နေပြည်တော်မြို့မဈေးနားက ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ စတင်ပိတ်

နေပြည်တော်မြို့မဈေးနားက ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ စတင်ပိတ်

နေပြည်တော်၊ မတ် ၂၈-၂၀၂၀
ကိုထွန်း(VOM)

နေပြည်တော်စည်ပင်သာယာရေးကော်မတီရဲ့ညွှန်ကြားချက်အရ မြို့မဈေးအနီးရှိ ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေဟာ ဒီကနေ့မနက်ပိုင်းကစပြီး စတင်ပိတ်လိုက်ပြီဖြစ်ပါတယ်။

နေပြည်တော်မှာ COVID-19ရောဂါကူးစက်ခံရသူတစ်ဦးတွေ့ရှိပြီဆိုတဲ့သတင်းကို ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပြီးတဲ့နောက် အခုလိုပိတ်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

နေပြည်တော်မြို့မစျေးမှာဖွင့်ထားတဲ့ နေပြည်တော်သန်းနိုင် စားဖွယ်စုံဆိုင်ပိုင်ရှင် ကိုသန်းနိုင်ပြောပြတာက “ဆိုင်ကသုံးရက်လောက်ရှိပြီ ထိုင်စားသူမရှိတော့ဘူး၊ ဒီနေ့မနက်ပိုင်းလေးခဏဖွင့်တယ်၊ မြို့မစျေးရဲ့ စျေးများဌာနက စာလာပို့တယ်၊ ပါဆယ်ဘဲရောင်းရမယ်ပေါ့၊ ဒါကြောင့်အခုပိတ်လိုက်ပြီ၊ မနက်ဖြန်ကစပြီးပိတ်ပါပြီ၊ ဆိုင်အလုပ်သမားတွေကိုတော့ အိမ်မှာဘဲထားမယ်”လို့ပြောပါတယ်။

အလားတူ နေပြည်တော်၊ သပြေကုန်း၊ ဧရာဝတီလမ်းရှိ စိတ်တိုင်ကျလ္ဘက်ရည်ဆိုင်မှာလည်းဆိုင်ထိုင်မရောင်းတော့ဘဲ ပါဆယ်သာရောင်းချနေတယ်လို့ သိရပြီး အခြားဈေးဆိုင်များမှာလည်း ဈေး၀ယ်သူတွေကို ရောဂါပိုးကူးစက်မှုမရှိစေဖို့ ၃ပေခြားအကွက်ချကာ ဈေး၀ယ်နိုင်ဖို့တွေလည်ူ ပြုလုပ်ထားတာကို တွေ့ရပါတယ်။

နေပြည်တော်မြို့မဈေးနားက ဈေးဆိုင်၊စားသောက်ဆိုင်များကို ဒီကနေ့ မတ်လ၂၈ရက်နေ စတင်ပိတ်လိုက်တာဖြစ်ပြီး အခြားဈေးတွေကိုလည်း တရား၀င်ပိတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #နေပြည်တော် #မြို့မဈေးနားက #စားသောက်ဆိုင်တွေပိတ်

Zawgyi

ေနျပည္ေတာ္ၿမိဳ႕မေဈးနားက ေဈးဆိုင္ေတြနဲ႔ စားေသာက္ဆိုင္ေတြ စတင္ပိတ္

ေနျပည္ေတာ္၊ မတ္ ၂၈-၂၀၂၀
ကိုထြန္း(VOM)

ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီရဲ႕ၫႊန္ၾကားခ်က္အရ ၿမိဳ႕မေဈးအနီးရွိ ေဈးဆိုင္ေတြနဲ႔ စားေသာက္ဆိုင္ေတြဟာ ဒီကေန႔မနက္ပိုင္းကစၿပီး စတင္ပိတ္လိုက္ၿပီျဖစ္ပါတယ္။

ေနျပည္ေတာ္မွာ COVID-19ေရာဂါကူးစက္ခံရသူတစ္ဦးေတြ႕ရွိၿပီဆိုတဲ့သတင္းကို က်န္းမာေရး၀န္ႀကီးဌာနက ထုတ္ျပန္ၿပီးတဲ့ေနာက္ အခုလိုပိတ္လိုက္တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ေနျပည္ေတာ္ၿမိဳ႕မေစ်းမွာဖြင့္ထားတဲ့ ေနျပည္ေတာ္သန္းႏိုင္ စားဖြယ္စုံဆိုင္ပိုင္ရွင္ ကိုသန္းႏိုင္ေျပာျပတာက “ဆိုင္ကသုံးရက္ေလာက္ရွိၿပီ ထိုင္စားသူမရွိေတာ့ဘူး၊ ဒီေန႔မနက္ပိုင္းေလးခဏဖြင့္တယ္၊ ၿမိဳ႕မေစ်းရဲ႕ ေစ်းမ်ားဌာနက စာလာပို႔တယ္၊ ပါဆယ္ဘဲေရာင္းရမယ္ေပါ့၊ ဒါေၾကာင့္အခုပိတ္လိုက္ၿပီ၊ မနက္ျဖန္ကစၿပီးပိတ္ပါၿပီ၊ ဆိုင္အလုပ္သမားေတြကိုေတာ့ အိမ္မွာဘဲထားမယ္”လို႔ေျပာပါတယ္။

အလားတူ ေနျပည္ေတာ္၊ သေျပကုန္း၊ ဧရာဝတီလမ္းရွိ စိတ္တိုင္က်လၻက္ရည္ဆိုင္မွာလည္းဆိုင္ထိုင္မေရာင္းေတာ့ဘဲ ပါဆယ္သာေရာင္းခ်ေနတယ္လို႔ သိရၿပီး အျခားေဈးဆိုင္မ်ားမွာလည္း ေဈး၀ယ္သူေတြကို ေရာဂါပိုးကူးစက္မႈမရွိေစဖို႔ ၃ေပျခားအကြက္ခ်ကာ ေဈး၀ယ္ႏိုင္ဖို႔ေတြလည္ူ ျပဳလုပ္ထားတာကို ေတြ႕ရပါတယ္။

ေနျပည္ေတာ္ၿမိဳ႕မေဈးနားက ေဈးဆိုင္၊စားေသာက္ဆိုင္မ်ားကို ဒီကေန႔ မတ္လ၂၈ရက္ေန စတင္ပိတ္လိုက္တာျဖစ္ၿပီး အျခားေဈးေတြကိုလည္း တရား၀င္ပိတ္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ေနျပည္ေတာ္ #ၿမိဳ႕မေဈးနားက #စားေသာက္ဆိုင္ေတြပိတ္

 

 

Related posts

Leave a Comment

VOM News

FREE
VIEW