မုံရွာမြို့မှာ မီးသတ်ရေသယ်ယာဉ်နဲ့ အခြားယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွား

မုံရွာမြို့မှာ မီးသတ်ရေသယ်ယာဉ်နဲ့ အခြားယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွား

မုံရွာ၊ မတ် ၂၈-၂၀၂၀
ရန်နိုင်စိုး(VOM)

မုံရွာမြို့အဝင်က ဆီဆိုင်တစ်ဆိုင်ရှေ့မှာ ဒီကနေ့နေ့လယ်ပိုင်းက မီးသတ်ရေသည်ယာဉ်နဲ့ ယာဉ်သုံးဆင့်တိုက်မှု ဖြစ်ပ‌ွားခဲ့ပါတယ်။

မုံရွာမြို့အဝင် Denko စက်သုံးဆီဆိုင်ကနေ ဆီထည့်ပြီးထွက်လာတဲ့ Light Truckကားနဲ့ မအူကျေးရွာအနီးကဆီဆိုင်တစ်ဆိုင် မီးလောင်ရာကနေ မီးငြှိမ်းသတ်ပြီးပြန်လာတဲ့ မြို့မိမြို့ဖပိုင် ဟ‌ီးနိုးအမျိုးစား မီးသတ်ရေသယ်ယာဉ်တို့ ဘေးတိုက်ထိတွေ့တိုက်မိရာမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

” Light Truck ကားက ဆီထည့်ပြီး လမ်းပေါ်ဖြတ်တက်လာတာ။ ဟိုက မီးသတ်ကားကလည်း မီးငြှိမ်းပြီး လမ်းကြောကနေမောင်းလာတော့ တိုက်မိတယ်။ အရှိန်ကြောင့် လည်ထွက်သွားပြီး ဆိုင်ကယ်တစ်စင်း ချိတ်မိတယ်။ အဲ့ဒီအချိန်မှာ တဘက်လမ်းကြောကလာတဲ့ ၆ ဘီးကားနဲ့ တဆင့်ပြန်တိုက်မိတာ မီးသတ်ကားက မြောင်းထဲထိုးကျသွားတယ် ” လို့ မုံရွာမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲမှုးကိုကိုနိုင်ကပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် လူ ၅ ဦး ထိခိုက်ဒါဏ်ရာအသီးသီးရရှိခဲ့တဲ့အတွက် မုံရွာပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေတာဖြစ်ပြီး လူမူကွန်ယက်စာမျက်နှာမှာတော့ လူတစ်ဦးသေဆုံးတဲ့ဆိုတာကတော့ မဟုတ်ဘူးလို့ သိရပါတယ်။

အခုယာဉ်တိုက်မှုနဲ့ပတ်သတ်ပြီး အရေးယူမှုအပိုင်းကိုတော့ ဆက်လက်စစ်ဆေးဆောင်ရွက်နေတယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့ကနေ သိရပါတယ်။

#VOM #voiceofmyanmar #မုံရွာ #မီးသတ်ရေသယ်ယာဉ် #ယာဉ်သုံးစီးဆင့်တိုက်

Zawgyi

မုံ႐ြာၿမိဳ႕မွာ မီးသတ္ေရသယ္ယာဥ္နဲ႔ အျခားယာဥ္သုံးစီး ဆင့္တိုက္မႈျဖစ္ပြား

မံုရြာ၊ မတ္ ၂၈-၂၀၂၀
ရန္ႏိုင္စိုး(VOM)

မုံ႐ြာၿမိဳ႕အဝင္က ဆီဆိုင္တစ္ဆိုင္ေရွ႕မွာ ဒီကေန႔ေန႔လယ္ပိုင္းက မီးသတ္ေရသည္ယာဥ္နဲ႔ ယာဥ္သုံးဆင့္တိုက္မႈ ျဖစ္ပ‌ြားခဲ့ပါတယ္။

မုံ႐ြာၿမိဳ႕အဝင္ Denko စက္သုံးဆီဆိုင္ကေန ဆီထည့္ၿပီးထြက္လာတဲ့ Light Truckကားနဲ႔ မအူေက်း႐ြာအနီးကဆီဆိုင္တစ္ဆိုင္ မီးေလာင္ရာကေန မီးျငွိမ္းသတ္ၿပီးျပန္လာတဲ့ ၿမိဳ႕မိၿမိဳ႕ဖပိုင္ ဟ‌ီးႏိုးအမ်ိဳးစား မီးသတ္ေရသယ္ယာဥ္တို႔ ေဘးတိုက္ထိေတြ႕တိုက္မိရာမွ ယာဥ္တုိက္မွဳျဖစ္ပြားခဲ့တယ္လုိ႔ ယာဥ္ထိန္းရဲတပ္ဖြဲ႕ကေန သိရပါတယ္။

” Light Truck ကားက ဆီထည့္ၿပီး လမ္းေပၚျဖတ္တက္လာတာ။ ဟိုက မီးသတ္ကားကလည္း မီးျငွိမ္းၿပီး လမ္းေၾကာကေနေမာင္းလာေတာ့ တိုက္မိတယ္။ အရွိန္ေၾကာင့္ လည္ထြက္သြားၿပီး ဆိုင္ကယ္တစ္စင္း ခ်ိတ္မိတယ္။ အဲ့ဒီအခ်ိန္မွာ တဘက္လမ္းေၾကာကလာတဲ့ ၆ ဘီးကားနဲ႔ တဆင့္ျပန္တိုက္မိတာ မီးသတ္ကားက ေျမာင္းထဲထိုးက်သြားတယ္ ” လို႔ မုံ႐ြာၿမိဳ႕နယ္ ယာဥ္ထိန္းတပ္ဖြဲ႕မွ ရဲမႈးကိုကိုႏိုင္ကေျပာပါတယ္။

ယာဥ္တိုက္မႈေၾကာင့္ လူ ၅ ဦး ထိခုိက္ဒါဏ္ရာအသီးသီးရရွိခဲ့တဲ့အတြက္ မုံ႐ြာျပည္သူ႔ေဆး႐ုံမွာ ကုသမႈခံယူေနတာျဖစ္ျပီး လူမူကြန္ယက္စာမ်က္ႏွာမွာေတာ့ လူတစ္ဦးေသဆံုးတဲ့ဆုိတာကေတာ့ မဟုတ္ဘူးလို႔ သိရပါတယ္။

အခုယာဥ္တိုက္မႈနဲ႔ပတ္သတ္ၿပီး အေရးယူမႈအပိုင္းကိုေတာ့ ဆက္လက္စစ္ေဆးေဆာင္႐ြက္ေနတယ္လို႔ ယာဥ္ထိန္းတပ္ဖြဲ႕ကေန သိရပါတယ္။

#VOM #voiceofmyanmar #မံုရြာ #မီးသတ္ေရသယ္ယာဥ္ #ယာဥ္သံုးစီးဆင့္တုိက္

Related posts

Leave a Comment

VOM News

FREE
VIEW