တစ်သောင်းတန်ငွေစက္ကူအတုတွေနဲ့ နွားဝယ်သွားတဲ့သူတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေနဲ့ အမှုဖွင့်ထား

တစ်သောင်းတန်ငွေစက္ကူအတုတွေနဲ့ နွားဝယ်သွားတဲ့သူတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေနဲ့ အမှုဖွင့်ထား

မိုးညို၊ မတ် ၂၈-၂၀၂၀
ဝေဇင်ကြည်(VOM)

ပဲခူးတိုင်း မိုးညိုမြိုနယ် ရေကင်းအုပ်စုအပိုင်
ပဒေသာကျွန်းကျေးရွာမှာ မနေ့ မတ်လ ၂၇ရက်နေ့လည်ပိုင်းကတစ်သောင်းတန် ငွေတုသိန်းသုံးဆယ်ကျော်(၃၁၅၀၀၀၀)ကျပ်နဲ့နွားအရောင်းအဝယ်ပြုလုပ်သွားတဲ့အမည်မသိအမျိုးသားကို အမှုဖွင့်ကာဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ရေကင်းနယ်မြေရဲစခန်းကသိရပါတယ်။

‟ငွေတုတွေမိတယ်ဆိုတာ ဟုတ်ပါတယ်။ နွားအရောင်းအဝယ်လုပ်ကြတာပါ တရားခံဖမ်းဖို့သွားနေတာမလို့ လတ်တလော ဒီလောက်ဘဲပြောနိုင်ပါတယ်”လို့ ရေကင်းရဲစခန်းမှ စခန်းမှူး ရဲအုပ်တင်လင်းကVOMကိုအတည်ပြုပြောပါတယ်။

ကျွန်းညိုအုပ်စု၊ ဘိုးဘိုးကြီးကုန်းကျေးရွာက နွားနှစ်ကောင်ကို ငွေကျပ် သိန်း (၂၀)ကျော်နဲ့ အမည်မသိ အမျိုးသားတစ်ဦးက ဝယ်ယူသွားပြီး၊ ငါးကယ်အုပ်စု၊ ပေကုန်းကျေးရွာက နွားတစ်ကောင်ကိုလည်း ငွေ ဆယ်သိန်းကျော် နဲ့ဝယ်ယူခဲ့ရာ တစ်သောင်းတန် ငွေစက္ကူအတုတွေဖြစ်နေတဲ့အတွက် ရေကင်းရဲစခန်းက သက်သေတွေရှေ့မှာ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

တစ်သောင်းတန်ငွေစက္ကူအတုတွေနဲ့ နွားဝယ်သွားတဲ့ အမည်မသိအမျိုးသားကို (ပ)၁၉/၂၀၂၀ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ၁၀၅/၁၀၆နဲ့အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ရေကင်းနယ်မြေရဲစခန်းကပြောပါတယ်။

#VOM #voiceofmyanmar #မိုးညို #ငွေစက္ကူအတု #နွားဝယ်သူ #အမှုဖွင့်ထား

Zawgyi

တစ္ေသာင္းတန္ေငြစကၠဴအတုေတြနဲ႔ ႏြားဝယ္သြားတဲ့သူေတြကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥပေဒနဲ႔ အမွဳဖြင့္ထား

မိုးညိဳ၊ မတ္ ၂၈-၂၀၂၀
ေဝဇင္ၾကည္(VOM)

ပဲခူးတိုင္း မိုးညိဳၿမိဳနယ္ ေရကင္းအုပ္စုအပိုင္
ပေဒသာကြၽန္းေက်း႐ြာမွာ မေန႔ မတ္လ ၂၇ရက္ေန႔လည္ပိုင္းကတစ္ေသာင္းတန္ ေငြတုသိန္းသုံးဆယ္ေက်ာ္(၃၁၅၀၀၀၀)က်ပ္နဲ႔ႏြားအေရာင္းအဝယ္ျပဳလုပ္သြားတဲ့အမည္မသိအမ်ိဳးသားကို အမႈဖြင့္ကာဖမ္းဆီးရမိေရး ေဆာင္႐ြက္ေနတယ္လို႔ ေရကင္းနယ္ေျမရဲစခန္းကသိရပါတယ္။

‟ေငြတုေတြမိတယ္ဆိုတာ ဟုတ္ပါတယ္။ ႏြားအေရာင္းအဝယ္လုပ္ၾကတာပါ တရားခံဖမ္းဖို႔သြားေနတာမလို႔ လတ္တေလာ ဒီေလာက္ဘဲေျပာႏိုင္ပါတယ္”လို႔ ေရကင္းရဲစခန္းမွ စခန္းမႉး ရဲအုပ္တင္လင္းကVOMကိုအတည္ျပဳေျပာပါတယ္။

ကြၽန္းညိဳအုပ္စု၊ ဘိုးဘိုးႀကီးကုန္းေက်း႐ြာက ႏြားႏွစ္ေကာင္ကို ေငြက်ပ္ သိန္း (၂၀)ေက်ာ္နဲ႔ အမည္မသိ အမ်ိဳးသားတစ္ဦးက ဝယ္ယူသြားၿပီး၊ ငါးကယ္အုပ္စု၊ ေပကုန္းေက်း႐ြာက ႏြားတစ္ေကာင္ကိုလည္း ေငြ ဆယ္သိန္းေက်ာ္ နဲ႔ဝယ္ယူခဲ့ရာ တစ္ေသာင္းတန္ ေငြစကၠဴအတုေတြျဖစ္ေနတဲ့အတြက္ ေရကင္းရဲစခန္းက သက္ေသေတြေရွ႕မွာ သိမ္းဆည္းခဲ့တယ္လို႔ သိရပါတယ္။

တစ္ေသာင္းတန္ေငြစကၠဴအတုေတြနဲ႔ ႏြားဝယ္သြားတဲ့ အမည္မသိအမ်ိဳးသားကို (ပ)၁၉/၂၀၂၀ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥပေဒ ၁၀၅/၁၀၆နဲ႔အမႈဖြင့္ထားၿပီး တရားခံဖမ္းဆီးရမိေရး ေဆာင္ရြက္ေနတယ္လို႔ ေရကင္းနယ္ေျမရဲစခန္းကေျပာပါတယ္။

#VOM #voiceofmyanmar #မုိးညိဳ #ေငြစကၠဴအတု #ႏြားဝယ္သူ #အမွဳဖြင့္ထား

Related posts

Leave a Comment

VOM News

FREE
VIEW