စစ်ကိုင်းမြို့နယ်မှာ COVID -19 စောင့်ကြည်လူနာ လေးဦးတွေ့ရှိ

စစ်ကိုင်းမြို့နယ်မှာ COVID -19 စောင့်ကြည်လူနာ လေးဦးတွေ့ရှိ

စစ်ကိုင်း၊ မတ် ၁၈-၂၀၂၀
မောင်တာရာ (VOM)

စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာနဲ့ ငါ့တရော်ကျေးရွာတို့မှာ COVID -19 စောင့်ကြည်လူနာလေးဦးကို တွေ့ရှိထားတယ်လို့ စစ်ကိုင်းမြို့၊ကုတင် ၂၀၀ ဆံ ပြည်သူ့ ဆေးရုံကြီးကနေ သိရပါတယ်။

စစ်ကိုင်းမြို့နယ်၊ရွာသစ်ကြီးကျေးရွာမှာ အသက် ၂၈ ရွယ် အမျိုးသားတစ်ဦး နဲ့ ၎င်း ဇနီးဖြစ်သူ အသက် ၂၈ ရွယ် အမျိုးသမီးတစ်ဦး တို့ဖြစ်ပြီး၊ ငါ့တရော် ကျေးရွာမှာ အသက် ၁၉ နှစ်အရွယ် အမျိုးသမီး တစ်ဦးနဲ့ ၎င်းရဲ့ ခင်ပွန်းဖြစ်သူ အသက် ၁၉ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ပဲ ဖြစ်ပါတယ်။

”ကျွန်မဆီကို ဒီမနက်ပဲ report ရောက်လာပါတယ် ၊ထိုင်းနိုင်ငံကနေ ပြန်လာတာ ယောကျာ်းလေးနှစ်ယောက်၊ မိန်းကလေးနှစ်ယောက် ကျွန်မတို့က ခရီးသွားရာဇဝင်ရှိ၊ ဂိုက်လိုင်းအရဆို Home quarantine ခေါ်တဲ့ အိမ်မှာပဲစောင့်ကြည့်တာပေါ့ နိုင်ငံခြားကပြန်လာတဲ့ ရာဇဝင်ရှိတာပါ။ ဖျားနာခြင်းမရှိပါဘူး နိုင်ငံခြားကပြန်လာတဲ့ ရာဇဝင်ရှိရင်ကို သူတို့ရဲ့အိမ်မှာပဲ စောင့်ကြည့်လူနာအဖြစ် ၁၄ ရက် အပြင်မထွက်ခိုင်းဘူး၊ ဘယ်မှမသွားခိုင်းဘူး၊ သူတို့အိမ်မှာ သီးခြား အခန်းမှာ ထားပါတယ် ”လို့ စစ်ကိုင်းမြို့၊ကုတင် ၂၀၀ ဆံ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရွာသစ်ကြီးကျေးရွာနေ အသက် ၂၈ ရွယ် အမျိုးသားတစ်ဦး နဲ့ ၎င်း ဇနီးဖြစ်သူ အသက် ၂၈ ရွယ် အမျိုးသမီးတစ်ဦးတို့ဟာ လွန်ခဲ့တဲ့လတစ်နှစ်ခန့်က ထိုင်းနိုင်ငံ၊ ဖတ်ပတည်းမြို့မှာရှိတဲ့ ပုလဲဓါတ်မြေသြဇာကုမ္ပဏီမှာ သွားရောက်အလုပ်လုပ်ခဲ့ပြီး မတ်လ ၁၇ ရက်နေ့က သူတို့နေထိုင်ရာ ရွာသစ်ကြီးကျေးရွာကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အလားတူပဲ ငါ့တရော်ကျေးရွာနေ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဟာလည်း လွန်ခဲ့တဲ့သုံးနှစ်က ထိုင်းနိုင်ငံ၊ ဖတ်ပတည်းမြို့ ပဲပုတ် အလုပ်ရုံလုပ်ငန်းမှာ သွားရောက်လုပ်ကိုင်ပြီး မတ်လ ၁၇ ရက်နေ့က ငါ့တရော်ရွာကို ပြန်လည်ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာလေးဦးကို ရွာသစ်ကြီးတိုက်နယ်ဆေးရုံကို ခေါ်ယူစစ်ဆေးတဲ့အခါမှာ အမျိုးသားနှစ်ဦးမှာတော့ သာမန်အပူချိန်ရှိပြီး အသက် ၂၈ ရွယ် အမျိုးသမီးတစ်ဦးမှာ အပူချိန် ၉၈ ဒသမ ၇ ဖာရင်ဟိုက် နဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီး တစ်ဦးမှာ ၉၉ ဒသမ ၄ ဖာရင်ဟိုက်ရှိတယ်လို့ တိုင်းတာစစ်ဆေးသိရှိရပြီး ဖျားနားခြင်း၊ ချောင်းဆိုးခြင်း မရှိတာကိုသိရပေမယ့်လည်း သူတို့လေးဦးကို COVID -19 ရှိမရှိ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်း #ကိုရိုနာဗိုင်းရပ်စ် #စောင့်ကြည့်လူနာလေးဦး

Zawgyi

စစ္ကိုင္းၿမိဳ႕နယ္မွာ COVID -19 ေစာင့္ၾကည္လူနာ ေလးဦးေတြ႕ရွိ

စစ္ကိုင္း၊ မတ္ ၁၈-၂၀၂၀
ေမာင္တာရာ (VOM)

စစ္ကိုင္းၿမိဳ႕နယ္၊ ႐ြာသစ္ႀကီးေက်း႐ြာနဲ႔ ငါ့တေရာ္ေက်း႐ြာတို႔မွာ COVID -19 ေစာင့္ၾကည္လူနာေလးဦးကို ေတြ႕ရွိထားတယ္လို႔ စစ္ကိုင္းၿမိဳ႕၊ကုတင္ ၂၀၀ ဆံ ျပည္သူ႔ ေဆး႐ုံႀကီးကေန သိရပါတယ္။

