မိုးထက်မြင့်တာဝါတိုင်ကုမ္ပဏီက ဝန်ထမ်း ၅ ဦးကို အေအေက ပြန်လွှဲပေး

မိုးထက်မြင့်တာဝါတိုင်ကုမ္ပဏီက ဝန်ထမ်း ၅ ဦးကို အေအေက ပြန်လွှဲပေး

စစ်တွေ၊ မတ် ၁၈- ၂၀၂၀
ခိုင်လင်စံ (VOM)

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က တပ်မတော်ကလက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ရသေ့တောင်မြို့နယ်ကနေ ဘူးသီးတောင်မြို့နယ်ကိုသွားတဲ့ မိုးထက်မြင့်ကုမ္ပဏီက တာဝါတိုင်တပ်ဆင်ရေးဝန်ထမ်း ၅ ဦးကို အေအေက မနေ့မတ်လ ၁၇ ရက်နေ့မှာ ပြန်လွှဲပေးလိုက်တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

မိုးထက်မြင့်ကုမ္ပဏီက ဝန်ထမ်း ၅ ဦးဟာ တာဝါတိုင်စိုက်ထူတဲ့ကရိန်းကားနဲ့ ဘူးသီးတောင်ဖက်ကို သွားတာမှာ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာနားအရောက်မှာ တပ်မတော်ဖက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်တဲ့အတွက် ကြောက်လန့်ပြီး အေအေ ရှိတဲ့နေရာကို လာရောက်ခဲ့တယ်လို့ အေအေကပြောပါတယ်။

” ကျနော်တို့ မနေ့ကမတ်လ ၁၇ ရက်နေ့မှာ ကောင်းကောင်းမွန်မွန်ပြန်လည်ပြီး ပို့ဆောင်ပေးလိုက်တယ်။ ဗမာတိုင်းရင်းသား ၄ ယောက်နဲ့ ကချင်တစ်ယောက် အားလုံး ၅ ယောက်ပါတယ်။ သူတို့ကို ကျနော်တို့က ဖမ်းဆီးထိမ်းသိမ်းတာလည်း မဟုတ်ဘူး။ သူတို့က ကျနော်တို့တပ်ဖွဲ့ဝင်တွေရှိတဲ့ ဧရိယာထဲကိုဝင်လာလို့ လက်နက်ကြီးလက်နက်ငယ်တွေကြားက ဘာမှအန္တရယ်မဖြစ်အောင် ကျနော်တို့ ကယ်တင်လိုက်တာ။” လို့ အေအေပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောပါတယ်။

အေအေရှိတဲ့နေရာကို ရောက်လာတဲ့ဝန်ထမ်းတွေဟာ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ဝါယာလက်ရပ်ကွက်၊ ရေကြည်အိုင်လမ်းရှိ” မိုးထက်မြင့်” တာဝါတိုင်တပ်ဆင်ရေးကုမ္ပဏီမှ ဝန်ထမ်း(၅) ဦးဖြစ်ပြီး သူတို့(၅) ဦးကို လိုအပ်တဲ့စစ်ဆေးမေးမြန်းမှု အနည်းငယ်ပြုလုပ်ပြီးနောက်ပိုင်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်း အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ဆီကို ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကာယကံရှင်တွေနဲ့ အဆက်သွယ်ရရှိဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ဆက်လက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွ့ဲ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားတာမရှိပါဘူး။

Photo- AA Website
#VOM #voiceofmyanmar #စစ်တွေ #တာဝိုင်တိုင်ဝန်ထမ်း #အေအေပြန်လွှဲပေး

Zawgyi

မိုးထက္ျမင့္တာဝါတိုင္ကုမၸဏီက ဝန္ထမ္း ၅ ဦးကို ေအေအက ျပန္လႊဲေပး

စစ္ေတြ၊ မတ္ ၁၈- ၂၀၂၀
ခိုင္လင္စံ (VOM)

ၿပီးခဲ႔တဲ႔ မတ္လ ၁၅ ရက္ေန႔က တပ္မေတာ္ကလက္နက္ႀကီးငယ္ေတြနဲ႔ ပစ္ခတ္တာေၾကာင့္ ရေသ့ေတာင္ၿမိဳ႕နယ္ကေန ဘူးသီးေတာင္ၿမိဳ႕နယ္ကုိသြားတဲ႔ မိုးထက္ျမင့္ကုမၸဏီက တာဝါတိုင္တပ္ဆင္ေရးဝန္ထမ္း ၅ ဦးကို ေအေအက မေန႔မတ္လ ၁၇ ရက္ေန႔မွာ ျပန္လႊဲေပးလိုက္တယ္လုိ႔ ေအေအရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။

