မန္တလေးမြို့မှာ ဈေးပေါင်း(၄၀)ကျော်ပိတ်လိုက်ပေမယ့် စားသောက်ကုန်နဲ့ ဆေးဆိုင်တွေကို ဖွင့်ခွင့်ပေး

မန္တလေးမြို့မှာ ဈေးပေါင်း(၄၀)ကျော်ပိတ်လိုက်ပေမယ့် စားသောက်ကုန်နဲ့ ဆေးဆိုင်တွေကို ဖွင့်ခွင့်ပေး

မန္တလေး၊ မတ် ၂၈-၂၀၂၀
ဖြူဖြူ(VOM)

မန္တလေးမြို့မှာရှိတဲ့ ဈေးပေါင်း(၄၀)ကျော်ကို ယာယီပိတ်လိုက်ပေမယ့် စားသောက်ကုန်နဲ့ ဆေးပစ္စည်းဆိုင်တွေကိုတော့ ဖွင့်ခွင့်ပြုထားမှာဖြစ်ပြီး မဖြစ်မနေပိတ်လိုက်ရမယ့် အခြေအနေဖြစ်ခဲ့ရင်တောင် ရပ်ကွက်တွေထိ ကားနဲ့အရောက်ပို့ပေးမှာဖြစ်လို့ ပြည်သူအနေနဲ့ မစိုးရိမ်ကြဖို့ မန္တလေးမြို့တော်စည်ပင်သာယာကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောပါတယ်။

“စားသောက်ကုန်ရောင်းတဲ့ဆိုင်တွေ လောလောဆယ်တော့ ပိတ်ဖို့လုံးဝမရှိပါဘူး။ ပိတ်ရတဲ့အနေအထားအထိ အခြေအနေကရောက်သွားတယ်ဆိုရင်တောင်မှ မြို့နယ်စည်ပင်ကော်မတီက ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်ကြီးများအသင်း၊
မွေးမြူရေးလုပ်ငန်းရှင်များအသင်းတို့ ဈေးအကျိုးတော်ဆောင်တွေအကုန်လုံးနဲ့ ချိတ်ဆက်ညှိနှိုင်းပြီး ဆွေးနွေးထားချက်တွေရှိပါတယ်။ အဲဒါကတော့ ကျနော်တို့ ရပ်ကွက်တွေအရောက် ကားတွေနဲ့ လိုက်ပြီးတော့ စားသောက်ကုန်ပစ္စည်းတွေကိုရောင်းချပေးမယ့် အစီအစဉ်လည်း ရေးဆွဲထားပါတယ်။”လို့ ဦးကျော်ဆန်းမြင့်ကပြောပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် နိုင်ငံတစ်ဝှမ်း ထိန်းချုပ်ကန့်သက်မှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး မန္တလေးမြို့မှာလည်း လူစုလူဝေးဖြစ်စေနိုင်တဲ့ အခြေအနေတွေနဲ့ တစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှုတွေကနေ ကူးစက်ပျံ့နှံံ့မှု လျော့ချနိုင်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ COVID 19 ရောဂါပိုးတွေ့တဲ့နေ့ကစပြီး မန္တလေးမြို့က လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ အရက်ဆိုင်တွေကိုလည်း ပါဆယ်စနစ်နဲ့သာရောင်းချဖို့ တိုင်းအစိုးရက ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

မန္တလေးမြို့မှာ COVID 19 ရောဂါပိုးတွေ့လူနာရှိတယ်လို့ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၇ ရက်ကထုတ်ပြန်လိုက်ပြီးနောက်မှာ ဒီနေ့မှာတော့ စည်ပင်နယ်နိမိတ်အတွင်းက ဈေး(၄၁) ခုက စားသောက်ကုန်နဲ့ ဆေးပစ္စည်းဆိုင်တွေကိုသာ ဖွင့်ခွင့်ပြုပြီး ကျန်တဲ့ဈေးသည်တွေကို ပိတ်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်အိမ်ကနေ ရောင်းချချင်တယ်ဆိုရင်တော့ ခွင့်ပြုတယ်လို့ မြို့တော်စည်ပင်သာယာကော်မတီကနေ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ဈေးတွေပိတ်ပေမယ့် #ဆေးဆိုင်တွေဖွင့်ခွင့်ေ့ပး

Zawgyi

မႏၱေလးၿမိဳ႕မွာ ေစ်းေပါင္း(၄၀)ေက်ာ္ပိတ္္လိုက္ေပမယ့္ စားေသာက္ကုန္နဲ႔ ေဆးဆုိင္ေတြကို ဖြင့္ခြင့္ေပး

မႏၲေလး၊ မတ္ ၂၈-၂၀၂၀
ျဖဴျဖဴ(VOM)

မႏၲေလးၿမိဳ႕မွာရိွတဲ့ ေဈးေပါင္း(၄၀)ေက်ာ္ကို ယာယီပိတ္လိုက္ေပမယ့္ စားေသာက္ကုန္နဲ႔ ေဆးပစၥည္းဆိုင္ေတြကိုေတာ့ ဖြင့္ခြင့္ျပဳထားမွာျဖစ္ၿပီး မျဖစ္မေနပိတ္လိုက္ရမယ့္ အေျခအေနျဖစ္ခဲ့ရင္ေတာင္ ရပ္ကြက္ေတြထိ ကားနဲ႔အေရာက္ပို႔ေပးမွာျဖစ္လုိ႔ ျပည္သူအေနနဲ႔ မစိုးရိမ္ၾကဖို႔ မႏၱေလးၿမိဳ႕ေတာ္စည္ပင္သာယာေကာ္မတီဝင္ ဦးေက်ာ္ဆန္းျမင့္ကေျပာပါတယ္။

“စားေသာက္ကုန္ေရာင္းတဲ့ဆိုင္ေတြ ေလာေလာဆယ္ေတာ့ ပိတ္ဖို႔လုံးဝမရွိပါဘူး။ ပိတ္ရတဲ့အေနအထားအထိ အေျခအေနကေရာက္သြားတယ္ဆိုရင္ေတာင္မွ ၿမိဳ႕နယ္စည္ပင္ေကာ္မတီက ဆန္ကုန္သည္ႀကီးမ်ားအသင္း၊ ဆီကုန္သည္ႀကီးမ်ားအသင္း၊
ေမြးျမဴေရးလုပ္ငန္းရွင္မ်ားအသင္းတို႔ ေဈးအက်ိဳးေတာ္ေဆာင္ေတြအကုန္လုံးနဲ႔ ခ်ိတ္ဆက္ညႇိႏႈိင္းၿပီး ေဆြးေႏြးထားခ်က္ေတြရွိပါတယ္။ အဲဒါကေတာ့ က်ေနာ္တို႔ ရပ္ကြက္ေတြအေရာက္ ကားေတြနဲ႔ လိုက္ၿပီးေတာ့ စားေသာက္ကုန္ပစၥည္းေတြကိုေရာင္းခ်ေပးမယ့္ အစီအစဥ္လည္း ေရးဆြဲထားပါတယ္။”လို႔ ဦးေက်ာ္ဆန္းျမင့္ကေျပာပါတယ္။

လတ္တေလာျဖစ္ေပၚေနတဲ့ COVID-19 ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈေၾကာင့္ ႏိုင္ငံတစ္ဝွမ္း ထိန္းခ်ဳပ္ကန႔္သက္မႈေတြ လုပ္ေဆာင္ေနတာျဖစ္ၿပီး မႏၲေလးၿမိဳ႕မွာလည္း လူစုလူေဝးျဖစ္ေစႏိုင္တဲ့ အေျခအေနေတြနဲ႔ တစ္ဦးနဲ႔တစ္ဦး ထိေတြ႕ဆက္ဆံမႈေတြကေန ကူးစက္ပ်ံ႕ႏွံံ႔မႈ ေလ်ာ့ခ်ႏိုင္ေအာင္ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ COVID 19 ေရာဂါပိုးေတြ႕တဲ့ေန႔ကစၿပီး မႏၲေလးၿမိဳ႕က လက္ဖက္ရည္ဆိုင္၊ စားေသာက္ဆိုင္၊ အရက္ဆိုင္ေတြကိုလည္း ပါဆယ္စနစ္နဲ႔သာေရာင္းခ်ဖို႔ တိုင္းအစိုးရက ၫႊန္ၾကားခဲ့တာျဖစ္ပါတယ္။

မႏၲေလးၿမိဳ႕မွာ COVID 19 ေရာဂါပိုးေတြ႕လူနာရွိတယ္လို႔ အားကစားနဲ႔ က်န္းမာေရးဝန္ႀကီးဌာနက မတ္လ ၂၇ ရက္ကထုတ္ျပန္လိုက္ၿပီးေနာက္မွာ ဒီေန႔မွာေတာ့ စည္ပင္နယ္နိမိတ္အတြင္းက ေဈး(၄၁) ခုက စားေသာက္ကုန္နဲ႔ ေဆးပစၥည္းဆိုင္ေတြကိုသာ ဖြင့္ခြင့္ျပဳၿပီး က်န္တဲ့ေဈးသည္ေတြကို ပိတ္လိုက္တာျဖစ္ပါတယ္။ ဒါေပမယ့္ ကိုယ့္အိမ္ကေန ေရာင္းခ်ခ်င္တယ္ဆိုရင္ေတာ့ ခြင့္ျပဳတယ္လို႔ ၿမိဳ႕ေတာ္စည္ပင္သာယာေကာ္မတီကေန သိရပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #ေစ်းေတြပိတ္ေပမယ့္ #ေဆးဆိုင္ေတြဖြင့္ခြင့္ေ့ပး

Related posts

Leave a Comment

VOM News

FREE
VIEW