စစ္ကိုင္းၿမိဳ႕နယ္၊႐ြာသစ္ႀကီးေက်း႐ြာမွာ အသက္ ၂၈ ႐ြယ္ အမ်ိဳးသားတစ္ဦး နဲ႔ ၎ ဇနီးျဖစ္သူ အသက္ ၂၈ ႐ြယ္ အမ်ိဳးသမီးတစ္ဦး တို႔ျဖစ္ၿပီး၊ ငါ့တေရာ္ ေက်း႐ြာမွာ အသက္ ၁၉ ႏွစ္အ႐ြယ္ အမ်ိဳးသမီး တစ္ဦးနဲ႔ ၎ရဲ႕ ခင္ပြန္းျဖစ္သူ အသက္ ၁၉ ႏွစ္အ႐ြယ္ အမ်ိဳးသား တစ္ဦးတို႔ပဲ ျဖစ္ပါတယ္။

”ကြၽန္မဆီကို ဒီမနက္ပဲ report ေရာက္လာပါတယ္ ၊ထိုင္းႏိုင္ငံကေန ျပန္လာတာ ေယာက်ာ္းေလးႏွစ္ေယာက္၊ မိန္းကေလးႏွစ္ေယာက္ ကြၽန္မတို႔က ခရီးသြားရာဇဝင္ရွိ၊ ဂိုက္လိုင္းအရဆို Home quarantine ေခၚတဲ့ အိမ္မွာပဲေစာင့္ၾကည့္တာေပါ့ ႏိုင္ငံျခားကျပန္လာတဲ့ ရာဇဝင္ရွိတာပါ။ ဖ်ားနာျခင္းမရွိပါဘူး ႏိုင္ငံျခားကျပန္လာတဲ့ ရာဇဝင္ရွိရင္ကို သူတို႔ရဲ႕အိမ္မွာပဲ ေစာင့္ၾကည့္လူနာအျဖစ္ ၁၄ ရက္ အျပင္မထြက္ခိုင္းဘူး၊ ဘယ္မွမသြားခိုင္းဘူး၊ သူတို႔အိမ္မွာ သီးျခား အခန္းမွာ ထားပါတယ္ ”လုိ႔ စစ္ကိုင္းၿမိဳ႕၊ကုတင္ ၂၀၀ ဆံ ျပည္သူ႔ေဆး႐ုံႀကီးမွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

႐ြာသစ္ႀကီးေက်း႐ြာေန အသက္ ၂၈ ႐ြယ္ အမ်ိဳးသားတစ္ဦး နဲ႔ ၎ ဇနီးျဖစ္သူ အသက္ ၂၈ ႐ြယ္ အမ်ိဳးသမီးတစ္ဦးတို႔ဟာ လြန္ခဲ့တဲ့လတစ္ႏွစ္ခန္႔က ထိုင္းႏိုင္ငံ၊ ဖတ္ပတည္းၿမိဳ႕မွာရွိတဲ့ ပုလဲဓါတ္ေျမၾသဇာကုမၸဏီမွာ သြားေရာက္အလုပ္လုပ္ခဲ့ၿပီး မတ္လ ၁၇ ရက္ေန႔က သူတို႔ေနထိုင္ရာ ႐ြာသစ္ႀကီးေက်း႐ြာကို ျပန္လည္ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

အလားတူပဲ ငါ့တေရာ္ေက်း႐ြာေန အသက္ ၁၉ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးနဲ႔ သူ႔ရဲ႕ခင္ပြန္းျဖစ္သူ အသက္ ၁၉ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးတို႔ဟာလည္း လြန္ခဲ့တဲ့သုံးႏွစ္က ထိုင္းႏိုင္ငံ၊ ဖတ္ပတည္းၿမိဳ႕ ပဲပုတ္ အလုပ္႐ုံလုပ္ငန္းမွာ သြားေရာက္လုပ္ကိုင္ၿပီး မတ္လ ၁၇ ရက္ေန႔က ငါ့တေရာ္႐ြာကို ျပန္လည္ေရာက္ရွိခဲ့တာပဲ ျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ေစာင့္ၾကည္႔လူနာေလးဦးကို ႐ြာသစ္ႀကီးတိုက္နယ္ေဆး႐ုံကုိ ေခၚယူစစ္ေဆးတဲ့အခါမွာ အမ်ိဳးသားႏွစ္ဦးမွာေတာ့ သာမန္အပူခ်ိန္ရွိၿပီး အသက္ ၂၈ ႐ြယ္ အမ်ိဳးသမီးတစ္ဦးမွာ အပူခ်ိန္ ၉၈ ဒသမ ၇ ဖာရင္ဟိုက္ နဲ႔ အသက္ ၁၉ ႏွစ္အ႐ြယ္ အမ်ိဳးသမီး တစ္ဦးမွာ ၉၉ ဒသမ ၄ ဖာရင္ဟိုက္ရွိတယ္လုိ႔ တိုင္းတာစစ္ေဆးသိရွိရၿပီး ဖ်ားနားျခင္း၊ ေခ်ာင္းဆိုးျခင္း မရွိတာကိုသိရေပမယ့္လည္း သူတုိ႔ေလးဦးကုိ COVID -19 ရွိမရွိ ေစာင့္ၾကည့္ေနတယ္လုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #စစ္ကိုင္း #ကိုရိုနာဗုိင္းရပ္စ္ #ေစာင့္ၾကည့္လူနာေလးဦး

Related posts

Leave a Comment

VOM News

FREE
VIEW