ခရမ်းချဉ်သီးဈေး အဆမတန်ကျလို့ နွားကျွေးနေရ

#voiceofmyanmar #VOM #ခရမ္းခ်ဥ္သီးေစ်းက်

ခရမ်းချဉ်သီးဈေး အဆမတန်ကျလို့ နွားကျွေးနေရ

မတ်-၁၉ -၂၀၂၀
နန်းထက်ထက်ချစ်(VOM)

ခရမ်းချဉ်သီးဈေးနှုန်း အဆမတန်ကျဆင်းနေလို့ နွားကျွေးနေရကြောင်း ခရမ်းချဉ်သီး စီးပွားဖြစ်စိုက်တဲ့ တောင်သူတွေက ဆိုကြပါတယ်။

“မနေ့ကအထိကို ခရမ်းချဉ်သီးဈေးက တစ်ပိဿာကို ၅၀ ကျပ်ပဲ ရပါတယ်။ တစ်ပိဿာကို ၅၀ ကျပ်ဆိုမှတော့ နွားကျွေးရုံပေါ့။ အခြောက်ထားလည်း ဈေးကွက်မရှိ၊ ယိုထိုးလည်း တွက်ချေမကိုက်ဘူး။ တင်ပို့ရောင်းချဖို့ ကျတော့လည်း လမ်းစရိတ်နဲ့ မကာမိဘူးလေ။” လို့ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ မြောင်းသစ်ကျေးရွာက ခရမ်းချဉ်စိုက်တောင်သူ ကိုလှိုင်မိုးက ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဈေးနှုန်းကျဆင်းနေခြင်းဖြစ်ပြီး မန္တလေးမြို့နဲ့ အောင်ပန်းမြို့ရှိ ပွဲရုံတွေမှာ ခရမ်းချဉ်သီးတစ်ပိဿာ ကျပ်(၅၀)မှ ကျပ်(၂၀၀)အတွင်း ဈေးနှုန်းတွေနဲ့ ရောင်းချနေကြောင်း ပွဲရုံတွေကသိရပါတယ်။

“ကုန်စိမ်းဈေးတွေ အကုန်လုံးနီးပါး ကျဆင်းနေတယ်။ တရုတ်ပြည်ဘက်မှာ (COVID-19 ဗိုင်းရပ်စ်ကြောင့်) ပေါက်ဖော်ကြီး နေမကောင်းတာနဲ့၊ ထွက်သမျှ ကုန်စိမ်းတွေ ပြည်တွင်းမှာပဲ ပြုံနေလို့ထင်တယ်။”ဟု ခရမ်းချဉ်သီး ကုန်သည်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ခရမ်းချဉ်သီးကို မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့ နေရာတွေမှာ အများဆုံးစိုက်ပျိုးကြပါတယ်အခုလိုခရမ်းချဉ်သီးလှိုင်လှိုင်ပေါချိန်မှာ ဈေးထိုးကျတဲ့အတွက် တောင်သူအားလုံး အရှုံးနဲ့ရင်ဆိုင်နေကြရပါတယ်။

#voiceofmyanmar #VOM #ခရမ်းချဉ်သီးဈေးကျ

ခရမ္းခ်ဥ္သီးေစ်း အဆမတန္က်လို႕ ႏြားေက်ြးေနရ

မတ္-၁၉ -၂၀၂၀
နန္းထက္ထက္ခ်စ္(VOM)

ခရမ္းခ်ဥ္သီးေစ်းႏႈန္း အဆမတန္က်ဆင္းေနလို႕ ႏြားေကြၽးေနရေၾကာင္း ခရမ္းခ်ဥ္သီး စီးပြားျဖစ္စိုက္တဲ႕ ေတာင္သူေတြက ဆိုၾကပါတယ္။

“မေန႔ကအထိကို ခရမ္းခ်ဥ္သီးေစ်းက တစ္ပိႆာကို ၅၀ က်ပ္ပဲ ရပါတယ္။ တစ္ပိႆာကို ၅၀ က်ပ္ဆိုမွေတာ့ ႏြားေကြၽး႐ုံေပါ့။ အေျခာက္ထားလည္း ေစ်းကြက္မရွိ၊ ယိုထိုးလည္း တြက္ေခ်မကိုက္ဘူး။ တင္ပို႔ေရာင္းခ်ဖို႔ က်ေတာ့လည္း လမ္းစရိတ္နဲ႔ မကာမိဘူးေလ။” လို႕ မႏၲေလးတိုင္း၊ ျပင္ဦးလြင္ခ႐ိုင္၊ မတၱရာၿမိဳ႕နယ္၊ ေျမာင္းသစ္ေက်း႐ြာက ခရမ္းခ်ဥ္စိုက္ေတာင္သူ ကိုလႈိင္မိုးက ေျပာပါတယ္။

တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႕ ေစ်းႏႈန္းက်ဆင္းေနျခင္းျဖစ္ၿပီး မႏၲေလးၿမိဳ႕နဲ႕ ေအာင္ပန္းၿမိဳ႕ရွိ ပြဲ႐ုံေတြမွာ ခရမ္းခ်ဥ္သီးတစ္ပိႆာ က်ပ္(၅၀)မွ က်ပ္(၂၀၀)အတြင္း ေစ်းႏႈန္းေတြနဲ႕ ေရာင္းခ်ေနေၾကာင္း ပြဲ႐ုံေတြကသိရပါတယ္။

“ကုန္စိမ္းေစ်းေတြ အကုန္လုံးနီးပါး က်ဆင္းေနတယ္။ တ႐ုတ္ျပည္ဘက္မွာ (COVID-19 ဗိုင္းရပ္စ္ေၾကာင့္) ေပါက္ေဖာ္ႀကီး ေနမေကာင္းတာနဲ႔၊ ထြက္သမွ် ကုန္စိမ္းေတြ ျပည္တြင္းမွာပဲ ၿပဳံေနလို႔ထင္တယ္။”ဟု ခရမ္းခ်ဥ္သီး ကုန္သည္တစ္ဦးက ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ခရမ္းခ်ဥ္သီးကို မႏၲေလးတိုင္း၊ ပဲခူးတိုင္း၊ မေကြးတိုင္း၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ စတဲ႕ ေနရာေတြမွာ အမ်ားဆံုးစိုက္ပ်ိဳးၾကပါတယ္။အခုလိုခရမ္းခ်ဥ္သီးလိွဳင္လိွဳင္ေပါခ်ိန္မွာ ေစ်းထိုးက်တဲ႕အတြက္ ေတာင္သူအားလံုး အရွံဳးနဲ႕ရင္ဆိုင္ေနၾကရပါတယ္။

#voiceofmyanmar #VOM #ခရမ္းခ်ဥ္သီးေစ်းက်

Related posts

Leave a Comment

VOM News

FREE
VIEW