ပုသိမ်မြို့မှာ ဘုန်းကြီးကျောင်းကိုမီးရှို့မှုနဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးထား

ပုသိမ်မြို့မှာ ဘုန်းကြီးကျောင်းကိုမီးရှို့မှုနဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးထား

ပုသိမ်၊မတ် ၁၈-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ၊ အမှတ် ၈ ရပ်ကွက်၊ စန်းကန်ကုန်းရပ်၊ အောင်မင်္ဂလာ ၄ လမ်းမှာ ရှိတဲ့ သာသနာ့အားမန်ဘုန်းကြီးကျောင်းဟာ မတ်လ ၁၇ ရက်နေ့ ညပိုင်းကမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီဘုန်းကြီးကျောင်းမီးလောင်မှုဟာ သာမန်မီးလောင်မှုမဟုတ်ဘဲ အမျိုးသားတစ်ဦးက မီးရှို့ခဲ့တဲ့အတွက် အဲ့ဒီအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဒီကနေ့စတင်အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

“ဘုန်းကြီးကျောင်းက လောင်တာမဟုတ်ဘူး၊ အရက်မူးပြီး ကျောင်းကိုမီးရှို့ခံရတာ၊ လောင်တဲ့ ကျောင်းအဆောင်ကတော့ အကုန်ကုန်သွားတယ်၊ ထိခိုက်ဒဏ်ရာရတာ သေတာမျိုးတော့ မရှိပါဘူး” လို့ အမှတ်၈ရပ်ကွက်ရာအိမ်မူး ဦးထွန်းမြင့်ကပြောပါတယ်။

မီးရှို့ခံခဲ့ရတဲ့ သာသနာ့အားမာန် ရှမ်းဘုန်းတော်ကြီးကျောင်းဟာ ည၁၁နာရီ ၅၀အချိန်ခန့်က မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ခရိုင်မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၅ စီး မီးသတ် တပ်ဖွဲ့ဝင် ၅၀ ဦးနဲ့ လာရောက်မီးငြိမ်းသတ်ခဲ့တာကြောင့် ၁၁ နာရီ ၅ မိနစ်အချိန်မှာ မီးငြိမ်း သတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

မီးလောင်တဲ့နေရာကို ရောက်ရှိလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်နေရာမှာတင် အရက်မူးပြီး မီးစတင်ရှို့ခဲ့တယ်လို့ သံသဃရှိသူ အသက် ၂၁ နှစ်အရွယ် ကျော်ဝင်းဗိုလ်(ခ)ဒကာကြီးဆိုသူကို ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့ သာသနာ့အားမာန် ရှမ်းဘုန်းတော်ကြီးကျောင်းအတွင်းမှာရှိတဲ့ ပေ ၂၀ x ၅၀ ဝါးတိုင်၊ ထရံကာ၊ ဓနိမိုး၊ အင်္ဂတေခင်း ဝါးဓမ္မာရုံဖြစ်ပြီး အဆောက်အဦး ၁ ခုလုံး မီးလောင်းကျွမ်းခဲ့ကာ ကာလတန်ဖိုး ၁၀သိန်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဘုန်းကြီးကျောင်းမီးရှို့ခံရမှုနဲ့ပတ်သက်ပြီး အသက် ၂၁ နှစ်အရွယ် ကျော်ဝင်းဘို(ခ) ဒကာကြီး ကို ပုသိမ်နယ်မြေရဲစခန်းမှ ဖမ်းဆီးစစ်ဆေးကာ ဘာသာသာသနာ လူနေအဆောက်အဦတို့ကို မီးဖြင့် အကျိုးဖျက်စီးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၃၆နဲ့ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ပုသိမ် #ဘုန်းကြီးကျောင်း #မီးရှို့မှု

Zawgyi

ပုသိမ္ၿမိဳ႕မွာ ဘုန္းႀကီးေက်ာင္းကိုမီးရႈိ႕မႈနဲ႔ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးထား

ပုသိမ္၊မတ္ ၁၈-၂၀၂၀
ကိုေအာင္(VOM)

ဧရာ၀တီတိုင္း၊ ပုသိမ္ၿမိဳ႕ ၊ အမွတ္ ၈ ရပ္ကြက္၊ စန္းကန္ကုန္းရပ္၊ ေအာင္မဂၤလာ ၄ လမ္းမွာ ရွိတဲ့ သာသနာ့အားမန္ဘုန္းႀကီးေက်ာင္းဟာ မတ္လ ၁၇ ရက္ေန႔ ညပိုင္းကမီးေလာင္ကၽြမ္းမွဳျဖစ္ပြားခဲ့ပါတယ္။