မိုးထက္ျမင့္ကုမၸဏီက ဝန္ထမ္း ၅ ဦးဟာ တာဝါတိုင္စိုက္ထူတဲ႔ကရိန္းကားနဲ႔ ဘူးသီးေတာင္ဖက္ကို သြားတာမွာ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းေက်းရြာနားအေရာက္မွာ တပ္မေတာ္ဖက္က လက္နက္ႀကီးလက္နက္ငယ္ေတြနဲ႔ ပစ္ခတ္မွုေတြျပဳလုပ္တဲ့အတြက္ ေၾကာက္လန္႔ၿပီး ေအေအ ရွိတဲ႔ေနရာကို လာေရာက္ခဲ့တယ္လုိ႔ ေအေအကေျပာပါတယ္။

” က်ေနာ္တို႔ မေန႔ကမတ္လ ၁၇ ရက္ေန႔မွာ ေကာင္းေကာင္းမြန္မြန္ျပန္လည္ၿပီး ပို႔ေဆာင္ေပးလိုက္တယ္။ ဗမာတိုင္းရင္းသား ၄ ေယာက္နဲ႔ ကခ်င္တစ္ေယာက္ အားလံုး ၅ ေယာက္ပါတယ္။ သူတို႔ကို က်ေနာ္တို႔က ဖမ္းဆီးထိမ္းသိမ္းတာလည္း မဟုတ္ဘူး။ သူတို႔က က်ေနာ္တို႔တပ္ဖြဲ႔ဝင္ေတြရွိတဲ႔ ဧရိယာထဲကိုဝင္လာလို႔ လက္နက္ႀကီးလက္နက္ငယ္ေတြၾကားက ဘာမွအႏၲရယ္မျဖစ္ေအာင္ က်ေနာ္တို႔ ကယ္တင္လိုက္တာ။” လို႔ ေအေအျပန္ၾကားေရးတာဝန္ခံ ခိုင္သုခကေျပာပါတယ္။

ေအေအရိွတဲ႔ေနရာကို ေရာက္လာတဲ့ဝန္ထမ္းေတြဟာ ရန္ကုန္တိုင္း၊ မဂၤလာဒံုၿမိဳ႕နယ္ ဝါယာလက္ရပ္ကြက္၊ ေရၾကည္အိုင္လမ္းရွိ” မိုးထက္ျမင့္” တာဝါတိုင္တပ္ဆင္ေရးကုမၸဏီမွ ဝန္ထမ္း(၅) ဦးျဖစ္ၿပီး သူတို႔(၅) ဦးကုိ လိုအပ္တဲ့စစ္ေဆးေမးျမန္းမႈ အနည္းငယ္ျပဳလုပ္ၿပီးေနာက္ပိုင္း ရေသ့ေတာင္ၿမိဳ႕နယ္၊ ထြန္းရေဝရြာေဟာင္း အုပ္ခ်ဳပ္ေရးမႉးနဲ႔ ရာအိမ္မွဴးတို႔ဆီကို ျပန္လည္ေပးအပ္ခဲ့ၿပီးျဖစ္တယ္လုိ႔ ေအေအရဲ႕ထုတ္ျပန္ခ်က္မွာ ပါဝင္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ ကာယကံရွင္ေတြနဲ႔ အဆက္သြယ္ရရွိဖို႔ႀကိဳးစားခဲ႔ေပမယ့္ အဆက္အသြယ္မရရွိခဲ႔ပါဘူး။

ဆက္လက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြ႔ဲ အတြင္းေရးမွဴးဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းနဲ႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးတို႔ကို ဖုန္းဆက္သြယ္ခဲ႔ေပမယ့္ ဖုန္းကိုင္ေျဖၾကားတာမရွိပါဘူး။

Photo- AA Website
#VOM #voiceofmyanmar #စစ္ေတြ #တာဝိုင္တုိင္ဝန္ထမ္း #ေအေအျပန္လႊဲေပး

Related posts

Leave a Comment

VOM News

FREE
VIEW