မုံရွာမြို့မှာ တရုတ်နိုင်ငံကနေဝင်လာတဲ့ တရုတ်လူမျိုးတွေကို ဝင်ရောက်စစ်ဆေး

မုံရွာမြို့မှာ တရုတ်နိုင်ငံကနေဝင်လာတဲ့ တရုတ်လူမျိုးတွေကို ဝင်ရောက်စစ်ဆေး

မုံရွာ၊ မတ် ၂၄-၂၀၂၀
ရန်နိုင်စိုး(VOM)

တရုတ်နိုင်ငံကနေ ၊ မုံရွာမြို့ကိုဝင်‌ရောက်လာတဲ့ တရုတ်လူမျိုး ၇ ဦးကို မုံရွာမြို့နယ်လဝကရုံးနဲ့ ဒေသန္တရကျန်းမာရေးအဖွဲ့က စစ်‌ဆေးတာ‌တွေပြုလုပ်နေပါတယ်။

အဲ့ဒီတရုတ်လူမျိုးတွေဟာ မတ်လ(၂၃)ရက်နေ့ညနေက မုံရွာမြို့ကိုရောက်ရှိလာပြီး အောင်မင်္ဂလာ၊ မာဃလမ်းထဲက Leading Star တရုတ်စကားပြောသင်တန်းကျောင်းမှာ တည်းခို‌နေတယ်လို့ သတင်းရရှိတဲ့အတွက် ညပိုင်းမှာ ဝင်ရောက်စစ်ဆေးတာတွေ ပြုလုပ်ခ‌ဲ့တာဖြစ်ပါတယ်။

” ကျန်းမာရေးအနေနဲ့ကတော့ ဒေသန္တရကျန်းမာရေးအဖွဲ့က လာစစ်ဆေးသွားပြီ။ Covid 19 လက္ခဏာတော့ မတွေ့ရဘူး။ ကိုယ်ပူချိန်တွေလည်း တိုင်းသွားတယ်။ လာတာတော့ တရားဝင်ဗီဇာနဲ့ လာဝာာလို့ သိရတယ်။ ဒီသင်တန်းကို အိမ်ရှင်ကဌားထားတာ တစ်နှစ်လောက်ရှိပြီ ” လို့ အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးချိုဝင်းမောင်ကပြောပါတယ် ။

လတ်တလောမှာတော့ သူတို့ကိုစစ်ဆေးဖို့အတွက် လဝကရုံးကို ခေါ်ဆောင်သွားပြီး ဆိုက်ရောက်မှုကို အကြောင်းကြားဖို့ပျက်ကွက်ခဲ့တဲ့အတွက် အရေးယူမှုအပိုင်းကိုတော့ စစ်ဆေးပြီးမှ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

” ကျနော်တို့က စစ်ဆေးအုံးမှာပါ။ အရေးယူတာ၊မယူတာကတော့ စစ်ဆေးပြီးမှ ဆုံးဖြတ်ရမှာပေါ့။ အခုကတော့ ရုံးမှာစစ်ဖို့ ခေါ်သွားမှာပါ ” လို့ မုံရွာမြို့နယ်လဝကရုံးမှ ဦးကျော်သန်းဦးက ပြောပါတယ်။

မုံရွာမြို့မှာလည်း ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်သူတွေ ပြန်လည်ရောက်ရှိလာတဲ့အတွက် ဒေသခံတွေအကြား စိုးရိမ်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။

မုံရွာမြို့မှာ မတ်လ ၂၃ ရက်နေ့ ပိုင်းကလည်း ထိုင်းနိုင်ငံနယ်စပ် မြဝတီဘက်ကနေ ရောက်ရှိလာတဲ့ လူတစ်ဦးဟာ ကိုယ်ပူချိန်မြင့်တက်နေတဲ့အတွက် စစ်ကိုင်းတိုင်းကျန်းမာရေးဦးစီးဌာနက စောင့်ကြည့်စစ်ဆေးတာတွေ ပြုလုပ်နေတာလည်းရှိပါတယ်။

#VOM #voiceofmyanmar #မုံရွာ #တရုတ်နိုင်ငံကလာတဲ့ #တရုတ်လူမျိုးတွေကို #ဝင်ရောက်စစ်ဆေး

Zawgyi

မုံ႐ြာၿမိဳ႕မွာ တ႐ုတ္ႏိုင္ငံကေနဝင္လာတဲ့ တ႐ုတ္လူမ်ိဳးေတြကို ဝင္ေရာက္စစ္ေဆး

မံုရြာ၊ မတ္ ၂၄-၂၀၂၀
ရန္ႏိုင္စိုး(VOM)