အဲ့ဒီဘုန္းႀကီးေက်ာင္းမီးေလာင္မွဳဟာ သာမန္မီးေလာင္မွဳမဟုတ္ဘဲ အမ်ိဳးသားတစ္ဦးက မီးရိွဳ႕ခဲ့တဲ့အတြက္ အဲ့ဒီအမ်ိဳးသားကို ရဲတပ္ဖြဲ႕က ဖမ္းဆီးထားၿပီး ဒီကေန႔စတင္အမွဳဖြင့္ခဲ့တယ္လို႔ သိရပါတယ္။

“ဘုန္းႀကီးေက်ာင္းက ေလာင္တာမဟုတ္ဘူး၊ အရက္မူးၿပီး ေက်ာင္းကိုမီးရႈိ႕ခံရတာ၊ ေလာင္တဲ့ ေက်ာင္းအေဆာင္ကေတာ့ အကုန္ကုန္သြားတယ္၊ ထိခိုက္ဒဏ္ရာရတာ ေသတာမ်ိဳးေတာ့ မရွိပါဘူး” လို႔ အမွတ္၈ရပ္ကြက္ရာအိမ္မူး ဦးထြန္းျမင့္ကေျပာပါတယ္။

မီးရႈိ႕ခံခဲ့ရတဲ့ သာသနာ့အားမာန္ ရွမ္းဘုန္းေတာ္ႀကီးေက်ာင္းဟာ ည၁၁နာရီ ၅၀အခ်ိန္ခန္႔က မီးစတင္ေလာင္ကြၽမ္းခဲ့တာျဖစ္ၿပီး ခ႐ိုင္မီးသတ္တပ္ဖြဲ႕က မီးသတ္ယာဥ္ ၅ စီး မီးသတ္ တပ္ဖြဲ႕၀င္ ၅၀ ဦးနဲ႔ လာေရာက္မီးၿငိမ္းသတ္ခဲ့တာေၾကာင့္ ၁၁ နာရီ ၅ မိနစ္အခ်ိန္မွာ မီးၿငိမ္း သတ္ႏိုင္ခဲ့တယ္လို႔ မီးသတ္တပ္ဖြဲ႕ကေန သိရပါတယ္။

မီးေလာင္တဲ့ေနရာကို ေရာက္ရွိလာတဲ့ ရဲတပ္ဖြဲ႕၀င္ေတြက အခင္းျဖစ္ေနရာမွာတင္ အရက္မူးၿပီး မီးစတင္ရႈိ႕ခဲ့တယ္လို႔ သံသဃရွိသူ အသက္ ၂၁ ႏွစ္အ႐ြယ္ ေက်ာ္၀င္းဗိုလ္(ခ)ဒကာႀကီးဆိုသူကို ဖမ္းဆီးခဲ့ၾကတာျဖစ္ပါတယ္။

မီးေလာင္ကြၽမ္းခဲ့တဲ့ သာသနာ့အားမာန္ ရွမ္းဘုန္းေတာ္ႀကီးေက်ာင္းအတြင္းမွာရွိတဲ့ ေပ ၂၀ x ၅၀ ဝါးတိုင္၊ ထရံကာ၊ ဓနိမိုး၊ အဂၤေတခင္း ဝါးဓမၼာ႐ုံျဖစ္ၿပီး အေဆာက္အဦး ၁ ခုလုံး မီးေလာင္းကြၽမ္းခဲ့ကာ ကာလတန္ဖိုး ၁၀သိန္း ပ်က္စီးဆုံးရႈံးခဲ့ပါတယ္။

ဘုန္းႀကီးေက်ာင္းမီးရႈိ႕ခံရမႈနဲ႔ပတ္သက္ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္ ေက်ာ္၀င္းဘို(ခ) ဒကာႀကီး ကို ပုသိမ္နယ္ေျမရဲစခန္းမွ ဖမ္းဆီးစစ္ေဆးကာ ဘာသာသာသနာ လူေနအေဆာက္အဦတို႔ကို မီးျဖင့္ အက်ိဳးဖ်က္စီးမႈ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၄၃၆နဲ႔ အေရးယူ ေဆာင္႐ြက္ထားတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ပုသိမ္ #ဘုန္းႀကီးေက်ာင္း #မီးရိွဳ႕မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW