ဦးဝင်းကပြောပါတယ်။

မန္တလေးခရိုင်အတွင်းမှာ ရုပ်ရှင်ရုံ ၁၀ ခုကျော်ရှိတယ်လို့ သိရပြီး ရုပ်ရှင်ရုံတွေပြန်ဖွင့်မယ့်အချိန်ကိုတော့ အချိန်ကာလသတ်မှတ်တာမျိုး ညွှန်ကြားမှုမရောက်ရှိသေးဘူးလို့လည်း သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOကနေ COVID 19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် မတ်လ ၁၁ ရက်ကကြေညာခဲ့ပြီးနောက် နိုင်ငံတော်သမ္မတရုံးကလည်း သင်္ကြန်အပါအဝင် လူစုလူဝေးဖြစ်စေမယ့် အခမ်းအနား၊ ပွဲလမ်းသဘင်တွေကို ဧပြီ ၃၀ ရက်အထိ ရပ်ဆိုင်းဖို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

#VOM #voiceofmyanamar #မန္တလေး #ကိုရိုနာ #ရုပ်ရှင်ရုံ #ယာယီရပ်နား

Zawgyi

မႏၱေလးခရိုင္အတြင္းက ရုပ္ရွင္ရံုေတြကို ယာယီရပ္နား

မႏၲေလး၊ မတ္ ၁၆-၂၀၂၀
ျဖဴျဖဴ (VOM)

COVID 19 ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈေတြေၾကာင့္ ႐ုပ္ရွင္႐ုံေတြကို ဒီေန႔ မတ္လ ၁၆ ရက္ကစၿပီး ယာယီရပ္နားထားဖို႔ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးကေန ျပည္တြင္း႐ုပ္ရွင္႐ုံေတြကို ၫႊန္ၾကားလိုက္ၿပီလို႔ သိရပါတယ္။

“အေသးစိတ္ကေတာ့ မသိေသးဘူး။ သက္ဆိုင္ရာက က်ေနာ္တို႔ကို ဒီေန႔ ၁၂ နာရီကစၿပီးေတာ့ ႐ုပ္ရွင္ျပသမႈရပ္စဲပါဆိုလို႔ ရပ္စဲလိုက္တာပဲဗ်။လက္ရွိမွာတာ့ ႀကိဳတင္လက္မွတ္ျဖတ္ထားသူေတြကို ေငြျပန္အမ္းတာေတြလုပ္ေဆာင္ေနၿပီ” လို႔ ဝင္းလိုက္႐ုပ္ရွင္႐ုံမန္ေနဂ်ာ ဦးဝင္းကေျပာပါတယ္။

မႏၲေလးခ႐ိုင္အတြင္းမွာ ႐ုပ္ရွင္႐ုံ ၁၀ ခုေက်ာ္ရွိတယ္လို႔ သိရၿပီး ရုပ္ရွင္ရံုေတြျပန္ဖြင့္မယ့္အခ်ိန္ကိုေတာ့ အခ်ိန္ကာလသတ္မွတ္တာမ်ိဳး ၫႊန္ၾကားမႈမေရာက္ရွိေသးဘူးလို႔လည္း သိရပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHOကေန COVID 19 ေရာဂါကို ကမာၻ႔ကပ္ေရာဂါ (Pandemic) အျဖစ္ မတ္လ ၁၁ ရက္ကေၾကညာခဲ့ၿပီးေနာက္ ႏိုင္ငံေတာ္သမၼတ႐ုံးကလည္း သၾကၤန္အပါအဝင္ လူစုလူေဝးျဖစ္ေစမယ့္ အခမ္းအနား၊ ပြဲလမ္းသဘင္ေတြကို ဧၿပီ ၃၀ ရက္အထိ ရပ္ဆိုင္းဖို႔ ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

#VOM #voiceofmyanamar #မႏၱေလး #ကိုရိုနာ #ရုပ္ရွင္ရံု #ယာယီရပ္နား

Related posts

Leave a Comment

VOM News

FREE
VIEW