တ႐ုတ္ႏိုင္ငံကေန ၊ မုံ႐ြာၿမိဳ႕ကိုဝင္‌ေရာက္လာတဲ့ တ႐ုတ္လူမ်ိဳး ၇ ဦးကို မုံ႐ြာၿမိဳ႕နယ္လဝက႐ုံးနဲ႔ ေဒသႏၲရက်န္းမာေရးအဖြဲ႕က စစ္‌ေဆးတာ‌ေတြျပဳလုပ္ေနပါတယ္။

အဲ့ဒီတ႐ုတ္လူမ်ိဳးေတြဟာ မတ္လ(၂၃)ရက္ေန႔ညေနက မုံ႐ြာၿမိဳ႕ကိုေရာက္ရွိလာၿပီး ေအာင္မဂၤလာ၊ မာဃလမ္းထဲက Leading Star တ႐ုတ္စကားေျပာသင္တန္းေက်ာင္းမွာ တည္းခို‌ေနတယ္လို႔ သတင္းရရွိတဲ့အတြက္ ညပိုင္းမွာ ဝင္ေရာက္စစ္ေဆးတာေတြ ျပဳလုပ္ခ‌ဲ့တာျဖစ္ပါတယ္။

” က်န္းမာေရးအေနနဲ႔ကေတာ့ ေဒသႏၲရက်န္းမာေရးအဖြဲ႕က လာစစ္ေဆးသြားၿပီ။ Covid 19 လကၡဏာေတာ့ မေတြ႕ရဘူး။ ကိုယ္ပူခ်ိန္ေတြလည္း တိုင္းသြားတယ္။ လာတာေတာ့ တရားဝင္ဗီဇာနဲ႔ လာဝာာလို႔ သိရတယ္။ ဒီသင္တန္းကို အိမ္ရွင္ကဌားထားတာ တစ္ႏွစ္ေလာက္ရွိၿပီ ” လို႔ ေအာင္မဂၤလာရပ္ကြက္အုပ္ခ်ဳပ္ေရးမႈး ဦးခ်ိဳဝင္းေမာင္ကေျပာပါတယ္ ။

လတ္တေလာမွာေတာ့ သူတို႔ကိုစစ္ေဆးဖို႔အတြက္ လဝက႐ုံးကို ေခၚေဆာင္သြားၿပီး ဆိုက္ေရာက္မႈကို အေၾကာင္းၾကားဖို႔ပ်က္ကြက္ခဲ့တဲ့အတြက္ အေရးယူမႈအပိုင္းကိုေတာ့ စစ္ေဆးၿပီးမွ ေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။

” က်ေနာ္တို႔က စစ္ေဆးအုံးမွာပါ။ အေရးယူတာ၊မယူတာကေတာ့ စစ္ေဆးၿပီးမွ ဆုံးျဖတ္ရမွာေပါ့။ အခုကေတာ့ ႐ုံးမွာစစ္ဖို႔ ေခၚသြားမွာပါ ” လို႔ မုံ႐ြာၿမိဳ႕နယ္လဝက႐ုံးမွ ဦးေက်ာ္သန္းဦးက ေျပာပါတယ္။

မုံ႐ြာၿမိဳ႕မွာလည္း ထိုင္းႏိုင္ငံကို သြားေရာက္အလုပ္လုပ္ကိုင္သူေတြ ျပန္လည္ေရာက္ရွိလာတဲ့အတြက္ ေဒသခံေတြအၾကား စိုးရိမ္မႈေတြလည္း ျဖစ္ေပၚေနပါတယ္။

မုံ႐ြာၿမိဳ႕မွာ မတ္လ ၂၃ ရက္ေန႔ ပိုင္းကလည္း ထိုင္းႏိုင္ငံနယ္စပ္ ျမဝတီဘက္ကေန ေရာက္ရွိလာတဲ့ လူတစ္ဦးဟာ ကိုယ္ပူခ်ိန္ျမင့္တက္ေနတဲ့အတြက္ စစ္ကိုင္းတိုင္းက်န္းမာေရးဦးစီးဌာနက ေစာင့္ၾကည့္စစ္ေဆးတာေတြ ျပဳလုပ္ေနတာလည္းရွိပါတယ္။

#VOM #voiceofmyanmar #မံုရြာ #တရုတ္ႏိုင္ငံကလာတဲ့ #တရုတ္လူမ်ိဳးေတြကုိ #ဝင္ေရာက္စစ္ေဆး

Related posts

Leave a Comment

VOM News

FREE
VIEW